August 28, 2024

စစ်အာဏာသိမ်း (၁၃၀၅) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၅၇၇) ဦးအထိရှိလာ

မော်လမြိုင်၊ သြဂုတ် ၂၈ AAPP ရဲ့ သြဂုတ် ၂၈ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၃၀၅) ရက်အတွင်း ပြည်သူ (၅၅၇၇) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၂၆၈) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၄၆၅) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

မွန်ပြည်နယ်ထွက် မတ်ပဲနဲ့ပဲပုပ် ဈေးတက်လာ

မော်လမြိုင်၊ ဩဂုတ် ၂၉ မွန်ပြည်နယ်က ထွက်ရှိနေတဲ့ မတ်ပဲနဲ့ ပဲပုပ်တွေဟာ ဈေးကွက်အတွင်း ဝယ်လိုအား မြင့်တက်လာတာကြောင့် ဆက်တိုက်ဆိုသလို ဈေးနှုန်းမြင့်တက်လာတယ်လို့ ပဲကုန်သည်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပဲဈေးကွက်အတွင်း မတ်ပဲတွေကို အိန္ဒိယနိုင်ငံက မှာယူတင်သွင်းမှု များနေသလို ပဲပုပ်တွေကိုတော့ ဒေသတွင်း မွေးမြူရေးအစာ ထုတ်လုပ်တဲ့စက်ရုံတွေက ဝယ်ယူမှုများနေတာကြောင့် ဈေးနှုန်း မြင့်တက်လာတာပါ။ မတ်ပဲဈေးနှုန်းဟာ သြဂုတ်လအတွင်း ပိဿာ…

စစ်ကိုင်းတိုင်းမှာ အခုနှစ်အတွင်း အကြမ်းဖက်မှုတွေကြောင့် အရပ်သား ၅၀၀ နီးပါး သေဆုံး

စစ်ကိုင်း ၊ ဩဂုတ် ၂၉ ၂၀၂၄ ခုနှစ် ဇန်နဝါရီကနေ ဇူလိုင်အထိ အကြမ်းဖက်မှုဖြစ်စဉ်တွေကြောင့် စစ်ကိုင်းတိုင်းထဲမှာ အရပ်သား ၄၉၉ ဦး သေဆုံးခဲ့ရပြီး ၄၆၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သုတေသနအဖွဲ့ဖြစ်တဲ့ Data for Myanmar ရဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။ သေဆုံးမှုရဲ့ ၉၅ ရာခိုင်နှုန်းဟာ အရပ်သားတွေကို ပစ်မှတ်ထားသတ်ဖြတ်တာတွေ၊လက်နက်ကြီး၊ဒရုန်း၊မိုင်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ဖြစ်ပြီး…

ပုလောက စစ်ကောင်စီတပ်စခန်း နှစ်ခု တိုက်ခိုက်ခံရ

ပုလော၊ ဩဂုတ် ၂၉ တနင်္သာရီတိုင်း ပုလောမြို့နယ် မီးလောင်ချောင်းကျေးရွာ စခန်းနဲ့ ရှပ်ပုံကျေးရွာမှာ ဝင်ရောက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းထံက သိရပါတယ်။ မီးလောင်ချောင်းကျေးရွာ တပ်စခန်းနဲ့ ရှပ်ပုံကျေးရွာမှာ အင်အား ၆၀ ဝန်းကျင်နဲ့ လာရောက်တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကို ဩဂုတ် ၂၇…

သံဖြူဇရပ်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး သေဆုံး

သံဖြူဇရပ်၊ ဩဂုတ် ၂၉ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် အတွင်းစခန်းကြီးကျေးရွာနဲ့ ဝဲတော်သင်္ချိုင်းအကြားမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ညိုစစ်ကြောင်းက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၂၆ ရက်နေ့က သံဖြူဇရပ်မြို့နယ် ဝဲကလိတပ်ရင်းကနေ အင်အား ၆၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက သတင်းအရ သွားရောက်စောင့်ကြိုတိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုကြောင့်…

တတိယကမ္ဘာစစ် ဖြစ်လာနိုင်တယ်လို့ ရုရှား သတိပေး

မော်စကို၊ သြဂုတ် ၂၈ ဒုံးကျည်တွေနဲ့ သူတို့နိုင်ငံထဲသို့ ယူကရိန်းကို ဝင်ရောက် တိုက်ခိုက်ခွင့်ပြုတဲ့ အနောက်တိုင်းရဲ့ လုပ်ရပ်ဟာ မီးနဲ့ ကစားနေတာ ဖြစ်တယ်လို့ ရုရှားက ပြောကြားလိုက်ပြီး တတိယကမ္ဘာစစ် ဖြစ်လာရင် ဥရောပ တိုက်တစ်တိုက်တည်းမှာပဲ စစ်ပွဲတွေ ဖြစ်မှာမဟုတ်ဘူးလို့ အမေရိကန်ကို သတိပေးလိုက်ပါတယ်။ ရုရှား အနောက်ပိုင်း ကာ့စ်ဒေသကို ယူကရိန်းက သြဂုတ် ၆ ရက်က…

