ဘန်ကောက်၊ ဇူလိုင် ၁၆

ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်ကနေ စတင်အသက်ဝင်တဲ့ မူဝါဒအသစ်အရ နယ်နိမိတ်ပေါင်း ၉၃ ခုက ဧည့်သည်တွေအနေနဲ့ ထိုင်းနိုင်ငံထဲကို ဗီဇာ မလိုဘဲ ဝင်ရောက်နိုင်ပြီ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံထဲသို့ ဗီဇာမလိုဘဲ ဝင်ရောက်နိုင်တဲ့ နိုင်ငံနဲ့ နယ်နိမိတ်ပေါင်း ၉၃ ခုရဲ့ အမည်တွေကို တော်ဝင်သတင်းစာမှာ ဇူလိုင် ၁၅ ရက်က ဖော်ပြခဲ့ပြီး ချက်ချင်း အသက်ဝင်မှာ ဖြစ်ပါတယ်။

စာရင်းမှာ ဖော်ပြထားတဲ့ နိုင်ငံတွေနဲ့ နယ်နိမိတ်တွေရဲ့ နိုင်ငံကူး လက်မှတ်တွေ ကိုင်ဆောင်ထားသူတွေအနေနဲ့ ထိုင်းနိုင်ငံမှာ ရက်ပေါင်း ၆၀ အထိ နေထိုင်နိုင်ပြီး ဆက်နေလိုတယ်ဆိုရင် နောက်ထပ် ရက်ပေါင်း ၃၀ သက်တမ်းတိုးလို့ရမှာ ဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ်နဲ့ ပြည်ထဲရေးဝန်ကြီးတို့က အဲဒီညွှန်ကြားချက်ကို လက်မှတ်ရေးထိုး အတည်ပြုလိုက်ပြီးနောက် ချက်ချင်း အကောင်အထည်ဖော် ဆောင်ရွက်တာ ဖြစ်ပါတယ်။

အရင်က ဗီဇာ မလိုဘဲ ဝင်ရောက်ခွင့်ဟာ နိုင်ငံပေါင်း ၅၇ နိုင်ငံက နိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားသူတွေလောက်ပဲ အကျုံးဝင်ခဲ့တာ ဖြစ်ပါတယ်။

တော်ဝင် သတင်းစာမှာတော့ ဗီဇာမလိုဘဲ ထိုင်းသို့ ဝင်ရောက်ခွင့်ရှိတဲ့ နိုင်ငံပေါင်း ၉၃ နိုင်ငံ စာရင်းမှာ မြန်မာနိုင်ငံ မပါဝင်တာကို တွေ့ရပါတယ်။

ဒီအစီအစဉ်က ကိုဗစ်ကြောင့် ထိခိုက်ခဲ့ရတဲ့ ကမ္ဘာလှည့် ခရီးသွားကဏ္ဍနဲ့ နှေးကွေးနေတဲ့ စီးပွားရေး ဖွံ့ဖြိုးမှု ဦးမော့လာစေရေး ဆောင်ရွက်တာလို့ သိရပါတယ်။

Ref:Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.