August 27, 2024

စစ်အာဏာသိမ်း (၁၃၀၄) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၅၇၀) ဦးအထိရှိလာ

မော်လမြိုင်၊ သြဂုတ် ၂၈ AAPP ရဲ့ သြဂုတ် ၂၇ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၃၀၄) ရက်အတွင်း ပြည်သူ (၅၅၇၀) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၂၅၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၄၆၅) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

မွန်က ရေကြီးနစ်မြုပ်ခဲ့တဲ့ စပါးတွေအတွက် စစ်ကောင်စီ လက်တွေ့ကူညီတာ မရှိဘူးလို့ တောင်သူတွေ ပြော

မော်လမြိုင်၊ ဩဂုတ် ၂၈ မွန်ပြည်နယ်မှာ ရေကြီးနစ်မြှုပ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ စပါးတွေအတွက် မျိုးစပါး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပေမယ့် လက်တွေ့မှာ ကူညီရရှိမှု မရှိဘူးလို့ တောင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အခုနှစ်မိုးစပါးရာသီအတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးခဲ့တဲ့ မိုးစပါးစိုက်ဧကတွေအတွက် စစ်ကောင်စီခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဦးဆောင်ပြီး သြဂုတ် ၂၆ ရက်နေ့က မော်လမြိုင်မြို့ရှိ…

စစ်ကောင်စီရဲ့ ပြည်သူ့လုံခြုံရေးအစီအစဉ် တော်လှန်ရေးအဖွဲ့တွေ ဘယ်လိုတုံ့ပြန်မလဲ

နေပြည်‌တော်၊ ဩဂုတ် ၂၈ တိုက်ပွဲတွေမှာ အရေးနိမ့်မှုတွေ ဆက်တိုက်ကြုံနေရတဲ့ စစ်ကောင်စီဟာ နယ်မြေလုံခြုံရေးစနစ်တွေ တည်ဆောက်ဖို့ အသက် ၃၅ နှစ်အထက် အမျိုးသားတွေကို လုံခြုံရေးကင်းစောင့်ခိုင်းမယ့်အစီအစဉ် စတင်လာပါတယ်။ ဩဂုတ် ၁၆ ရက်နေ့မှာ စစ်ကောင်စီဖွဲ့စည်းခဲ့တဲ့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိပ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့ကနေ တိုင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်နဲ့ ရပ်ကွက်ကျေးရွာအုပ်စုအထိ အဖွဲ့ဝင်တွေ စု‌ဆောင်းနေတာပါ။ မွန်ပြည်တော်လှန်ရေးတပ်…

မောင်တောတိုက်ပွဲအတွင်း စစ်သုံ့ပန်းအများအပြား ဖမ်းမိထားတယ်လို့ AA ပြော

မောင်တော၊ သြဂုတ် ၂၈ ရခိုင်ပြည်နယ် မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း စစ်သုံ့ပန်း အများအပြား ဖမ်းဆီးရမိထားပြီး ရန်သူအလောင်း ၁၀၀ ကျော်ကိုလည်း ကောင်းမွန်စွာ မြေမြှုပ်ပေးခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က အသိပေးထုတ်ပြန်ပါတယ်။ ရက္ခိုင့်တပ်တော် AA ဟာ မောင်တောမြို့သိမ်းတိုက်ပွဲအား ဆက်လက်ဆင်နွှဲလျက်ရှိပြီး မြို့အတွင်းမှာလည်း တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ သြဂုတ် ၂၄…

ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာမှာ ကျောင်းသားတွေ ကျောင်းပြန်တက်ဖို့ ဖိအားပေးခံနေရ

မကွေး ဩဂုတ် ၂၇ မကွေးတိုင်း ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာရှိ စာသင်ကျောင်းမှာကျောင်းသားတွေကို ကျောင်းပြန်တက်ဖို့ ဆရာ၊ဆရာမတွေက အတင်းအကြပ် ဖိအားပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စာမေးပွဲအတွက် လေ့ကျင့်ဖို့စာတွေကို ကျောင်းတက်နိုင်တဲ့ကျောင်းသားတွေကို ပေးနေပြီဖြစ်ပြီး ကျောင်းမတက်နိုင်တဲ့ကျောင်းသားတွေကိုတော့ စာမေးပွဲဖြေခွင့်မပေးဘူးလို့ သိရပါတယ်။ “အခုကျောင်းမှာ စာမေးပွဲအတွက် စာတွေကိုပေးနေပြီ။ ကလေးတွေကကျောင်းမတက်ကြဘူး။ သူတို့နဲ့ နီးစပ်တဲ့သူတွေပဲ တက်ကြတာပေါ့။ကျောင်းမတက်ရင် စာမေးပွဲ​​မဖြေရဘူးလို့ ပြောတယ်”လို့ ကျောင်းသားမိဘတစ်ဦးက…

