July 2024

အာဆီယံအစည်းအဝေးမှာ နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့ မြန်မာကိုယ်စားလှယ် တက်ရောက်ခွင့် အမေရိကန် ထောက်ခံ

ဝါရှင်တန်၊ ဇူလိုင် ၂၃ အခုသီတင်းပတ်အတွင်း လာအိုနိုင်ငံ ဗီယက်ကျန်းမြို့မှာ ကျင်းပနေတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ နိုင်ငံရေးနဲ့ မပတ်သက်တဲ့ မြန်မာကိုယ်စားလှယ် တက်ရောက်ခွင့်ကို ထောက်ခံကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထိပ်တန်းအရာရှိ တစ်ဦးက ပြောကြားခဲ့ပါတယ်။ လာမယ့် ဇူလိုင် ၂၄ ရက်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ဟာ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခအပါအဝင်…

လောင်းလုံးမှာ သပိတ်ကော်မတီဝင်တစ်ဦး နေအိမ်မီးရှို့ခံရ

လောင်းလုံး၊ ဇူလိုင် ၂၃ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ပြင်ကျောင်းကျေးရွာက ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ် ရှားမှု သပိတ်ကော်မတီဝင်တစ်ဦးနေအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့သွားတယ်လို့ အဲဒီသပိတ်ကော်မတီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ မနေ့ ဇူလိုင် ၂၂ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်မှာ မြခပတ်ကျေးရွာကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ပြင်ကျောင်းကျေးရွာက သပိတ်ကော်မတီဝင် ရဲဘော်ဆူနာမီရဲ့ နေအိမ်ကို ဝင်ရောက်မီးရှို့သွားတာပါ။ ရဲဘော်…

မိုးကုတ်စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးသေဆုံး

မိုးကုတ်၊ ဇူလိုင် ၂၃ မန္တလေးတိုင်း မိုးကုတ်မြို့နယ် ပန်မထိပ်ကျေးရွာအနီးနဲ့ အကျဉ်းထောင်ရှိ စစ်ကောင်စီတပ်စခန်းတွေ တိုက်ခိုက်သိမ်းပိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးသေဆုံးခဲ့တယ်လို့ TNLA က ဇူလိုင် ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ မိုးကုတ်မြို့နယ် အရှေ့ပိုင်း ပန်မထိပ်ကျေးရွာနဲ့ အကျဉ်းထောင်ရှိ စစ်ကောင်စီတပ်စခန်းတွေကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်တော် TNLA နဲ့ PDF (မိုးကုတ်ဗျူဟာ) ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာ…

သိမ်ဇရပ်မှာ စစ်ကောင်စီနဲ့ KNLA/PDF ပူးပေါင်းတပ် တိုက် ပွဲဖြစ်ပွားနေ

သိမ်ဇရပ်၊ ဇူလိုင် ၂၃ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့အနီးမှာ ဇူလိုင် ၂၃ ရက်နေ့ မနက်ပိုင်းကစပြီး စစ်ကောင် စီတပ်နဲ့ KNLA/PDF ပူးပေါင်းတပ်တို့ကြား တိုက်ပွဲနှစ်နေရာ ဖြစ်ပွားခဲ့တယ်လို့ တော်လှန်ရေးအင် အားစုပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတွေထံက သိရပါတယ်။ အဲဒီတိုက်ပွဲတွေဟာ KNU ကျိုက်ထိုမြို့နယ်ကနေ စစ်ကြောင်းပြန်ဆုတ်လာတဲ့ စစ်ကောင်စီတပ်ကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုအဖွဲ့တွေက သိမ်ဇရပ်မြို့ ကျောက်တန်းလေးကျေး…

မန္တလေး PDF သိမ်းပိုက်ထားတဲ့ စဉ့်ကူးမြို့ကို ပြန်သိမ်းနိုင်ပြီလို့ စစ်တပ်သတင်းမှားဖြန့်

အမှန်/အမှား ++++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့” စဉ်ကူးမြို့ကို စစ်ကောင်စီတပ်က ပြန်သိမ်းပိုက်လိုက်တယ်”ဆိုပြီး စစ်တပ်လော်ဘီချန်နယ်တွေက ဖြန့်ချီနေတဲ့အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်တပ်ထိန်းချုပ်ထားတဲ့ MRTV နဲ့ MOI အပါအဝင် စစ်…

