သီပေါမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံနှစ်ဦးသေဆုံး
သီပေါ၊ ဩဂုတ် ၂၁ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံနှစ်ဦးသေဆုံးပြီး ဓာတ်ဆီသိုလှောင်ကန် မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၁၈ ရက်နေ့က သီပေါမြို့ရှိ စစ်ကောင်စီရဲ့ ခလရ ၂၃ တပ်ရင်းအနီးရှိ နာမုံရပ်ကွက်ကို စစ်ကောင်စီလေတပ်မှ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံအမျိုးသားနှစ်ဦး သေ ဆုံးခဲ့တယ်လို့ ဆိုပါတယ်။…