သရက်ချောင်း၊ ဩဂုတ် ၁၅
တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် မြိတ်-ထားဝယ်ကားလမ်းရှိ ပိန်းတောနဲ့ပန်းပြင်ကျေးရွာအ ကြားမှာ စစ်ကောင်စီစစ်ကြောင်း မိုင်းခွဲတိုက်ခိုက်ခံရတာကြောင့် ၆ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်တယ်လို့ တော်လှန်ရေးအင်အားစုထံကနေ သိရပါတယ်။
သြဂုတ် ၁၄ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်မှာ သရက်ချောင်းဘက်ကနေ ထားဝယ်ဘက်ခြမ်းကို တပ်အင်အား ၃၀ ကျော်နဲ့ ခြေလျင်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးအင် အားစုပူးပေါင်းတပ်ဖွဲ့တွေက မိုင်းခွဲတိုက်ခိုက်ခဲ့တာပါ။
မိုင်းဆွဲတိုက်ခိုက်ပြီးနောက် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု မိနစ်အနည်းငယ်ကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၆ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်ကြောင်းနဲ့ ဒဏ်ရာရသူတွေကို ဟိုက်ဂျက်ကားတွေနဲ့ ထားဝယ်ဘက်ကို သယ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
ဒေသတော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ပြောပြချက်အရ မိုင်းဆွဲခံရတဲ့ စစ်ကောင်စီစစ်ကြောင်း သရက်နှစ်ခွ စစ်ဆေးရေးဂိတ်ထံ လာပူးပေါင်းတဲ့ တပ်ဖွဲ့ဝင်တွေဖြစ်ပြီး အဲဒီဖြစ်စဉ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ လောက်သာ ဆက်လက်ထွက်ခွာသွားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်နေ့ကလည်း သရက်ချောင်းမြို့နယ် ထားဝယ်-မြိတ်ကားလမ်းပေါ်မှာ အိမ်စီးကားနဲ့လာတဲ့ ရဲနဲ့ပျူစောထီးအဖွဲ့ဝင်တွေ ပစ်ခတ်ခံရတာကြောင့် ပျူစောထီးအဖွဲ့ဝင် တစ်ဦး သေ ဆုံးပြီး ရဲအုပ်ဇနီးဖြစ်သူ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Tanintharyi ရဲ့ အစီရင်ခံစာအရ ပြီးခဲ့တဲ့ဇူလိုင်လအတွင်း တနင်္သာရီ တိုင်းမှာ ထိတွေ့တိုက်ပွဲ ၂၈ ကြိမ်၊ မိုင်းဆွဲတိုက်ခိုက်မှု ၉ ကြိမ်၊ လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ရှိခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media