July 27, 2024

ဝန်ထမ်းတွေနဲ့အငြိမ်းစားတွေကို စစ်ကောင်စီ ထောက်ပံ့ ကြေး ကျပ်သုံးသောင်းထပ်တိုးပေး

မော်လမြိုင် ၊ ဇူလိုင် ၂၈ ဝန်ထမ်းတွေနဲ့ အငြိမ်းစားဝန်းထမ်းတွေကို အပိုထောက်ပံ့ကြေးအဖြစ် လာမယ့်သြဂုတ်လကစပြီး လစဉ်ကျပ်သုံးသောင်း ထပ်တိုးပေးသွားမယ်လို့ စစ်ကောင်စီလက်အောက်ခံ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနက ဇူလိုင် ၂၆ ရက်နေ့ ရက်စွဲနဲ့ ကြေညာပါတယ်။ အခုလို အပိုထောက်ပံ့ကြေး ထပ်တိုးပေးရတာဟာ ဝန်ထမ်းတွေနဲ့ အငြိမ်းစားဝန်ထမ်းတွေ နိုင်ငံ တော်တာဝန်ထမ်းဆောင်ရာမှာ စားဝတ်နေရေးနဲ့ သက်သာချောင်ချိရေးကို အထောက်အကူ ဖြစ်စေဖို့လို့ ဆိုပါတယ်။ စစ်ကောင်စီဟာ…

ရွေးကောက်ပွဲကျင်းပရေးနဲ့ အရေးပေါ်သက်တမ်းအတွက် စစ်ကောင်စီ ဘယ်လိုအကွက်ရွှေ့နိုင်မလဲ

နေပြည်တော် ၊ ဇူလိုင် ၂၈ နိုင်ငံအနှံထိုးစစ်တွေကြောင့် ရှုံးပွဲဆက်တိုက် ရင်ဆိုင်နေရတဲ့ စစ်ကောင်စီက အခုနှစ်လယ်ကစပြီး ရွေးကောက်ပွဲကျင်းပရေး စကားရပ်ကို ခပ်စိပ်စိပ်ပြောဆိုကာ လာမယ့်ရက်ပိုင်းအတွင်း ကာလုံအစည်းအဝေးခေါ် ယူဖို့ ရှိနေပါတယ်။ အရေးပေါ်သက်တမ်းကုန်ဆုံးဖို့ ရက်ပိုင်းအလိုမှာ အိန္ဒိယအပါအဝင် ထိုင်းနဲ့သီရိလင်္ကာနိုင်ငံက တာဝန်ရှိသူတချို့နဲ့ ရွေးကောက်ပွဲကျင်ပနိုင်ရေး ပြင်ဆင်နေတဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်…

ရေး ကနင်ကမော့တိုက်ပွဲမှာ နှစ်ဖက်ထိခိုက်သေဆုံးမှုရှိ

ရေး၊ ဇူလိုင် ၂၈ မွန်ပြည်နယ် ရေးမြို့နယ် ကနင်ကမော့ကျေးရွာမှာ ဇူလိုင်၂၇ ရက်နေ့ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တို့ကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို ဒေသခံတွေထံက သိရပါတယ်။ ကနင်ကမော့ကျေးရွာ ဘုန်းကြီးကျောင်းမှာ အင်အား ၁၀၀ ကျော်နဲ့ လာရောက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF တပ်ဖွဲ့တွေဝင်ရောက် တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။…

ဂါဇာ အပစ်ခတ်ရပ်စဲရေး ဆွေးနွေးပွဲ အစ္စရေး တက်ရောက်မယ်

ဝါရှင်တန်၊ ဇူလိုင် ၂၇ ဟားမာ့စ်နဲ့ အစ္စရေး စစ်ပွဲ အဆုံးသတ်ရေး ရည်ရွယ်တဲ့ ရောမမြို့ ဆွေးနွေးပွဲတွေဆီ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်သွားမှာ ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမန် နေတန်ညာဟုက ပြောလိုက်ပါတယ်။ ဒါပေမဲ့ ဂါဇာက ဝမ်းနည်းစရာ ဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ နှုတ်ဆိတ်နေမှာ မဟုတ်ဘူးဆိုတဲ့ အမေရိကန် ဒုသမ္မတ ကာမယ်လာ ဟားရစ်ရဲ့ ပြောဆိုမှုကိုတော့ ဝန်ကြီးချုပ်…

