ခတ္တမန္ဒူ၊ ဇူလိုင် ၂၅
လေယာဉ် ခေါင်းခန်းနဲ့ ကုန်တင်ထားတဲ့ ကိုယ်ထည်ပိုင်း ကွဲသွားခဲ့ပြီး စက္ကန့်ပိုင်းအကြာမှာ လေယာဉ် တစ်စီးလုံး မီးလောင် ပျက်စီးသွားခဲ့တဲ့ ဇူလိုင် ၂၄ ရက်နေ့က နီပေါလ် လေယာဉ်ပျက်ကျမှုအတွင်း ယာဉ်ပေါ် လိုက်ပါလာသူ အားလုံးနီးပါး သေဆုံးခဲ့ပြီး လေယာဉ်မှူး တစ်ဦးတည်းသာအသက်ရှင်လွတ်မြောက်ခဲ့ပါတယ်။
နီပေါနိုင်ငံ၊ ခတ္တမန္ဒူ လေဆိပ်မှာ လူ ၁၈ ဦး သေဆုံးခဲ့ရတဲ့ လေယာဉ်ပျက်ကျမှုရဲ့ တစ်ဦးတည်းသော အသက်ရှင်သူ ကပ္ပတိန် မာနစ်ချ် ရန်နာ ဆာကယာ ဆေးရုံတက်နေရပြီး သူအခြေအနေကောင်းကြောင်း သူ့မိသားစုကို ပြောဆိုနိုင်သေးတဲ့ အနေအထားမှာ ရှိနေပါတယ်။
လေယာဉ် ခေါင်းပိုင်းအနီးသို့ မီးတောက်တွေ နီးကပ်လာတဲ့ အချိန်မှာ လေယာဉ်မှူးကို ကယ်ထုတ် နိုင်ခဲ့တာ ဖြစ်ပါတယ်။
လေကာမှန်ပွင့်နေတာကြောင့် သူဟာ အသက်ရှူရခက်ခဲနေပြီး ကယ်ဆယ်ရေးသမားတွေက ပြတင်းပေါက်ကို ရိုက်ခွဲပြီး ဆွဲထုတ်ခဲ့တာ ဖြစ်ပါတယ်။
သူ့တစ်ကိုယ်လုံးမှာ သွေးတွေ ပေကျံနေပြီး ထိတ်လန့်နေပေမယ့် သတိတော့ လစ်မသွားခဲ့ဘူးလို့ သိရပါတယ်။ လေယာဉ် ပျက်ကျပြီး ငါးမိနစ်အတွင်း သူ့ကို ကယ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
နီပေါလ်နိုင်ငံဟာ လေကြောင်း ဘေးကင်းရေး မှတ်တမ်းတွေ မကောင်းတဲ့အတွက် ဝေဖန်ခံနေရပါတယ်။
၂၀၂၃ ခုနှစ် ဇန်နဝါရီက ရတီလေကြောင်းလိုင်း လေယာဉ် ပျက်ကျမှု အတွင်း လူ ၇၂ ဦး အနည်းဆုံး သေဆုံးခဲ့ပြီး လေယာဉ်မှူးတွေက ဓာတ်အားကို မှားမှားယွင်းယွင်း ဖြတ်တောက်မိခဲ့တာကြောင့်လို့ ဆိုပါတယ်။
လေယာဉ်ဟာ လေဆိပ် အစွန်နားက ကွန်တိန်နာကို တိုက်မိပြီးနောက် နောက်ထပ် နိမ့်ဆင်းသွားခဲ့ကြောင်း၊ ဒါပေမဲ့ လေယာဉ် ခေါင်းခန်းက ကွန်တိန်နာထဲမှာ ပိတ်မိနေတာကြောင့် လေယာဉ်မှူး အသက်ရှင်ခဲ့တာ ဖြစ်တယ်လို့ နီပေါလ် ရဲအရာရှိတစ်ဦးက ပြောပါတယ်။
Ref:BBC