July 2024

စစ်အာဏာသိမ်း (၁၂၅၁) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၃၅၈) ဦးအထိရှိလာ

မော်လမြိုင်၊ ဇူလိုင် ၆ AAPP ရဲ့ ဇူလိုင် ၅ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၅၁) ရက်အတွင်း ပြည်သူ (၅၃၅၈) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၉၉၄) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၃၀၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

ဂျိုင်းမြစ်ဝှမ်းက နေရပ်ပြန်လာတဲ့ ဒေသခံအမျိုးသမီးတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိင်ပိုင်းဆိုင်ရာကျူးလွန်နေ

ကျိုက်မရော ၊ ဇူလိုင် ၆ မွန်နဲ့ကရင်ပြည်နယ်အစပ် ဂျိုင်းမြစ်ဝှမ်းဒေသအတွင်း ဝင်ရောက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နေရပ်ပြန်ဒေသခံအမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေ ရှိနေတယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC က ဇူလိုင် ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။ ထုတ်ပြန်ချက်အရ တိုက်ပွဲတွေ ပြန်လည်ငြိမ်သက်လာပြီးနောက်ပိုင်း နေရပ်ပြန် ဒေသခံအမျိုးသမီးတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ညအချိန်မတော် အိမ်တံခါးတွေခေါက်ပြီး လိုက်လံနှောင့် ယှက်နေတဲ့အပြင် လမ်းသွားလမ်းလာတွေကို စစ်ဆေးကာ…

ကျိုက်မရောမြို့နယ် ပျားတောင်ဒေသမှာ နှစ်ဖက်စစ်ရေး ပိုမိုတင်းမာနေ

ကျိုက်မရော၊ ဇူလိုင် ၆ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပျားတောင်ဒေသမှာ စစ်ကောင်စီတပ်ဘက်က အင်အားတိုးချဲ့လာတာ၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် နှစ်ဖက်စစ်ရေး ပိုမိုတင်းမာလာတယ်လို့ မွန်ပြည်သစ်ပါ တီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP AD ထံကနေ သိရပါတယ်။ တင်အင်အား ၂၀၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇွန်လနောက်ဆုံးအပတ်ကစလို့ ပျားတောင်ဒေသဖြစ်တဲ့ ကော့ဒွန်း၊ ကော့ပနော၊ ကော့ဝမ်း၊ ကွမ်ငန်း၊ မယ်ကရို၊…

ကျိုက်ထိုမှာ PDF စွပ်စွဲချက်နဲ့ ဒေသခံအမျိုးသားတစ်ဦး ဖမ်းဆီးခံရ

ကျိုက်ထို၊ ဇူလိုင် ၆ မွန်ပြည်နယ် ကျိုက်ထိုမြို့ တောင်သူစုရပ်ကွက် ကြက်တူရွေးလက်ဖက်ရည်ဆိုင်အနီးမှာ စစ်ကောင် စီတပ်က ဒေသခံအမျိုးသားတစ်ဦးကို PDF စွပ်စွဲချက်နဲ့ လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၄ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်က ဖက္ကလိပ်ကျေးရွာနေ ကိုမြတ်သူကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကြက်တူရွေးလက်ဖက် ရည်ဆိုင်အနီးမှာ အင်အားအလုံးအရင်းနဲ့…

အောင်ဇေယျစစ်ဆင်ရေးကို အစွမ်းကုန်ရိုက်ချိုးသွားမယ်လို့ KNLA ကြေညာ

မြဝတီ၊ ဇူလိုင် ၆ စစ်ကောင်စီတပ်ရဲ့ အောင်ဇေယျစစ်ဆင်ရေးကို အစွမ်းကုန်ရိုက်ချိုးသွားမှာဖြစ်ပြီး အောင်ဇေယျစစ်ဆင်ရေးနဲ့အတူ ရှေ့တန်းကိုရောက်ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ လက်နက်လာရောက်အပ်နှံကြဖို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဗဟိုက ဇူလိုင် ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ မိမိဆန္ဒမပါဘဲ စစ်တပ်ထဲ အတင်းအဓမ္မသွပ်သွင်းခံရပြီး အကြပ်ကိုင်ခိုင်းစေမှုကြောင့် အောင်ဇေယျစစ်ဆင်ရေး ရှေ့တန်းတစ်နေရာမှာ ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ နိုင်ငံ တကာဥပဒေစံနှုန်းနဲ့အညီ အသက်ရှင်သန်ခွင့်ရလိုပါက KNLA ထံ…

လားရှိုးမှာ လက်နက်ကြီးကျလို့ အရပ်သားခြောက်ဦး ထပ်မံသေဆုံး

လားရှိုး၊ ဇူလိုင် ၅ ရှမ်းပြည်နယ်မြောက်ပိုင်း လာရှိုးမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် သားအမိနှစ်ဦးအပါအဝင် အရပ်သားခြောက်ဦး သေဆုံးခဲ့ပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။ မနေ့ ဇူလိုင် ၄ ရက်နေ့ မနက် ၇ နာရီအချိန်ခန့်ကစပြီး လာရှိုးမြို့ပေါ်ရပ်ကွက်တွေကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA က…

တောင်တရုတ်ပင်လယ်ပြင်မှာ ထပ်ပြီးအကြမ်းဖက်ခံရရင် တိုက်ခိုက်သွားမယ်လို့ ဖိလစ်ပိုင် စစ်ဦးစီးချုပ် သတိပေး

မနီလာ၊ ဇူလိုင် ၅ အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်မှာ ဖိလစ်ပိုင်တပ်ဖွဲ့တွေ အနေနဲ့ တရုတ်ကမ်းခြေစောင့်တပ်ရဲ့ ထပ်မံ အကြမ်းဖက်တာခံရလို့ရှိရင် တူညီတဲ့အင်အားနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်သွားမှာ ဖြစ်ကြောင်း ဖိလစ်ပိုင် ကာကွယ်ရေးဦးစီးချုပ်က ဇူလိုင် ၄ ရက်မှာ ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့လက တောင်တရုတ်ပင်လယ်မှာ တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ဝင်တွေက ပုဆိန်တွေ၊ လှံချွန်တွေနဲ့ တိုက်ခိုက်မှုကြောင့် ဖိလစ်ပိုင် တပ်ဖွဲ့ဝင်တွေ ဒဏ်ရာရရှိခဲ့ပြီး ဖိလစ်ပိုင်…

ဗြိတိန်ရွေးကောက်ပွဲမှာ လေဘာပါတီ သောင်ပြိုကမ်းပြို အနိုင်ရ

လန်ဒန်၊ ဇူလိုင် ၅ ဗြိတိန်လွှတ်တော်ရွေးကောက်ပွဲမှာ လေဘာပါတီက မဲအပြတ်အသတ်နဲ့ အနိုင်ရပြီးနောက် ပါတီခေါင်းဆောင် ကီယာ စတာမာဟာ နိုင်ငံရဲ့ ဝန်ကြီးချုပ်အသစ် ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ လက်ရှိဝန်ကြီးချုပ် ရစ်ရှီ ဆွန်နက်ရဲ့ ကွန်ဆာဗေးတစ်ပါတီကတော့ သမိုင်းဝင် ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်ရတော့မှာလည်း ဖြစ်ပါတယ်။ လွှတ်တော်တွင်း အမတ်နေရာ ၆၅၀ နေရာရှိတဲ့အထဲက ဗဟို-လက်ဝဲ လေဘာပါတီဟာ အမတ်နေရာ ၄၁၀…

စစ်အာဏာသိမ်း (၁၂၅၀) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၃၅၁) ဦးအထိရှိလာ

မော်လမြိုင်၊ ဇူလိုင် ၅ AAPP ရဲ့ ဇူလိုင် ၄ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၅၀) ရက်အတွင်း ပြည်သူ (၅၃၅၁) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၉၈၄) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၂၈၆) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

အခွန်တိုးကောက်ဖို့ စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ်ညွှန်ကြား

မော်လမြိုင် ၊ ဇူလိုင် ၅ စစ်တပ်အာဏာသိမ်းမှုကြောင့် ပြည်သူတွေ ဆိုးဆိုးရွားရွား ကျပ်တည်းနေချိန်မှာ အခွန်တိုးကောက်ဖို့ စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ညွှန်ကြားလာပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်နေ့က မော်လမြိုင်မြို့ရှိ ပြည်နယ်အစိုးရရုံးမှာ ပြုလုပ်တဲ့ မွန်ပြည်နယ် အခွန် ကောက်ခံမှု အထောက်အကူပြုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ညွှန်ကြားခဲ့တာပါ။ စစ်ကောင်စီခန့် မွန်ပြည်နယ် ဝန်ကြီးချုပ်က ပြည်နယ်အတွင်းရှိ…