ဘေဂျင်း၊ သြဂုတ် ၂၆

လုံခြုံရေးနဲ့ တည်ငြိမ်မှု ထိန်းသိမ်းဖို့ မြန်မာနယ်စပ်အနီးမှာ စစ်တပ်၊ လေကြောင်းနဲ့ မြေပြင် ရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့တွေ ကင်းလှည့် စောင့်ကြည့်မှုတွေ လုပ်ဆောင်ခဲ့ကြောင်း တရုတ် စစ်တပ်က သြဂုတ် ၂၆ ရက်မှာ ပြောကြားခဲ့ပါတယ်။

အဲဒီ ကင်းလှည့်မှုတွေအတွင်း ရူအီလီ၊ ချန်ကန်းတို့အပြင် မြန်မာနယ်စပ်နဲ့ ထိစပ်နေတဲ့ အခြားဒေသတွေကို အဓိကထား ကင်းလှည့်ခဲ့တယ်လို့ တရုတ် စစ်တပ်က ကြေညာချက် တစ်ရပ်မှာ ဖော်ပြထားပါတယ်။

တရုတ် ပြည်သူ့လွတ်မြောက်တပ်ရဲ့ တောင်ပိုင်း တပ်မဌာနချုပ်က တပ်ဖွဲ့ဝင်တွေရဲ့ အလျင်အမြန် လှုပ်ရှားနိုင်မှု၊ ပိတ်ဆို့ ထိန်းချုပ်နိုင်မှု၊အတူတကွ တိုက်ခိုက်နိုင်မှု စွမ်းရည်တွေကို စမ်းသပ်ဖို့နဲ့ နယ်စပ်ဒေသ လုံခြုံရေး၊ တည်ငြိမ်မှု ထိန်းသိမ်းရေး အတွက် ဆောင်ရွက်ခဲ့ကြောင်း စစ်တပ်က ပြောပါတယ်။

စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားနေချိန်မှာ တရုတ်နိုင်ငံထဲကို လက်နက်ကြီးကျည်တွေ ကျရောက် ပေါက်ကွဲပြီး လူတွေ ထိခိုက်ဒဏ်ရာရခဲ့သလို အဆောက်အဦတွေလည်း ပျက်စီးခဲ့ရပါတယ်။

ဒီလို အခြေအနေကြောင့် မြန်မာနယ်စပ်အနီးမှာ တရုတ်စစ်တပ်က စစ်ရေး လေ့ကျင့်မှုတွေ ထပ်မံလုပ်ဆောင်သွားဦးမှာ ဖြစ်တယ်လို့ တရုတ်ဘက်က ပြောကြားပါတယ်။

FILE PHOTO: A member of Bamar People’s Liberation Army (BPLA) stands guard in territory belonging to the Karen National Liberation Army (KNLA), in Karen State, Myanmar, February 18, 2024. REUTERS/Stringer/File Photo

မကြာသေးခင်က တရုတ်စစ်တပ်ဟာ မြန်မာနယ်စပ်အနီးမှာ လက်တွေ့ပစ်ခတ်တဲ့ စစ်ရေး လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။

မြန်မာပဋိပက္ခကြောင့် နှစ်နိုင်ငံနယ်စပ် တည်ငြိမ်ရေးနဲ့ လူမှုရေးအရ စီစဉ်တကျရှိမှုအပေါ် အနုတ်သဘော သက်ရောက်မှုတွေ ဖြစ်စေတယ်လို့ တရုတ်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု ပြန်လည် ရရှိရေး ပေးထားတဲ့ ကတိအတိုင်း တရုတ်က ဆက်လက် ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မကြာသေးခင်က ပြောထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.