July 2024

စစ်ကောင်စီခွင့်ပြုထားတဲ့ ပါတီလေးခု တရုတ်ဖိတ်ကြားမှု မြန် မာ့အရေးဘာတွေဆွေးနွေးနိုင်လဲ

နေပြည်တော် ၊ ဇူလိုင် ၁၉ လာမယ့်ရက်ပိုင်းမှာ တရုတ်နိုင်ငံကို လာရောက်ဖို့ တရုတ်ကွန်မြူနစ်ပါတီက စစ်ကောင်စီခန့် ရွေး ကောက်ပွဲကော်မရှင်ကနေ မှတ်ပုံတင်ခွင့်ပြုထားတဲ့ နိုင်ငံရေးပါတီတွေထဲက ပါတီလေးခုကို ဖိတ် ကြားထားပါတယ်။ အဲဒီပါတီလေးခုမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ ပြည်သူ့ပါတီ၊ ရခိုင့်ဦးဆောင်ပါတီနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့ ဖြစ်ကြပြီး ဇူလိုင် ၂၀ ကနေ ၂၇ ရက်နေ့အထိ တ…

မွန်ပြည်နယ်မှာ ဆေးဝါးပစ္စည်းအများစု ဝယ်မရတဲ့အထိ ပြတ်လပ်လာ

မော်လမြိုင် ၊ ဇူလိုင် ၁၉ မွန်ပြည်နယ်အတွင်းရှိ ဆေးရုံ၊ ဆေးခန်းနဲ့ ဆေးဆိုင်အပါအဝင်ဆေးကုမ္ပဏီတွေမှာပါ ဆေးဝါးပစ္စည်းအများစု ဆိုးဆိုးရွားရွား ပြတ်လပ်လာတာကြောင့် ဆေးကုသဖို့ပင် အခက်အခဲရှိလာတယ်လို့ ဆရာဝန်တွေနဲ့ ဆေးဆိုင်လုပ်ငန်းရှင်တွေက ပြောပါတယ်။ ဒေသတွင်းမှာ ဆိုးဆိုးရွားရွား ပြတ်လပ်လာတဲ့ ဆေးဝါးတွေဟာ မဖြစ်မနေ အသုံးပြုနေရတဲ့ သွေး တိုး၊ ဆီးချိုဆေးတွေ၊ နှလုံးဆေး၊ ကျောက်ကပ်ဆေးအပါအဝင် တခြားသောက်ဆေးနဲ့ ထိုးဆေးတွေကအစ ဈေးကွက်အတွင်း…

အာဏာသိမ်းမှုအတွင်း NLD ပါတီဝင် ၁၅၀၀ ကျော် ဖမ်းဆီးခံထားရ

ရန်ကုန် ၊ ဇူလိုင် ၁၉ နိုင်ငံ့အာဏာကို စစ်ကောင်စီက မတရားသိမ်းယူထားတဲ့ သုံးနှစ်ခွဲအတွင်း နိုင်ငံတဝန်းရှိ အကျဉ်း ထောင်အသီးသီးမှာ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ပါတီဝင် ၁၅၀၀ ကျော်ရှိတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ထုတ်ပြန်ပါတယ်။ လတ်တလောမှာ အကျဉ်းထောင်တွေအတွင်း ပုဒ်မအမျိုးမျိုးတပ်ကာ နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အခြားအကျဉ်းသား၊ အကျဉ်းသူတွေအပေါ် ထောင်အာဏာပိုင်တွေက မတရားညှဉ်း ပန်းနှိပ်စက်မှုတွေ ပြုလုပ်နေတယ်လို့…

ရေးမြို့နယ်က ရေလုပ်ငန်းရှင်တွေကို တပင်ရွှေထီးစစ် ကြောင်းသတိပေး

ရေး၊ ဇူလိုင် ၁၉ မွန်ပြည်နယ် ရေးမြို့နယ်အတွင်းမှာ ရေလုပ်သားတွေအပေါ် ခေါင်းပုံဖြတ်အမြတ်ထုတ်တာ၊ နှိပ် စက်မှုရှိနေတဲ့ ရေလုပ်ငန်းရှင်တွေနဲ့ စာရင်းဒိုင်တွေကို အရေးယူသွားမယ်လို့ တပင်ရွှေထီးစစ် ကြောင်းက သတိပေးထုတ်ပြန်ထားပါတယ်။ ရေလုပ်ငန်းရှင်နဲ့စာရင်းဒိုင်၊ ဖောင်ဦးစီးတချို့ဟာ ဖောင်လုပ်သားတွေနဲ့ရေလုပ်သားတွေအပေါ် ရိုက်နှက်တာ၊ နှိပ်စက်တာ၊ လူသတ်အလောင်းဖျောက်တာတွေအထိ ကျူးလွန်နေကြသလို လုပ်အားခခေါင်းပုံဖြတ်တာ၊ အလုပ်ချိန်မတရားခိုင်းစေတာတွေ ရှိနေတာလို့ ဆိုပါတယ်။ ရေလုပ်သားတွေ ခေါင်းပုံဖြတ်နှိပ်စက်ခံရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး…

ဆောမှာ စစ်ကောင်စီအမြောက်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ တစ်ဦး သေဆုံး

