July 2024

သိမ်ဇရပ်ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် လက်နက်ကြီးပစ်လို့ အရပ်သားတစ်ဦးသေဆုံး နှစ်ဦးဒဏ်ရာရ

ကျိုက်ထို၊ ဇူလိုင် ၂၃ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ရှိ သိမ်ဇရပ်ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ သိမ်ဇရပ်ရဲစခန်းကို ဇူလိုင် ၂၂ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်မှာ တော်လှန်ရေးအင်အားစုပူး ပေါင်းတပ်ဖွဲ့ တွေက လက်နက်ကြီးခုနှစ်လုံးထက်မနည်း လာရောက်ပစ်ခတ်တိုက်ခိုက်သွားတာပါ။ အဲဒီတိုက်ခိုက်မှုပြီးနောက် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာစဉ်…

ဆင်ရွာရေတံခွန်မှာ အမျိုးသမီးငယ် တစ်ဦး ချော်ကျသေဆုံးမှု ဖြစ်ပွား

ပေါင်၊ ဇူလိုင် ၂၂ မွန်ပြည်နယ် ပေါင်မြို့နယ် ဆင်ရွာကျေးရွာရှိ ဆင်ရွာရေတံခွန်မှာ အမျိုးသမီးငယ် တစ်ဦး ချော်ကျသေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတွေထံကနေ သိရပါတယ်။ မနေ့ ဇူလိုင် ၂၁ ရက်နေ့ နေ့လယ်ပိုင်းက ဆင်ရွာရေတံခွန်ထံ အလည်လာကြတဲ့ အသက် ၁၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ ခြေချော်ပြီး ရေစီးထဲ မျောပါသွားပြီးနောက် ကျောက်တုံးကြားညှပ်ကာ…

ဘိုင်ဒန်ထက် ကာမယ်လာ ဟားရစ်ကို အလွယ်တကူ အနိုင်ယူနိုင်တယ်လို့ ထရန့် ကြွေးကြော်

ဝါရှင်တန်၊ ဇူလိုင် ၂၂ ရီပက်ဘလစ်ကန်ပါတီကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရန့်က လာမယ့် နိုဝင်ဘာလ သမ္မတ ရွေးကောက်ပွဲမှာ သူရင်ဆိုင်ရမယ့် ဒုသမ္မတ ကာမယ်လာ ဟားရစ်ဟာ လက်ရှိ သမ္မတ ဘိုင်ဒန်ထက် အနိုင်ယူရပိုလွယ်ကူလိမ့်မယ်လို့ ဇူလိုင် ၂၁ ရက်မှာ ပြောကြားလိုက်ပါတယ်။ ပါတီရဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းအဖြစ်ကနေ နုတ်ထွက်တော့မယ်လို့ ဒီမိုကရက်ပါတီ သမ္မတ ဂျိုး ဘိုင်ဒန်က ပြောကြားခဲ့ပြီးနောက်…

လာအိုမှာပြုလုပ်မယ့် အာဆီယံအစည်းအဝေး မြန်မာ့အရေး ဦးစားပေးဆွေးနွေးဖွယ်ရှိ

ဗီယက်ကျန်း၊ ဇူလိုင် ၂၂ အာဆီယံ အလှည့်ကျဥက္ကဌ လာအိုက ၂၇ ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို ဇူလိုင် ၂၂ ရက်ကစလို့ ဗီယန်ကျန်းမြို့မှာ စတင်ကျင်းပကြောင်း ကြေညာပါတယ်။ နိုင်ငံပေါင်း ၃၁ နိုင်ငံက တစ်ထောင်ကျော်ရှိတဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုပေါင်း ၂၅ ခု ပြုလုပ်သွားဖို့ စီစဉ်ထားတယ်လို့ လာအို နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်…

အမေရိကန်သမ္မတရွေးကောက်ပွဲမှ သမ္မတ ဂျိုးဘိုက်ဒန် နုတ်ထွက်

ဝါရှင်တန်၊ ဇူလိုင် ၂၂ လာမယ့် နိုဝင်ဘာလမှာ ကျင်းပတော့မယ့် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့်သူအဖြစ်ကနေ လက်ရှိသမ္မတ ဂျိုးဘိုင်ဒန် နုတ်ထွက်သွားပြီဖြစ်ပါတယ်။ သမ္မတ ဘိုင်ဒန်က “လက်ရှိသမ္မတသက်တမ်း ကျန်ရှိချိန်အတွင်းမှာ ကျနော့်ရဲ့တာဝန်တွေကို ဖြည့်ဆည်းဆောင်ရွက်ဖို့ အစွမ်းကုန် အာရုံစိုက်ဖို့နဲ့ နိုင်ငံနဲ့ ပါတီရဲ့ အကျိုးစီးပွားအတွက် နုတ်ထွက်လိုက်ခြင်းဖြစ်တယ်လို့ ယုံကြည်ပါတယ်” လို့ ဇူလိုင် ၂၁ ရက်မှာ ပြောဆိုခဲ့ပါတယ်။…

အာဏာသိမ်းမှုအတွင်း စစ်ကောင်စီရဲ့ အင်တာနက်ဖြတ်တောက်မှု ကြိမ်ရေ ၃၀၀ နီးပါးရှိလာ

မော်လမြိုင် ၊ ဇူလိုင် ၂၁ စစ်ကောင်စီ အာဏာသိမ်းယူချိန်ကစပြီး အခုလက်ရှိအချိန်အထိ သူတို့ရဲ့ တိုက်ရိုက်ညွှန်ကြားမှုကြောင့် မြန်မာနိုင်ငံတဝန်းမှာ အင်တာနက်ဖြတ်တောက်မှု ကြိမ်ရေ ၃၀၀ နီးပါး ရှိလာတယ်လို့ Myanmar Internet Project က အစီရင်ခံစာထုတ်ပြန်ပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အင်တာနက်ဖြတ်တောက်တာ၊ ဖြတ်တောက်စေလိုတဲ့ နေရာတွေကို ကန့်သတ်တာ၊ အချိန်ကန့်သတ်တာ၊ အင်တာနက်မြန်နှုန်းအားလျှော့ချတာ၊ လူသုံးများတဲ့ လူမှုကွန် ရက်မီဒီယာတွေနဲ့…

တနင်္သာရီတိုင်းမှာ နယ်မြေစိုးမိုးမှုပြန်ရဖို့ စစ်ကောင်စီကြိုးပမ်း

တနင်္သာရီ၊ ဇူလိုင် ၂၁ တနင်္သာရီတိုင်းရဲ့ နွေဦးတော်လှန်ရေး တိုက်ပွဲတွေမှာ တပ်စခန်းတွေ တစ်ခုပြီးတစ်ခု လက်လွှတ်ဆုံးရှုံးနေရတဲ့ စစ်ကောင်စီတပ်ဟာ နယ်မြေစိုးမိုးမှု ပြန်ရဖို့အတွက် စစ်ကြောင်းထိုးတာနဲ့ အင်အားဖြည့်တာတွေ တောက်လျှောက် ပြုလုပ်လာတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လက တပ်စခန်း သုံးခုထက်မနည်း လက်လွှတ်ဆုံးရှုံးခဲ့တဲ့ စစ်ကောင်စီတပ်ဟာ မြိတ်ခရိုင်နဲ့ ထားဝယ်ခရိုင်အတွင်းက ထားဝယ်ရေနက်ဆိပ်ကမ်းတည်ရှိရာ ရေဖြူမြို့နယ်နဲ့ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးမှာ…

သမ္မတရွေးကောက်ပွဲက ဘိုင်ဒန် နုတ်ထွက်နိုင်ခြေ မိသားစုစတင်ဆွေးနွေး

ဝါရှင်တန်၊ ဇူလိုင် ၂၀ လာမယ့် နိုဝင်ဘာလ သမ္မတ ရွေးကောက်ပွဲကနေ လက်ရှိသမ္မတ ဂျိုး ဘိုင်ဒန် နုတ်ထွက်လိုက်ရင် ဘယ်လို အခြေအနေမျိုး ဖြစ်လာမလဲ ဆိုတာကို သူ့ရဲ့ မိသားစုဝင်တွေ စတင်ဆွေးနွေးနေပြီ ဖြစ်ကြောင်း အဲဒီ ဆွေးနွေးမှုနဲ့ ပတ်သက်လို့ သိထားတဲ့ သတင်းရင်းမြစ် နှစ်ခုက ပြောကြားပါတယ်။ နုတ်ထွက်ရေးအတွက် ဆွေးနွေးမှုနဲ့ ပတ်သက်တဲ့ အများစု…

မြန်မာသို့ လက်နက်တင်ပို့မှု ဆိုင်းငံ့ဖို့ တောင်အာဖရိက တရားရုံး ညွှန်ကြား

ပရီတိုးရီးယား၊ ဇူလိုင် ၂၀ မြန်မာနိုင်ငံအပါအဝင် စစ်ရာဇဝတ်မှု ကျူးလွန်နေတယ်လို့ သံသယရှိတဲ့ အစိုးရအဖွဲ့တွေဆီ လက်နက်ရောင်းချရေး ခွင့်ပြုထားတဲ့ ပါမစ်အားလုံးကို ဆိုင်းငံ့ပြီး ပြန်လည်သုံးသပ်ရေး တောင်အာဖရိက တရားရုံး တစ်ခုက ဇူလိုင် ၁၉ ရက်မှာ ညွှန်ကြားလိုက်ပါတယ်။ လူ့အခွင့်အရေး ရှေ့နေတွေကို ကိုယ်စားပြုတဲ့ တောင်အာဖရိက ဥပဒေ စင်တာ SALC ရဲ့ ၂၀၂၂ ခုနှစ်…

တနင်္သာရီတိုင်းမှာ တစ်လအတွင်း အရပ်သား ၉၀ ကျော် ဖမ်းဆီးခံရပြီး တစ်ဦးသေဆုံး

တနင်္သာရီ၊ ဇူလိုင် ၂၀ တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ဇွန်လ တစ်လအတွင်း စစ်ကောင်စီတပ်ရဲ့ အကြောင်းအမျိုးမျိုးပြ ဖမ်း ဆီးမှုကြောင့် အရပ်သား ၉၄ ဦး ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲမှာ တစ်ဦးသေဆုံးခဲ့ရတယ်လို့ သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Tanintharyi က ထုတ်ပြန်ပါတယ်။ ဇူလိုင် ၂၀ ရက်နေ့ ရက်စွဲနဲ့ထုတ်ပြန်တဲ့ FE5 Tanintharyi ရဲ့ အစီရင်ခံစာအရ ထားဝယ်၊…