တနင်္သာရီ၊ ဇူလိုင် ၁၆

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် အိန္နားပြင်ကျေးရွာထဲ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက် နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဇူလိုင် ၁၅ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်မှာ မော်တုံးကျေးရွာအခြေစိုက် စစ်ကောင်စီ အမှတ် ၃၀၆ အမြောက်တပ်ရင်းက လက်နက်ကြီး ၅ လုံးထက်မနည်း ပစ်ခတ်ရာကနေ အိန္နားပြင်ကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် သူအဖေနေအိမ်ကို ရောက်ရှိနေတဲ့ ကမ်းရိုးတန်း ၂ ရွာနေ အသက် ၄၂ နှစ်အရွယ် ဒေါ်မီးငယ်ဟာ ဦးခေါင်း၊ရင်ဘတ်နဲ့လက်မောင်းတွေမှာ ကျည်စထိမှန်ပြီး အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးခဲ့ပါတယ်။

တော်လှန်ရေးအင်အားစုတွေ နယ်မြေစိုးမိုးထားတဲ့ တနင်္သာရီမြို့နယ်မှာ အာဏာသိမ်းကာလအ တွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မကြာခဏဆိုသလို အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးတာတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်နေ့ကလည်း တနင်္သာရီမြို့နယ် သာရဖုံကျေးရွာထဲ စစ်ကောင်စီတပ် လေ ကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးနှစ်ဦးဒဏ်ရာရရှိခဲ့ပြီး နေအိမ်ငါးလုံး ပျက်စီးထားပါတယ်။

သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Tanintharyi ရဲ့ ထုတ်ပြန်ချက်တွေအရ အခုနှစ် ဇန်နဝါရီလကနေ မေ လအထိ ငါးလအတွင်း တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်နဲ့ လက်ဝေခံအဖွဲ့အစည်းတွေရဲ့ သတ် ဖြတ်မှုကြောင့် အရပ်သား ၈၁ ဦး သေဆုံးခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.