မကွေး၊ ဇူလိုင် ၁၈ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်ရှိ ကျောက်ထုအမြောက်တပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ အနီးနားရှိ ကျေးရွာသား ဒေသခံတစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲဒီကျောက်ထုအမြောက်တပ်ကနေ ဇူလိုင် ၁၇ ရက်၊ ညပိုင်းမှာ ၁၂၀ မမ လက်နက်ကြီးကို အသုံးပြုပြီး တစ်ကြိမ်ကို သုံးလုံးနှုန်းနဲ့ အနောက်တောင်၊ အနောက်၊ အနောက်မြောက်ဘက်တွေကို ၁၇ ချက်ခန့်…

ဘင်္ဂလားဒေ့ချ်မှာ ကျောင်းသားတွေ ဆန္ဒပြမှုကြောင့် တက္ကသိုလ်နဲ့ကောလိပ်တွေ အကန့်အသတ်မရှိ ပိတ်

ဒါကာ၊ ဇူလိုင် ၁၈ ဘင်္ဂလားဒေ့ချ်နိုင်ငံမှာ အစိုးရ အလုပ်အကိုင်တွေအတွက် အချိုးကျစနစ်ကို ကန့်ကွက်တဲ့ ကျောင်းသားတွေရဲ့ ဆန္ဒပြပွဲဟာ အခုသီတင်းပတ်အတွင်းမှာပဲ ပဋိပက္ခအဖြစ် ပြောင်းလဲသွားရာကနေ လူ ၆ ဦး သေဆုံးခဲ့ရပြီးနောက် အစိုးရနဲ့ ပုဂ္ဂလိက တက္ကသိုလ်တွေ အားလုံးကို ဇူလိုင် ၁၇ ရက်ကစပြီး အကန့်အသတ် မရှိ ပိတ်ထားမှာ ဖြစ်ကြောင်း အစိုးရက ကြေညာထားပါတယ်။…

Move Forward ပါတီ ဖျက်သိမ်းရေး ထိုင်းဖွဲ့စည်းပုံတရားရုံး ဆုံးဖြတ်ချက်ချတော့မယ်

ဘန်ကောက်၊ ဇူလိုင် ၁၈ လွှတ်တော်ထဲမှာ အကြီးဆုံးပါတီနဲ့ အတိုက်အခံအုပ်စုဖြစ်တဲ့ Move Forward ပါတီ ဖျက်သိမ်းရေး တောင်းဆိုထားတဲ့ အမှုအတွက် သြဂုတ် ၇ ရက်မှာ ဆုံးဖြတ်ချက်ချသွားမယ်လို့ ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးက ဇူလိုင် ၁၇ ရက်မှာ ပြောကြားခဲ့ပါတယ်။ သြဇာကြီးမားတဲ့ ဘုရင့်နန်းတော်ကို မဝေဖန်ရဆိုပြီး တားမြစ်ထားတဲ့ ဥပဒေကို ပြင်ဆင်ရေး ကြိုးပမ်းမှုနဲ့…

ကရင်နီရိုးရာ ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းတွေ မပျောက် ပျက်အောင် ထိန်းသိမ်းထားတယ်လို့ IEC အသိပေး

လွိုင်ကော်၊ ဇူလိုင် ၁၈ ကရင်နီပြည်နယ် လွိုင်ကော်မြို့ ယဉ်ကျေးမှုပြတိုက်မှာရှိတဲ့ အဖိုးမဖြတ်နိုင်တဲ့ ကရင်နီရိုးရာ ရှေး ဟောင်းယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းတွေ မပျောက်ပျက်ရအောင် လုံခြုံစိတ်ချရတဲ့နေရာကို အ ရေးပေါ် ပြောင်းရွှေ့ထားတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ဇူလိုင် ၁၇ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့နှစ် နိုင်ဝင်ဘာလမှာ စတင်ခဲ့တဲ့ တစ်လေးလုံး စစ်ဆင်ရေးအတွင်း စစ်ကောင်စီရဲ့…

ကျောက်မဲနဲ့ လားရှိုးမှာ လက်နက်ကြီးကျလို့ အရပ်သားခြောက်ဦး ထပ်မံသေဆုံး

ကျောက်မဲ၊ ဇူလိုင် ၁၈ ရှမ်းပြည်နယ် ကျောက်မဲနဲ့ လားရှိုးမြို့နယ်တွေမှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် မိသားစုဝင်သုံးဦးအပါအဝင် အရပ်သားခြောက်ဦး သေဆုံးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဇူလိုင် ၁၇ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်နေ့က ကျောက်မဲမြို့ ခိုမုန်းသစ်စက်ဝန်းမှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျရောက်တာကြောင့် အမျိုးသမီးတစ်ဦးနဲ့…

ကျိုက်ထိုမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ် တိုက်ပွဲဖြစ်ပွားနေ

ကျိုက်ထို၊ ဇူလိုင် ၁၈ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ပိန္နဲကုန်းနဲ့ကျောက်ပုံကြီးကျေးရွာတို့မှာ ဒီနေ့ ဇူလိုင် ၁၈ ရက်နေ့ မနက်ကစပြီး စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့ထံက သိရပါတယ်။ အင်အား ၁၃၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဟာ စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ အုပ်ချုပ်နယ်မြေ ကျိုက်ထိုမြို့နယ်ထဲ…