July 2024

စဉ့်ကူးမြို့ကို မန္တလေး PDF အပြီးသတ်သိမ်းပိုက်

စဉ့်ကူး၊ ဇူလိုင် ၂၀ မန္တလေးတိုင်း စဉ်ကူးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းအားလုံးနဲ့ မြို့တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ဇူလိုင် ၂၀ ရက်နေ့မှာ တရား ဝင်ထုတ်ပြန်ပါတယ်။ စဉ့်ကူးမြို့ကို ဇူလိုင် ၁၇ ရက်နေ့ကတည်း အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး မန္တလေးတိုင်းအ တွင်း ပထမဆုံးသိမ်းပိုက်နိုင်ခဲ့တဲ့ မြို့အဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။ စဉ့်ကူးစစ်ဆင်ရေးအတွင်း စစ်သုံ့ပန်း အများအပြား ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းအမြောက် အမြား…

ကျိုက်မရောမှာ ဗုံးကြဲခံရလို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၂၀ ကျော် သေဆုံး

ကျိုက်မရော၊ ဇူလိုင် ၂၀ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ငပုအင်းကျေးရွာမှာ စစ်ကောင်စီတပ် လေယာဉ်နဲ့ဗုံးကြဲတိုက် ခိုက်မှုကြောင့် ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၂၀ ကျော် သေဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ဇူလိုင် ၁၉ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်မှာ ငပုအင်းကျေးရွာ ဘုန်းကြီး ကျောင်းနဲ့ လွှစင်ကုန်လမ်းဆုံကို တိုက်လေယာဉ်နဲ့…

ဂျိုင်းမြစ်ဒေသမှာ စစ်ကောင်စီ တပ်အင်အားတိုးချလာ

ကျိုက်မရော၊ ဇူလိုင် ၂၀ မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်အစပ်ဖြစ်တဲ့ ဂျိုင်းမြစ်တောင်ဘက် ရမ္မာဝတီကားလမ်းပေါ်ရှိ ကျေး ရွာတွေမှာ စစ်ကောင်စီဘက်က တပ်အင်အားတိုးမြှင့်ထားပြီး စစ်ရေးပြင်ဆင်မှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။ စစ်ကေင်စီတပ်ဟာ ဇူလိုင်ဒုတိယအပတ်ကစပြီး ရမ္မာဝတီကားလမ်းတစ်လျှောက်ရှိ ကော့သပ်၊ ကော့စွယ်၊ တရနာ၊ သံကလောင်၊ ဓမ္မသ၊ ကော့ဘိန်းစတဲ့ ကျေးရွာတွေနဲ့ စစ်ဆေးရေးဂိတ်တွေမှာ လုံခြုံရေးတိုးမြှင့်တာ၊ တပ်ဖွဲ့ဝင်အင်အား ထပ်တိုးတာတွေ လုပ်ဆောင်နေတာပါ။…

ဦးမြင့်ဆွေကျန်းမာရေးဆိုးရွားမှု စစ်ကောင်စီ ဘယ်ခြေလှမ်းလှမ်းမလဲ

နေပြည်တော် ၊ ဇူလိုင် ၂၀ စစ်ကောင်စီကို အသက်ဆက်ပေးနေတဲ့ အရေးပေါ်သက်တမ်းကုန်ဆုံးဖို့ ရက်သတ္တပတ်ကျော်သာကျန်ရှိတော့တဲ့အချိန်မှာ ယာယီသမ္မတအဖြစ် တင်မြှောက်ထားတဲ့ ဦးမြင့်ဆွေက ကျန်းမာရေးဆိုး ရွားလာနေပါတယ်။ ဦးမြင့်ဆွေဟာ ကျန်းမာရေးမကောင်းဘဲ အစားအသောက်နဲ့ နေ့စဉ်လှုပ်ရှားမှုကို မလုပ်ဆောင်နိုင်တာကြောင့် အထူးဆေးကုသမှုအဖွဲ့ရဲ့ အနီးကပ်ကျန်းမာရေးစောင့်ရှောက်မှုကို ခံယူနေတယ်လို့ စစ်‌ကောင်စီက ဇူလိုင် ၁၈ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ သူ့အနေနဲ့ အခုနှစ်ဆန်းပိုင်းကစပြီး လှုပ်ရှားရာမှာ တုန့်နှေးခြင်းနဲ့…

ကော့ကရိတ်မြောက်ပိုင်းဒေသမှာ နှစ်ဖက်စစ်ရေး ပိုမိုတင်းမာနေ

ကော့ကရိတ်၊ ဇူလိုင် ၂၀ ကရင်ပြည်နယ် ကော့ကရိတ်မြောက်ပိုင်းဒေသရှိ ကျေးရွာတွေထဲမှာ စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုတွေ ဆက်လက်ရှိနေတဲ့အတွက် တော်လှန်ရေးအင်အားစုအဖွဲ့တွေနဲ့ စစ်ရေးပိုမိုတင်းမာနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကနေ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ကော့ကရိတ်မြို့ကို ပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့ပြီးတဲ့နောက် ကော့ကရိတ်မြို့ မြောက်ပိုင်းက ဒေါနတောင်ပေါ်လမ်းဟောင်းနေရာနဲ့ မြပတိုင်ကျေးနယ်တွေထဲမှာ စစ်ရေးဝင်ရောက်လှုပ်ရှားမှုရှိလာခဲ့တာပါ။ အခုလ ဇူလိုင်လအတွင်းမှာလည်း စစ်ကောင်စီဘက်က တပ်အင်အားတွေ ထပ်မံဖြည့်ဆည်းလာနေတဲ့အတွက် ကော့ကရိတ်မြောက်ပိုင်းဂွင်မှာ စစ်ရေးတိုက်ပွဲတွေ မကြာခဏဖြစ်ပွားလျက်ရှိနေတယ်လို့ ဒေသခံတွေကနေ…

