မော်လမြိုင် ၊ ဩဂုတ် ၁၀

မွန်ပြည်နယ် တည်ငြိမ်အေးချမ်းစေဖို့နဲ့ စစ်ကောင်စီတပ်သားတွေ ဘေးကင်းစေဖို့အတွက်ဆိုပြီး စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဦးဆောင်ကာ မော်လမြိုင်မြို့မှာ အ သံမစဲမဟာပဋ္ဌာန်းပွဲ ထပ်မံကျင်းပနေတယ်လို့ သိရပါတယ်။

အသံမစဲ မဟာပဋ္ဌာန်းပွဲကိုတော့ မွန်ပြည်နယ် မော်လမြိုင်မြို့ လှိုင်ရပ်ကွက်ရှိ ကျိုက်သလ္လံစေတီတော်ရဲ့ ပဋ္ဌာန်းဓမ္မာရုံမှာ ဩဂုတ် ၇ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ၉ ရက်ကြာ ကျင်းပပြုလုပ်နေတာပါ။

ဒီပဋ္ဌာန်းပွဲဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အခြေစိုက်အရှေ့ မြောက်တိုင်းစစ်ဌာနချုပ် ကျဆုံးပြီးနောက် ပဋ္ဌာန်းပွဲပြုလုပ်ဖို့ ဦးအောင်ကြည်သိန်းက ညွှန်ကြားလာတာလို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

ဒါ့အပြင် မွန်ပြည်နယ်အတွင်းမှာလည်း ရှမ်းပြည်နယ်မြောက်ပိုင်းလို တိုက်ပွဲတွေ မပြင်းထန်အောင်နဲ့ စစ်ကောင်စီတပ်သားတွေ ကျဆုံးမှုနည်းပြီး လက်ရှိအနေအထားအတိုင်း တည်ငြိမ်အေးချမ်းမှု ရှိအောင်ဆိုပြီး အန္တရာယ်ကင်း အသံမစဲမဟာပဋ္ဌာန်းပွဲ ပြုလုပ်နေတာလို့ ဆိုပါတယ်။

စစ်ကောင်စီခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းဟာ ပြီးခဲ့တဲ့နှစ်ကလည်း စစ်ကောင် စီတပ်သားတွေ ဘေးကင်းစေဖို့အတွက်ဆိုပြီး အသံမစဲ ဥပ္ပါတသန္တိ ပါဠိတော် ရွတ်ဖတ်ပူဇော်ပွဲကို ဒီဇင်ဘာ ၁၈ ရက်နေ့ကနေ ဇန်နဝါရီ ၅ ရက်နေ့အထိ ၁၈ ရက် တိုင်တိုင် ပြုလုပ်ခဲ့ပါသေးတယ်။

မွန်ပြည်နယ်မှာတော့ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ကျိုက်မရော၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား မကြာခဏဆိုသလို ထိတွေ့တိုက်ပွဲတွေ ဖြစ် ပွားနေပြီး စစ်ကောင်စီဘက်က အထိနာနေတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.