July 2024

နိုင်ငံခြားသားများအတွက် အန္တရာယ်အရှိဆုံးမြို့စာရင်းမှာ ရန်ကုန်မြို့ တတိယနေရာတွင် ရပ်တည်

ရန်ကုန်၊ ဇူလိုင် ၂၅ မကြာသေးခင်တုန်းက Forbes Advisor ကနေ ထုတ်ပြန်တဲ့ဆောင်းပါးတစ်ခုမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ရန်ကုန်ဟာ နိုင်ငံခြားသားများအတွက် အန္တရာယ်အရှိဆုံးမြို့ ၆၀ စာရင်းထဲ တတိယနေရာမှာရပ်တည်နေတာကိုတွေ့ရပါတယ်။ အခုလိုမျိုး အန္တရာယ်အရှိဆုံးမြို့စာရင်းကိုတော့ ခရီးသွားလာတဲ့နေရာမှာ ဘေးကင်းမှု၊ ရာဇဝတ်မှု အန္တရာယ်၊ ကိုယ်ရေးကိုယ်တာ လုံခြုံရေးအန္တရာယ်၊ ကျန်းမာရေးရာ လုံခြုံရေးအန္တရာယ်နဲ့ အခြေခံအဆောက်အအုံ လုံခြုံရေးအန္တရာယ်၊ သဘာဝဘေး အန္တရာယ်၊…

စစ်အာဏာသိမ်း (၁၂၇၀) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၄၄၀) ဦးအထိရှိလာ

မော်လမြိုင်၊ ဇူလိုင် ၂၅ AAPP ရဲ့ ဇူလိုင် ၂၄ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၇၀) ရက်အတွင်း ပြည်သူ (၅၄၄၀) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၀၉၉) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၃၁၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

မော်လမြိုင်မှာ ပြည်သူ့စစ်အဖွဲ့ထဲဝင်ဖို့ လိုက်လံစည်းရုံးမှုတွေရှိနေ

မော်လမြိုင်၊ ဇူလိုင် ၂၅ အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ တွေဟာ မော်လမြိုင်မြို့အပါအဝင် ဒေ သတွင်းရှိလူငယ်တွေကို သူတို့ရဲ့ ပြည်သူ့စစ်အဖွဲ့ထဲ ဝင်ရောက်ဖို့ လိုက်လံစည်းရုံးမှုတွေ လုပ် ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ လက်ရှိ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တွေက လူငယ်တွေကို သူတို့ရဲ့ ပြည်သူ့စစ်အဖွဲ့ထဲ ဝင်မယ်ဆိုပါက လစာကောင်းကောင်းရရှိမှာဖြစ်သလို ယူနီဖောင်းနဲ့ လက်နက်တွေလည်း…

ရွာသစ်ဘုရားကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို မွန်ပြည်သစ် AD ပူးပေါင်းတပ်ဝင်တိုက်

ရေး၊ ဇူလိုင် ၂၅ မွန်ပြည်နယ် ရေးမြို့နယ် မော့ကနင်ရွာသစ်ကျေးရွာ ဘုရားကုန်းပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းကို မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP AD ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဇူလိုင် ၂၃ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်က တပ်အင်အား ၁၀၀ ဝန်းကျင်နဲ့ ကုန်းပေါ်ရွာသစ်စေတီမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို မွန်ပြည်သစ်ပါတီ…

ဖာပွန်ဗျူဟာကုန်းကို KNLA ပူးပေါင်းတပ် ဆက်လက်ပိတ်ဆို့တိုက်ခိုက်နေ

ဖာပွန်၊ ဇူလိုင် ၂၅ ကရင်ပြည်နယ် ဖာပွန်မြို့တောင်ဘက်ရှိ စစ်ကောင်စီတပ်ရဲ့ ဗျူဟာကုန်းကို KNLA တပ်မဟာ ၅ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဆက်လက်ဝိုင်းရံပိတ်ဆို့တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ဘက်ကလည်း တပ်ကူပေးဖို့ ကြိုးစားနေတယ်လို့ တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီးစောကလယ်ဒိုက သံ လွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လပိုင်းကစပြီး ဖာပွန်မြို့ တောင်ဘက်ခြမ်းရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ်စခန်းနဲ့ ဗျူဟာကုန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA…

