တနင်္သာရီ၊ ဇူလိုင် ၂၀

တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ဇွန်လ တစ်လအတွင်း စစ်ကောင်စီတပ်ရဲ့ အကြောင်းအမျိုးမျိုးပြ ဖမ်း ဆီးမှုကြောင့် အရပ်သား ၉၄ ဦး ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲမှာ တစ်ဦးသေဆုံးခဲ့ရတယ်လို့ သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Tanintharyi က ထုတ်ပြန်ပါတယ်။

ဇူလိုင် ၂၀ ရက်နေ့ ရက်စွဲနဲ့ထုတ်ပြန်တဲ့ FE5 Tanintharyi ရဲ့ အစီရင်ခံစာအရ ထားဝယ်၊ လောင်းလုံး၊ ရေဖြူနဲ့ မြိတ်မြို့တို့မှာ အရပ်သား ၉၄ ဦး ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပြီး အဲဒီထဲမှာ ပစ်ခတ်ဖမ်းဆီးခံရတာကြောင့် တစ်ဦးသေဆုံးခဲ့ပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ကျေးရွာတွေအတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်စဉ် လူ သားဒိုင်းအဖြစ် ဖမ်းဆီးခံရတာ၊ စစ်ကြောင်းတစ်လျှောက်ခေါ်ဆောင်ခံရတာ၊ ဆန်စပါးအသင်းဥက္ကဌလည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ထားဝယ်ခရိုင်အတွင်းရှိ ဖဲဝိုင်းတစ်ခုမှာ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ဖမ်ဆီးစစ်ဆေးခံရသူ ၂၀ နီးပါး ရှိခဲ့ပြီး ငွေကြေးနဲ့ ပြန်ရွေးခိုင်းစေခဲ့တယ်လို့ FE5 Tanintharyi ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် သရက်ချောင်းမြို့နယ်မှာလည်း Non CDM ဆရာမ ၅ ဦးကို လက်နက်ကိုင်တပ်ဖွဲ့တွေ ဖမ်းဆီးခဲ့ပြီး မြိတ်ခရိုင်မှာလည်း လက်နက်ကိုင်တပ်ဖွဲ့တွေ ဖမ်းဆီးခဲ့သူ ၁၁ ဦး ထက်မနည်းရှိခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ဇူလိုင် ၁၈ ရက်နေ့ထုတ် အစီ ရင်ခံစာအရ နိုင်ငံတဝန်းမှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ် ဖမ်းဆီးထားသူ ၂၇၀၀၀ ကျော် ရှိပြီး အဲဒီထဲမှာ ၂၀၀၀၀ ကျော် ဆက်လက်ထိန်းသိမ်းခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.