လွိုင်ကော်၊ ဇူလိုင် ၁၈

ကရင်နီပြည်နယ် လွိုင်ကော်မြို့ ယဉ်ကျေးမှုပြတိုက်မှာရှိတဲ့ အဖိုးမဖြတ်နိုင်တဲ့ ကရင်နီရိုးရာ ရှေး ဟောင်းယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းတွေ မပျောက်ပျက်ရအောင် လုံခြုံစိတ်ချရတဲ့နေရာကို အ ရေးပေါ် ပြောင်းရွှေ့ထားတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ဇူလိုင် ၁၇ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့နှစ် နိုင်ဝင်ဘာလမှာ စတင်ခဲ့တဲ့ တစ်လေးလုံး စစ်ဆင်ရေးအတွင်း စစ်ကောင်စီရဲ့ လက်နက် ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် အရပ်သားပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ်တွေနဲ့ ဘာသာရေး အဆောက်အအုံတွေ ပျက်စီးဆုံးရှုံးခဲ့တဲ့အပြင် မသမာသူတွေရဲ့ ဖောက်ထွင်းခိုယူမှုကြောင့် ပြည်သူပိုင်ပစ္စည်းတွေ ပျောက်ဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီလို စစ်ကောင်စီရဲ့ လုပ်ရပ်တွေနဲ့ မသမာသူတွေရဲ့ လက်ချက်တွေကြောင့် လွိုင်ကော်မြို့ ယဉ် ကျေးမှု ပြတိုက်အတွင်းရှိ အဖိုးမဖြတ်နိုင်တဲ့ ကရင်နီရိုးရာ ရှေးဟောင်းယဉ်ကျေးမှု ပစ္စည်းတွေ ပျောက်ပျက်ဆုံးရှုံးရမယ့်အရေးနဲ့ ကြုံတွေ့နေရတယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့် ပြတိုက်အတွင်းရှိ ရိုးရာအသုံးအဆောင်၊ ရိုးရာတူရိယာ၊ ရိုးရာလက်နက် ကိရိယာ၊ ရိုးယာအဆင်တန်ဆာပစ္စည်းတွေနဲ့ ဖားစည်စတဲ့ ယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းတွေကို လုံခြုံစိတ်ချရတဲ့နေရာကို ပြောင်းရွှေ့ ထိန်းသိမ်း စောင့်ရှောက်ခဲ့တယ်လို့ IEC ကဆိုပါတယ်။

သမိုင်းအစဉ်အဆက် ကရင်နီနယ်ကို အုပ်ချုပ်ခဲ့ကြတဲ့ စော်ဘွားတွေနဲ့ ကရင်နီလူမျိုးစု၊ မျိုးနွယ်တွေ မြတ်နိုးတန်ဖိုးထားခဲ့ကြတဲ့ ဘိုးဘွားပိုင် ကရင်နီရိုးရာ ရှေးဟောင်းယဉ်ကျေးမှု ပစ္စည်းတွေကို လက် ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်ဖို့ကိုလည်း ကရင်နီပြည်သူတွေအနေနဲ့ အပြည့်အဝတာဝန်ရှိတယ်လို့ ပြောကြားထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.