ကျွန်းစု၊ ဇူလိုင် ၂၅
တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေကြား ဖြစ်ပွားခဲ့တဲ့ ငါးရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၂ ထံက သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်နေ့ကစပြီး ၂၄ ရက်နေ့အထိ ကျွန်းစုမြို့နယ်ထဲက ကျောက်ပုစွန်တောင်၊ ဝါရစ်နဲ့ ဂျိုးတောင်ကျေးရွာ အနီးတစ်ဝိုက်မှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တာဖြစ်ပါတယ်။
ဇူလိုင် ၂၂ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်မှာ အင်အား ၆၀ ဝန်းကျင်နဲ့ ဝါရစ်ကျေးရွာထဲကို စစ် ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက မိုင်းဆွဲတိုက် ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့တယ်လို့ စစ်ကြောင်း ၂ ပြန်ကြားရေး တာ ဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒါ့အပြင် ဇူလိုင် ၂၃ ရက်နေ့က အင်အား ၁၀၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်း ဂျိုးတောင်ကျေးရွာ အနီးမှာ မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးပြီးနောက် စစ်ကောင်စီတပ်တွေ ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။
ဇူလိုင် ၂၄ ရက်နေ့ကလည်း ဝါရစ်ကျေးရွာအနီးရှိ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ ထောင် ထားတဲ့ မိုင်းကွင်းထဲကို အင်အား ၁၀၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီတပ် ရောက်ရှိလာပြီး မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား ၃၀ ထက်မနည်း မိုင်းထိသေဆုံးခဲ့တာကို မြေပြင်ရဲဘော်တွေက အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီမိုင်းဆွဲတိုက်ခိုက်မှုကြောင့် အချိန်တစ်နာရီနီးပါးအကြာ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု ပြင်း ထန်စွာ ဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီ စစ်ကြောင်းဟာ ကျွန်းစုမြို့နယ်ထဲက ဝါရစ်နဲ့ ဂျိုးတောင်ကျေးရွာ အ နီးတစ်ဝိုက်မှာရှိနေပြီး လက်နက်ကြီးအားကိုးနဲ့ ရှေ့ဆက်တိုးဖို့ ကြိုးစားနေတဲ့အတွက် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ နဲ့ နေ့စဉ်ရက်ဆက် ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။
စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးရမ်းသမ်း ပစ်ခတ်မှုတွေကြောင့် မင်းဂုတ်၊ ဘယ်သစ်၊ ဝါရစ်၊ ဂျိုးတောင်၊ ကျောက်ပုစွန်တောင်နဲ့ မောင်လှော် အပါအဝင် ကျေးရွာတွေက ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာပါ။
ပြီးခဲ့တဲ့ ဇွန်လက တပ်စခန်းသုံးခုထက်မနည်း လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ စစ်ကောင်စီတပ်ဟာ တန င်္သာရီတိုင်းက မြို့နယ်တွေမှာ နယ်မြေစိုးမိုးမှုအတွက် စစ်ကြောင်းထိုး ဝင်ရောက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၂