ဘန်ကောက်၊ သြဂုတ် ၇

လူကြိုက်များတဲ့ အတိုက်အခံ Move Forward ပါတီကို ဖျက်သိမ်းရေး ထိုင်းဖွဲ့စည်းပုံအခြေခံ ဥပဒေတရားရုံးက သြဂုတ် ၇ ရက်မှာ ညွှန်ကြားလိုက်ပါတယ်။

ဘုရင့်နန်းတော်ကို မဝေဖန်ရဘူးလို့ တားမြစ်ထားတဲ့ နန်းတော်စော်ကားမှုဆိုင်ရာဥပဒေ ပြင်ဆင်ရေး ကြိုးပမ်းမှုနဲ့ ပတ်သက်လို့ တရားရုံးက ပါတီဖျက်သိမ်းဖို့ အမိန့်ချမှတ်တာ ဖြစ်ပါတယ်။

Move Forward ပါတီရဲ့ ဥပဒေပြင်ဆင်ရေး ကြိုးပမ်းမှုဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မညီဘဲ ဘု ရင်ကို နိုင်ငံ့ခေါင်းဆောင်အဖြစ် သတ်မှတ်ထားတဲ့ ထိုင်းအုပ်ချုပ်ရေးစနစ်ကို အားလျော့အောင် လုပ်ဆောင်မှုဖြစ်တယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

တရားရုံးဆုံးဖြတ်ချက် ထွက်မလာခင် ပါတီခေါင်းဆောင်ဟောင်းဖိထာက မိမိတို့ပါတီကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် ထိုင်းနိုင်ငံရေး မတည်မငြိမ်ဖြစ်လာနိုင်ပြီး ကြီးမားတဲ့ ဆန္ဒပြပွဲတွေ ဖြစ်လာနိုင်တယ်လို့ သတိပေးထားခဲ့ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.