ပုလော၊ ဩဂုတ် ၆

တနင်္သာရီတိုင်း ပုလောမြို့နယ် ပဝတ်ကုန်းကျေးရွာအနီးမှာ ရဟန်းအယောင်ဆောင်ထားတဲ့ ခရီသွား စစ် ကောင်စီတပ်သားတစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ တောကြီးမြွေဟောက်တပ်ဖွဲ့ထံက သိရပါတယ်။

ဒေသအခြေစိုက်လှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ တောကြီးမြွေဟောက်တပ်ဖွဲ့မှ ရဲဘော်တွေဟာ ပဝတ်ကုန်းကျေးရွာအနီး ပတ်ဝန်းကျင်မှာ လမ်းပိုင်းလုံခြုံရေးစစ်ဆေးနေစဉ် ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

သင်္ကန်းအဝတ်ဖြင့် ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်သားဟာ တပ်သားမောင်ထွေးဖြစ်ပြီး ဆက်လက်စိစစ်မေး မြန်းရာ မြိတ်အခြေစိုက် ခလရ ၁၀၁ တပ်ရင်း ဖြစ်ကာ တာဝန်ထမ်းဆောင်နေသည်မှာ သုံးနှစ်ရှိဖြစ်တယ်လို့ ထုန်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြိတ်မြို့မှ ထားဝယ်ဘက်ကိုလာတဲ့ ခရီးသည်ကားတစ်စီးပေါ်မှာ ရဟန်းအယောင်ဆောင်ပြီး လိုက်ပါလာတဲ့ အဲ့ဒီ စစ်ကောင်စီတပ်သားကို ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်နေ့ မနက်ပိုင်းက မြိတ်-ပုလောလမ်းပိုင်းက ပဝတ်ကုန်း ကျေးရွာအနီးမှာ ဖမ်းဆီးရမိခဲ့တာပါ။

လက်ရှိမှာ စစ်ကောင်စီတပ်သား မောင်ထွေးကို လိုအပ်တဲ့ စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်ရန်အတွက် စစ်သုံ့ပန်း ဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ တောကြီးမြွေဟောက်တပ်ဖွဲ့က အသိပေးထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကလည်း မြိတ်အခြေစိုက် အမှတ် ၉၁၈ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းနဲ့ ခမရ ၄၃၃ တပ်ရင်းမှ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားနှစ်ဦးကို မြိတ်-ထားဝယ်ကားလမ်းပိုင်းမှာ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – တောကြီးမြွေဟောက်တပ်ဖွဲ့

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.