စစ်အာဏာသိမ်း (၁၂၆၈) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၄၁၄) ဦးအထိရှိလာ

မော်လမြိုင်၊ ဇူလိုင် ၂၃ AAPP ရဲ့ ဇူလိုင် ၂၂ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၆၈) ရက်အတွင်း ပြည်သူ (၅၄၁၄) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၀၈၉) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၃၀၉) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

မျက်ဖြူဆိုက်နေတဲ့ စစ်ကောင်စီက ထောက်ခံသူတွေကိုအ သုံးချပြီး တော်လှန်ရေး EAO တွေအပေါ် အပြစ်ဖို့ ဝါဒဖြန့်

ရန်ကုန် ၊ ဇူလိုင် ၂၃ အာဏာသိမ်းမှု သုံးနှစ်ခွဲကျော်လာချိန် စစ်ရေး၊ နိုင်ငံရေးတွေမှာ အကျပ်ဆိုင်လာတဲ့ စစ်ကောင်စီက သူ့ကိုထောက်နေတဲ့ နိုင်ငံရေးပါတီတချို့နဲ့ ပုဂ္ဂိုလ်တချို့ကိုအသုံးချပြီး တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ EAO တွေကို အပြစ်ဖို့ ဝါဒဖြန့်တာတွေ လုပ်ဆောင်နေပါတယ်။ စစ်ကောင်စီ သတင်းထုတ်ပြန်ချက်အရ ပြည်တွင်းပစ်ခတ်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဖက်ဒရယ်လား/ အကြမ်းဖက်လားဆိုတဲ့ ခေါင်းစဉ်နဲ့ ဇူလိုင် ၂၁ ရက်နေ့က ရန်ကုန်မြို့…

နိုင်ငံရေးအကျဉ်းသားတွေ ဆက်တိုက်ထောင်ပြောင်းခံနေရ

ရန်ကုန်၊ ဇူလိုင် ၂၃ နိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေမှာ အကျဉ်းချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက ထောင်ပြောင်းတာတွေ ဆက်တိုက်လုပ်ဆောင်လာတယ်လို့ မြန်မာနိုင်ငံလုံးဆိုင် ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံကနေ သိရပါတယ်။ စစ်ကောင်စီဟာ ဇူလိုင် ၂၁ ရက်နေ့က ရန်ကုန်တိုင်း အင်းစိန်ဗဟိုအကျဉ်းထောင်မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားနဲ့ အကျဉ်းသူ ၂၆၀ ကို နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ပဲခူးတိုင်း ဒိုက်ဦးထောင်နဲ့ သာယာဝတီအကျဉ်းထောင်ကို…

စစ်ခေါ‌င်းဆောင် ယာယီသမ္မတအဖြစ် တာဝန်ပေးခန့်အပ်ခံရတယ်လို့ စစ်ကောင်စီကြေညာ

နေပြည်တော် ၊ ဇူလိုင် ၂၂ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်‌တွေအတွက် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ယာယီသမ္မတအဖြစ် တာဝန်ပေးအပ်ခံရတယ်လို့ စစ်ကောင်စီက ဒီကနေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ သတင်းထုတ်ပြန်ချက်အရ ယာယီသမ္မတ ဦးမြင့်ဆွေဟာ လက်ရှိကျန်းမာရေးအခြေအနေအရ ဆေးခွင့်ယူပြီး ဆေးကုသမှုခံနေရတာပါ။ ဒီအခြေအနေကြောင့် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဆိုင်ရာ ကိစ္စရပ်တွေကို လိုအပ်သလို ဆက်လုပ်နိုင်ဖို့ ဦးမြင့်ဆွေ တာဝန်လစ်ဟင်းနေစဉ်ကာလမှာ…

တနင်္သာရီမှာ စစ်ကြောင်းထိုးနေလို့ ဒေသခံထောင်ချီ ထွက် ပြေးနေရ

တနင်္သာရီ၊ ဇူလိုင် ၂၃ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် လယ်သစ်ရွာဘက်ကို စစ်ကောင်စီတပ် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံထောင်နဲ့ချီ ထွက်ပြေးနေရတယ်လို့ စစ်ရှောင်ပြည်သူတွေထံက သိရပါတယ်။ တပ်အင်အား ၂၀၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်နေ့ကစလို့ ကျွန်းစုမြို့ နယ်ကနေ တနင်္သာရီမြို့နယ် လယ်သစ်ရွာဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်တာပါ။ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ…