August 6, 2024

စစ်အာဏာသိမ်း (၁၂၈၃) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၄၈၀) ဦးအထိရှိလာ

မော်လမြိုင်၊ သြဂုတ် ၇ AAPP ရဲ့ သြဂုတ် ၆ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၈၃) ရက်အတွင်း ပြည်သူ (၅၄၈၀) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံaခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၁၅၆) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၄၄၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

စစ်ရှုံးပြီး အရူးမီးဝိုင်းနေတဲ့ စစ်ခေါင်းဆောင်

စစ်ရှုံးပြီး အရူးမီးဝိုင်းနေတဲ့ စစ်ခေါင်းဆောင် နေပြည်တော် ၊ ဩဂုတ် ၇ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ခုခံတော်လှန်မှုထိုးစစ်တွေကို နိုင်ငံအနှံ့အပြားမှာ ဝိုင်းရံတိုက်ခိုက်ခံနေရတဲ့ စစ်ခေါင်းဆောင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO တွေနဲ့ ပြည်ပနိုင်ငံတ ချို့ကို စွပ်စွဲအပြစ်ဖို့ပါတယ်။ မြန်မာစစ်တပ်ရဲ့ အစဉ်အလာကြီးခဲ့တဲ့ ရှမ်းမြောက်ရှိ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာ နချုပ် အရေးနိမ့်ခဲ့ရပြီးချိန်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လူလုံးထွက်ပြပြီး လုံခြုံရေးဆိုင်ရာမိန့်ခွန်းမှာ…

မော်လမြိုင်မှာ လုံခြုံရေးအတွက် စစ်ကောင်စီ နေ့စားခေါ်ယူအသုံးပြုလာ

မော်လမြိုင် ၊ ဩဂုတ် ၇ စစ်ကောင်စီ နယ်မြေအပြည့်အဝ ထိန်းချုပ်ထားတဲ့ မွန်ပြည်နယ်ရဲ့ မြို့တော် မော်လမြိုင်မြို့မှာ လုံ ခြုံရေးအတွက် ဒေသတွင်းက လူငယ်တွေကို နေ့စားအငှား ခေါ်ယူအသုံးပြုလာတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နိုင်ငံအနှံ့ ခုခံတော်လှန်စစ်တိုက်ပွဲတွေမှာ ထိခိုက်သေဆုံးမှု များပြားလာတာ၊ လက်နက်ချအညံ့ခံမှုတွေကြောင့် တပ်အင်အားပြုန်းတီးလာတဲ့ စစ်ကောင်စီဟာ နယ်မြေတည်ငြိမ်တဲ့ ဒေသတွေမှာ လုံ ခြုံရေးအတွက်…

ရေဖြူမှာ စစ်ကောင်စီစစ်ဆေးရေးဂိတ်နှစ်ခု တိုက်ခိုက်ခံရ

ရေဖြူ၊ ဩဂုတ် ၇ တနင်္သာရီတိုင်း ရေဖြူမြို့နယ်ရှိ စစ်ကောင်စီရဲ့ ရေဖြူတံတားဂိတ်နဲ့ဘုရားမဲစစ်ဆေးရေးဂိတ်တို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPPDF က ဩဂုတ် ၅ ရက်နေ့မှာ သတင်းထုတ် ပြန်ပါတယ်။ အဲဒီစစ်ဆေးရေးဂိတ်နှစ်ခုကို ပြီးခဲ့တဲ့ သြဂုတ် ၁ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အ လစ်ငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ ဘုရားမဲဂိတ်ကို စနိုက်ပါနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရေဖြူတံတားဂိတ်ကိုတော့ လက်…

ပလတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံး

ပုလော၊ ဩဂုတ် ၇ တနင်္သာရီတိုင်း ပုလောမြို့နယ် ပလမြို့ရဲစခန်းအနီး ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင် စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၅ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်မှာ ပလမြို့ရဲစခန်းနဲ့ အဲဒီအရှေ့မှာရှိတဲ့…

မြိုင်မြို့နယ်မှာ စစ်ကောင်စီရဲ့ ရဲကင်းစခန်း တစ်ခု တိုက်ခိုက်သိမ်းပိုက်ခံရ

မကွေး၊ ဩဂုတ် ၆ မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ရဲကင်းစခန်းတစ်ခုနဲ့ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရရှိခဲ့တဲ့အပြင် စစ်ကောင်စီဘက်က ၃ ဦးသေဆုံးခဲ့တယ်လို့ People Democratic Army (PDO/PDA) ထံကသိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၃ ရက်မှာ မြိုင်မြို့နယ်က ကိုင်းတောမစခန်းနဲ့ ရေစက်ကုန်းရဲကင်းတို့ကို တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲအတွင်း ရေစက်ကုန်းရဲကင်းကို…

အီရတ်ရှိ အမေရိကန် လေတပ်စခန်း တိုက်ခိုက်ခံရ

အယ်လ်အာဆတ်၊ သြဂုတ် ၆ အီရတ်ရှိ အမေရိကန် စစ်အခြေစိုက်စခန်း တစ်ခု ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် အမေရိကန်စစ်မှုထမ်း အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း အရာရှိတွေက ပြောကြားခဲ့ပါတယ်။ ဟားမာ့စ်နဲ့ ဟစ်ဇ်ဘိုလာ အဖွဲ့ အကြီးတန်း ခေါင်းဆောင်တွေ သတ်ဖြတ်ခံရပြီးနောက် အရှေ့အလယ်ပိုင်းဒေသဟာ အရေးကြီးတဲ့ အချိန် အခိုက်အတန့်မှာ ရောက်ရှိနေပြီလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်က…

မြန်မာရွှေ့ပြောင်းလုပ်သားတွေအပေါ် စစ်ကောင်စီ ထိန်းချုပ်မှု တားဆီးပေးဖို့ ထိုင်းကို NUG တောင်းဆို

ဘန်ကောက်၊ သြဂုတ် ၆ ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်း အလုပ်သမားအရေး စီမံခန့်ခွဲရာမှာ စစ်ကောင်စီကို ချန်လှပ်ထားရေး အမျိုးသားညီညွတ်ရေး အစိုးရ NUG က ထိုင်းအစိုးရထံ တောင်းဆိုလိုက်ပါတယ်။ စစ်ကောင်စီဟာ သူတို့ အာဏာ ဖက်တွယ်ထားမှု ရှည်ကြာစေရေး ရွှေ့ပြောင်းအလုပ်သမားတွေ အပေါ် မတရားသဖြင့် အခွန်တွေ ကောက်နေတယ်လို့ NUG က ပြောပါတယ်။ ထိုင်းမှာ မြန်မာနိုင်ငံက…

ထားဝယ် မောင်မယ်ရှောင်ရွာကို စစ်ကောင်စီတပ်မီးထပ်ရှို့နေ

ထားဝယ်၊ ဩဂုတ် ၆ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာရှိ ဒေသခံနေအိမ်တွေကို သြဂုတ် ၅ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ် ထပ်မံမီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၄ ရက်နေ့က မောင်မယ်ရှောင်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ပြည်သူ့ကာ ကွယ်ရေး ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၄ ဦးထက်မနည်း…

ပုလောမှာ ရဟန်းအယောင်ဆောင်ထားတဲ့ စစ်ကောင်စီတပ် သားတစ်ဦး ဖမ်းဆီးရမိ

ပုလော၊ ဩဂုတ် ၆ တနင်္သာရီတိုင်း ပုလောမြို့နယ် ပဝတ်ကုန်းကျေးရွာအနီးမှာ ရဟန်းအယောင်ဆောင်ထားတဲ့ ခရီသွား စစ် ကောင်စီတပ်သားတစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ တောကြီးမြွေဟောက်တပ်ဖွဲ့ထံက သိရပါတယ်။ ဒေသအခြေစိုက်လှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ တောကြီးမြွေဟောက်တပ်ဖွဲ့မှ ရဲဘော်တွေဟာ ပဝတ်ကုန်းကျေးရွာအနီး ပတ်ဝန်းကျင်မှာ လမ်းပိုင်းလုံခြုံရေးစစ်ဆေးနေစဉ် ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ သင်္ကန်းအဝတ်ဖြင့် ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်သားဟာ တပ်သားမောင်ထွေးဖြစ်ပြီး ဆက်လက်စိစစ်မေး မြန်းရာ မြိတ်အခြေစိုက် ခလရ…