ကျိုက်ထိုမှာ စစ်တပ်လက်နက်ကြီးကျလို့ အရပ်သားခြောက်ဦးသေဆုံး ၁၂ ဦးဒဏ်ရာရ

ကျိုက်ထို၊ ဇူလိုင် ၂၅ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ပျဉ်းကတိုးကုန်းကျေးရွာမှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူ ခြောက်ဦးသေဆုံးပြီး ၁၂ ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင် ပြောခွင့်ရ ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဇူလိုင် ၂၃ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ ကျိုက်ထိုအခြေစိုက် စစ်ကောင်စီရဲ့…

အာဏာသိမ်းမှုထောက်ခံတဲ့ ပြည်သူ့အင်အားပါတီကို စစ်ကောင်စီ မှတ်ပုံတင်ခွင့်မပေး

နေပြည်တော် ၊ ဇူလိုင် ၂၄ ပါတီဆက်လက်တည်ထောင်ခွင့်အတွက် မှတ်ပုံတင်ခွင့် လျှောက်ထားတဲ့ ပြည်သူ့အင်အားပါတီကို စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင် UEC က ငြင်းပယ်လိုက်တယ်လို့ ဇူလိုင် ၂၂ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။ ပြည်သူ့အင်အားပါတီဟာ စစ်ကောင်စီပြဌာန်းခဲ့တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၅ အရ ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားတဲ့အပေါ် ပုဒ်မ ၆ ပါ ပြဌာန်းချက်တွေနဲ့ ညီညွတ်ခြင်းမရှိတာကြောင့်လို့…

ရုရှားစစ်တပ် အနောက်တိုင်းကို ဦးတည်လာနေပြီလို့ ဂျာမနီ သတိပေး

ဘာလင်၊ ဇူလိုင် ၂၄ ရုရှားရဲ့ စစ်အင်အား တည်ဆောက်မှု အန္တရာယ် ပိုများလာနေပြီလို့ ဂျာမနီ ကာကွယ်ရေးဦးစီးချုပ် ကာစတန် ဘရီအာက သတိပေးပြောကြားလိုက်ပါတယ်။ ရုရှား စစ်တပ်ဟာ အနောက်တိုင်းဆီကို ဦးတည်လာနေပြီဆိုတာ ကျွန်တော်တို့ လေ့လာ တွေ့ရှိထားပါတယ်လို့ ကာကွယ်ရေးဦးစီးချုပ် ဘရီအာက ပြောကြားခဲ့ပါတယ်။ မော်စကိုတပ်တွေအနေနဲ့ လာမယ့် ငါးနှစ်ကနေ ရှစ်နှစ်အတွင်းမှာ နေတိုး မဟာမိတ်အဖွဲ့ဝင်နိုင်ငံတွေကို တိုက်ခိုက်နိုင်ရေး…

စစ်ပွဲအတွက် သုံးနှစ်အတွင်း အသင့်ဖြစ်နေရမယ်လို့ ဗြိတိန်စစ်ဦးစီးချုပ် ပြော

လန်ဒန်၊ ဇူလိုင် ၂၄ ယူကရိန်းကို ကူညီတဲ့အတွက် အနောက်တိုင်းကို ရုရှားက လက်စားပြန်ချေဖို့ ကြိုးစားလာနိုင်တာကြောင့် ဗြိတိန်အနေနဲ့ ကြီးမားတဲ့ စစ်ပွဲအတွက် သုံးနှစ်အတွင်း အဆင်သင့် ဖြစ်နေရမယ်လို့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဆာ ရိုလီ ဝေါ်လ်ကာ က ပြောကြားလိုက်ပါတယ်။ ဗြိတိန်စစ်တပ်အနေနဲ့ ရန်သူတွေကို အမြစ်ပြတ်ရှင်းလင်းနိုင်ရေး ၂၀၂၇ ခုနှစ်မှာ စွမ်းရည် နှစ်ဆတိုးမြှင့်ပြီး ခေတ်မီအောင်…

ရေဖြူမှာ စစ်ကောင်စီတပ်သားတွေ စီးနင်းလာတဲ့ကား တိုက်ခိုက်ခံရပြီး လေးဦး သေဆုံး

ရေဖြူ၊ ဇူလိုင် ၂၄ တနင်္သာရီတိုင်း ရေဖြူမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ စီးနင်းလာတဲ့ကား ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်က အင်အား ၅ ဦးဝန်းကျင်နဲ့ ရေဖြူမြို့ပေါ်မှာ သွားလာနေတဲ့ စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က…