ဒေါ်နယ်ထရန့်ကို စွဲချက်တင်ဖို့ အမေရိကန် အစိုးရရှေ့နေတွေ ထပ်မံ ကြိုးပမ်း

ဝါရှင်တန်၊ သြဂုတ် ၂၈ သမ္မတဟောင်းတွေမှာ ရာဇဝတ်မှုဆိုင်ရာ စွဲချက်တင်ခံရတဲ့ အခြေအနေကနေ ကင်းလွတ်ခွင့်ရှိကြောင်း အမေရိကန် တရားရုံးချုပ်က ဆုံးဖြတ်ခဲ့ပြီးနောက် ဖက်ဒရယ် အစိုးရရှေ့နေတွေက ဒေါ်နယ်ထရန့်အနေနဲ့ သူ ရှုံးနိမ့်ခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်တွေကို တရားမဝင် ပြောင်းလဲဖို့ ကြိုးပမ်းမှုနဲ့ ပြန်လည် စွဲချက်တင်ရေး ကြိုးပမ်းနေပြီ ဖြစ်ပါတယ်။ အမေရိကန် အထူးကောင်စီ ဂျက်စမစ်နဲ့ အဖွဲ့က…

Dawei Watch သတင်းထောက် နှစ်ဦး ထောင်ဒဏ်တစ်သက်နဲ့နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရ

မြိတ်၊ ဩဂုတ် ၂၈ Dawei Watch သတင်းဌာနရဲ့ မြိတ်မြို့ အခြေစိုက် သတင်းထောက် နှစ်ဦးကို စစ်ကောင်စီက ထောင်ဒဏ်တစ်သက်နဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်တယ်လို့ သတင်းဌာနဘက်က သြဂုတ် ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ သတင်းရေးသားမှု အကြောင်းပြချက်နဲ့ ဖမ်းဆီးသွားတဲ့ Dawei Watch သတင်းထောက် ကိုမျိုးမြင့်ဦးကို ထောင်ဒဏ်တစ်သက်တစ်ကျွန်း၊ သတင်းထောက် ကိုအောင်ဆန်းဦးကို ထောင်ဒဏ်…

ရေးအခြေစိုက်တပ်က စစ်မှုထမ်း သင်တန်းဆင်း တပ်သားတစ်ဦး PDF ထံ အလင်းဝင်

ရေး၊ ဩဂုတ် ၂၈ မွန်ပြည်နယ် ရေးမြို့နယ်အခြေစိုက် အမှတ် ၅၈၇ ခြေမြန်တပ်ရင်းမှ စစ်ကောင်စီရဲ့ စစ်မှုထမ်း သင်တန်းဆင်း တပ်သားတစ်ဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ဆက်သွယ်အလင်းဝင်လာတယ်လို့ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းထံကနေ သိရပါတယ်။ အလင်းဝင်လာတဲ့ အသက် ၂၀ ကျော်အရွယ် ကိုဇိုးဟာ ပြီးခဲ့တဲ့ ဧပြီလက စစ်ကောင်စီတပ်နဲ့ လက်ဝေခံ အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းဥပဒေနဲ့…

ရခိုင်ပြည်နယ်ကို စစ်ကောင်စီ လက်လွှတ်ရတော့မယ်လို့ နိုင်ငံတကာ ပဋိပက္ခ အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြ

စင်ကာပူ ဩဂုတ် ၂၈ အသစ်ထွက်ရှိလာတဲ့ အစီရင်ခံစာတစ်ခုအရ မြန်မာစစ်တပ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ အနောက်ဘက်အကျဆုံး ရခိုင်ပြည်နယ်ကနေ နှင်ထုတ်ခံရတော့မယ့် အနေအထားကို ရောက်ရှိနေပြီလို့ ဖော်ပြထားပါတယ်။ ဒါဟာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ နိုင်ငံတဝန်းက အရပ်သားတွေရဲ့အကျပ်အတည်းတွေ ပြန်ဖြစ်လာခဲ့ပြီးချိန်ကတည်းကဆိုရင် စစ်ရေးအရ အကြီးမားဆုံး ဆုံးရှုံးမှုလို့ သတ်မှတ်ရမှာဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ပုဒ်မှာ ဖော်ပြပါတယ်။…