ကော့သောင်း၊ ဇူလိုင် ၂၀

တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် ခမောက်ကြီးမြို့ထဲ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ ကျေးရွာနှစ်ရွာက ဒေသခံနေအိမ် ၁၀ လုံးကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ဇူလိုင် ဒုတိယအပတ်ကစပြီး ခမောက်ကြီးမြို့ရဲ့ မလိဝမ်းဒေသနဲ့ ရှမ်းကိုးရွာမာရမ်းဒေသထဲကို တင်အင်အား ၁၀၀ ဝန်းကျင်နဲ့ ကုန်းကြောင်း ရေကြောင်းပေါင်းပြီး စစ် ကြောင်းထိုး ဝင်ရောက်လာတာ ဖြစ်ပါတယ်။

အဲဒီစစ်ကြောင်းဟာ ဇူလိုင် ၁၇ ရက်နေ့က ရေတွင်းတောင်ရွာနဲ့ ရွာသစ်ကျေးရွာက နေအိမ် ၁၀ လုံးကို မီးရှို့ ဖျက်ဆီးခဲ့ပြီး အောင်ချမ်းသာပျိုးခင်းဇုန်ထဲ လက်နက်ကြီး ၉ လုံးထက်မနည်း ရမ်းသမ်းပစ်ခတ်သွားတာပါ။

ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက စစ်ကြောင်းထိုး ဝင်ရောက် လာတဲ့ စစ်ကောင်စီတပ်ဟာ ခမောက်ကြီးအခြေစိုက် စကစ ၂၀ က ဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာနဲ့ ဒေသခံနေအိမ်တွေကို မီးရှို့ဖျက်စီးခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ခမောက်ငယ်ပျိုးခင်း စာသင်ကျောင်းမှာ တပ်စွဲနေထိုင်ခဲ့ပြီးနောက် ဇူလိုင် ၁၈ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်မှာ ခမောက်ကြီးမြို့ထဲကို ပြန်လည်ထွက်ခွာခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီပထမအပတ်ကလည်း ကော့သောင်းမြို့နယ် ဝိုင်းဒင်ကျေးရွာမှာ စစ်ကောင်စီရဲ့ လက် နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ် ၆ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.