ခမောက်ကြီးက ဒေသခံနေအိမ် ၁၀ လုံးကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

ကော့သောင်း၊ ဇူလိုင် ၂၀ တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် ခမောက်ကြီးမြို့ထဲ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ ကျေးရွာနှစ်ရွာက ဒေသခံနေအိမ် ၁၀ လုံးကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ဇူလိုင် ဒုတိယအပတ်ကစပြီး ခမောက်ကြီးမြို့ရဲ့ မလိဝမ်းဒေသနဲ့ ရှမ်းကိုးရွာမာရမ်းဒေသထဲကို တင်အင်အား ၁၀၀ ဝန်းကျင်နဲ့ ကုန်းကြောင်း ရေကြောင်းပေါင်းပြီး စစ် ကြောင်းထိုး ဝင်ရောက်လာတာ…

ဥရောပကော်မရှင် အကြီးအကဲအဖြစ် ဒါလေယန် ထပ်မံရွေးချယ်ခံရ

စထရာဘောက်ဂ်၊ ဇူလိုင် ၁၉ ဥရောပကော်မရှင် ဥက္ကဌ အာဆလာ ဗွန် ဒါလေယန်ဟာ ဒုတိယမြောက် ရာထူးသက်တမ်း အတွက် ဇူလိုင် ၁၈ ရက်မှာ ရွေးကောက်ခံခဲ့ရပါတယ်။ ဗဟိုလက်ယာယိမ်း ဂျာမနီ ကာကွယ်ရေး ဝန်ကြီးဟောင်း ဗွန် ဒါလေယန်က ဥရောပတိုက်လုံး ဆိုင်ရာ ကာကွယ်ရေးသမဂ္ဂ ဖန်တီးမယ်လို့ ကတိပြုခဲ့ပြီး စက်မှုလုပ်ငန်းနဲ့ ပတ်သက်တဲ့ ဝန်ထုပ်ဝန်ပိုးတွေကို လျှော့ချပြီးတော့…

ထရန့် သမ္မတဖြစ်လာရင် ယူကရိန်းကို ပေးထားတဲ့ အမေရိကန် ကတိတွေ ပျက်ပြယ်သွားနိုင်

လန်ဒန်၊ ဇူလိုင် ၁၉ အမေရိကန်သမ္မတ အဖြစ် ဒေါ်နယ်ထရန့် ရွေးကောက်ခံရရင် သူ့နဲ့ အလုပ်တွဲလုပ်ရတာ ခက်ခဲမှာဖြစ်ပေမယ့် မိမိတို့ဟာ အလုပ်ကြိုးစားသူတွေ ဖြစ်တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြား လိုက်ပါတယ်။ လန်ဒန်မြို့မှာ ဘီဘီစီနဲ့ ပြုလုပ်ခဲ့တဲ့ အထူးတွေ့ဆုံမေးမြန်းမှု တစ်ခုမှာ သမ္မတ ဇီလန်စကီးက အမေရိကန်မှာ ဘယ်သူပဲ သမ္မတ ဖြစ်လာပါစေ လက်တွဲ…

အကြမ်းမဖက်တဲ့နည်းနဲ့ တော်လှန်နေကြတဲ့ CDM တွေကို စစ်ကောင်စီ ပြန်ခေါ်နေတာ ဘာကြောင့်လဲ။

“တချို့ CDM တွေက တော်လှန်တဲ့ ထောက်ပို့တွေရဲ့ လှုပ်ရှားမှုကို ဒီ ၃ နှစ်တာ ကာလအတွင်းမှာ သိထားတယ်။ ဒီလိုလူတွေကိုခက်ခဲတဲ့အချိန်မှာ ပြန်ခေါ်မယ်ဆိုရင် သူတို့အတွက် သတင်းအချက်အလက်ပြန်ရလာမယ်ဆိုတဲ့ ပုံစံမျိုးဖြစ်တယ်။ အရမ်းအန္တရာယ်များတယ်” – CDM ဗိုလ်ကြီး ဇင်ယော် အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းမဖက်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ပြီး အမည်ပျက်စာရင်း Black List သွင်းခံထားရတဲ့…

စစ်အာဏာသိမ်း (၁၂၆၄) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၄၀၅) ဦးအထိရှိလာ

မော်လမြိုင်၊ ဇူလိုင် ၁၉ AAPP ရဲ့ ဇူလိုင် ၁၈ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၆၄) ရက်အတွင်း ပြည်သူ (၅၄၀၅) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၀၈၅) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၃၀၉) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…