မြန်မာ့ပြဿနာ ဖြေရှင်းရေး ထိုင်း ဦးဆောင် ကြိုးပမ်းမယ်

ဘန်ကောက်၊ ဇူလိုင် ၂၇ မြန်မာ့ပြဿနာ ပြေလျော့စေရေး ကြိုးပမ်းရာမှာ ထိုင်းနိုင်ငံ ပါဝင်ကူညီသွားမယ့် အခန်းကဏ္ဍကို နိုင်ငံခြားရေးဝန်ကြီး မာရစ် တန်ဂီယမ်ပွန်ဆာက ၅၇ ကြိမ်မြောက် အာဆီယံဝန်ကြီးများ အစည်းအဝေးမှာ ဇူလိုင် ၂၆ ရက်က ထပ်မံ အတည်ပြု ပြောကြားခဲ့ပါတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကြား အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲ ဖြစ်ပေါ်လာစေရေး ထိုင်းနိုင်ငံက ကူညီဖို့ အဆင်သင့်ရှိကြောင်း…

လားရှိုးမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် မိသားစုဝင်သုံးဦးသေဆုံး

လားရှိုး၊ ဇူလိုင် ၂၇ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မိသားစုဝင်သုံးဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဇူလိုင် ၂၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဇူလိုင် ၂၅ ရက်နေ့က လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA က သိမ်းပိုက်လိုက်ပြီလို့ ကြေညာပြီးနောက် စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့်…

လောင်းလုံးမှာ ဈေးထွက်ဝယ်တဲ့ စစ်ကောင်စီတပ်သားနှစ်ဦး ပစ်သတ်ခံရ

လောင်းလုံး၊ ဇူလိုင် ၂၇ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာမှာ ဈေးဝယ်ထွက်လာတဲ့ စစ်ကောင်စီတပ် သားနှစ်ဦး ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF ထံက သိရပါတယ်။ မနေ့ ဇူလိုင် ၂၆ ရက်နေ့ မနက်ပိုင်းက ကျောက်နီမော်ကျေးရွာ ဘုရားတောင်မှာ ယာယီတပ်စွဲထားတဲ့ စစ်ကောင်စီတပ်က စစ်သားနှစ်ဦးဟာ ကျေးရွာထဲ ဈေးဝယ်ဆင်းလာစဉ် ပစ်ခတ်ခံခဲ့ရတာပါ။ ပစ်ခတ်ခံရတာကြောင့်…

မွန်ပြည်နယ်မှာ ကျေးရွာပေါင်း ၁၀၀ နီးပါး ရေနစ်မြှုပ်

မော်လမြိုင်၊ ဇူလိုင် ၂၇ မွန်ပြည်နယ်မှာ မိုးသည်းထန်စွာ မိုးသွန်းမှုနဲ့အတူ ရေကြီးရေလျှံမှုတွေကြောင့် ကျေးရွာပေါင်း ၁၀၀ နီးပါး ရေနစ်မြှုပ်နေပြီး ရေးဘေးသင့်ပြည်သူ သောင်းနဲ့ချီရှိနေတယ်လို့ ဒေသခံတွေနဲ့ လူမှုကယ် ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်နေ့ကစပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြည်နယ်အတွင်းရှိ မြို့နယ်တွေဖြစ်တဲ့ ဘီးလင်း၊ သထုံ၊ ပေါင်၊…

မြန်မာနိုင်ငံက တီဘီရောဂါကူးစက်ပျံ့နှံ့မှုနဲ့ပတ်သက်လို့ မဲဆောက်မှာ သတိပေးချက်ထုတ်ပြန်

မဲဆောက်၊ ဇူလိုင် ၂၇ ထိုင်းနိုင်ငံ၊ တက်ခ်ခရိုင်၊ ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ မဲဆောက်မြို့ရှိ အထွေထွေရောဂါကု ဆေးရုံကြီးက အနောက်ဘက်အိမ်နီးချင်း မြန်မာနိုင်ငံမှာ ဖြစ်ပွားပျံ့နှံ့နေတယ်လို့ဆိုတဲ့ တီဘီရောဂါနဲ့ ပတ်သက်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ကျန်းမာရေးအရာရှိတွေအနေနဲ့ သတိအနေအထား ရှိကြဖို့ တိုက်တွန်းထားတယ်လို့ The Nation သတင်းစာက ဖော်ပြပါတယ်။ နှစ်နိုင်ငံ နယ်စပ်အနီးနဲ့နီးကပ်တဲ့ ရွှေကုက္ကိုလ်မြို့မှာ တီဘီရောဂါဖြစ်ပွားနေမှုကို အနီးကပ်စောင့်ကြည့်နေတယ်လို့လည်း မဲဆောက်ဆေးရုံကြီးရဲ့ ညွှန်ကြားရေးမှူးက…