တရုတ်ကို တားဆီးဖို့ ကမ်းတက်ယာဉ်ဖျက် ဒုံးကျည်တွေနဲ့ ထိုင်ဝမ် စစ်ရေး လေ့ကျင့်

တိုင်ပေ၊ သြဂုတ် ၂၇ တရုတ်ရဲ့ တိုက်ခိုက်မှုကို တားဆီးရေး ကြိုးပမ်းမှု တစ်ရပ်အဖြစ် ထိုင်ဝမ်စစ်တပ်က လျင်မြန်စွာ လှုပ်ရှားနိုင်မှုနဲ့ ထိခိုက်မှု အများဆုံး ဖြစ်စေရေး ဗျူဟာ တစ်စိတ်တစ်ပိုင်းအနေနဲ့ ဩဂုတ် ၂၆ ရက်မှာ ကမ်းတက်ယာဉ် တိုက်ဖျက်ရေး ဒုံးကျည်တွေနဲ့ စစ်ရေး လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်တဲ့ ထိုင်ဝမ်ဟာ မိမိတို့ နယ်မြေ…

မြန်မာနိုင်ငံအတွက် လူသားချင်း စာနာရေးအကူအညီ ဘတ် ၉ သန်း ထိုင်း ထပ်မံလှူဒါန်း

ဘန်ကောက်၊ သြဂုတ် ၂၇ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့မှာ ကျင်းပခဲ့တဲ့ ၅၇ ကြိမ်မြောက် အာဆီယံဝန်ကြီးများအဆင့် အစည်းအဝေးမှာ ယာယီ နိုင်ငံခြားရေးဝန်ကြီး မာရစ် ကတိပေးခဲ့တဲ့အတိုင်း ထိုင်းအစိုးရက မြန်မာနိုင်ငံအတွက် ဘတ် ၉ သန်း တန်ဖိုးရှိတဲ့ လူသားချင်း စာနာထောက်ထားရေး အကူအညီကို သြဂုတ် ၂၆ ရက်မှာ ထပ်မံလှူဒါန်းလိုက်ပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် အက်ဆီရီ…

သီပေါမြို့မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား နှစ်ဦး ထပ်မံသေဆုံး

သီပေါ၊ သြဂုတ်၂၇ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား နှစ်ဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က သတင်းထုတ်ပြန်ပါတယ်။ ဒီနေ့ သြဂုတ် ၂၇ ရက်နေ့ မနက် ၂ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်က ပြည်သူလူထုတွေ အိပ်မောကျနေတဲ့အချိန် Y -12 လေယာဉ်နဲ့ ဗုံးအလုံး ၅၀…

ဘီးလင်းမှာ လက်နက်ကြီးကျလို့ ကလေးငယ် တစ်ဦးအပါအဝင် နှစ်ဦးဒဏ်ရာရ

ဘီးလင်း၊ ဩဂုတ် ၂၇ မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ် တစ်ဦးအပါအဝင် အရပ်သားပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၂၆ ရက်နေ့ နေ့လယ် ၁ နာရီအချိန်ခန့်က ဘီးလင်းတောင်ပေါ်မှာ တပ်စွဲထားတဲ့ အမှတ် ၈ ခြေလျင်တပ်ရင်းကနေ တိုက်ပွဲမရှိဘဲ…

KNU နယ်မြေမှာ စစ်တပ်လက်နက်ကြီးကြောင့် ဦးဇင်းတစ်ပါး ပျံလွန်ပြီး ခြောက်ဦး ဒဏ်ရာရ

မုန်း၊ သြဂုတ် ၂၇ ပဲခူးတိုင်း မုန်းမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဦးဇင်းတစ်ပါး ပျံလွန်တော်မူခဲ့ပြီး ကိုရင်တစ်ပါးအပါအဝင် ကျောင်းသူ၊ကျောင်းသား ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက သြဂုတ် ၂၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက်နေ့က KNU မုန်းမြို့နယ် လိပ်ပေါက်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA…