July 16, 2024

စစ်အာဏာသိမ်း (၁၂၆၂) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၄၀၁) ဦးအထိရှိလာ

မော်လမြိုင်၊ ဇူလိုင် ၁၇ AAPP ရဲ့ ဇူလိုင် ၁၆ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၆၂) ရက်အတွင်း ပြည်သူ (၅၄၀၁) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၀၇၉) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၃၀၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

ထိုင်း-မြန်မာကုန်သွယ်ရေးကို ရေကြောင်းလမ်းကတဆင့် စစ်ကောင်စီကြိုးပမ်း

မော်လမြိုင် ၊ ဇူလိုင် ၁၇ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းတွေကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်ထားတာကြောင့် စစ်ကောင်စီဟာ ထိုင်း-မြန်မာနှစ်နိုင်ငံကုန်သွယ်ရေးကို ရေကြောင်းလမ်းကနေတဆင့် ပြောင်းလဲကျင့်သုံးလာတာ ဖြစ်ပါတယ်။ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးအဖြစ် ရန်ကုန်-ကော့သောင်း-ရနောင်း အသွားအပြန်ကို ကမ်းရိုး တန်းဆိပ်ကမ်းတွေကတဆင့် ကုန်သေတ္တာတင် သင်္ဘောတွေနဲ့ စတင်နေပြီလို့ ဇူလိုင် ၁၆ ရက်နေ့ထုတ် ဝါဒဖြန့်သတင်းစာမှာ ဖော်ပြပါတယ်။ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ ရန်ကုန်ဆိပ်ကမ်းမှ ပြောင်းနဲ့သတ္တုတင်ဆောင်ပြီး ဇွန်…

စစ်ကောင်စီအုပ်ချုပ်ရေး ပျက်ပြယ်သွားတဲ့မြို့တွေမှာ KNU အုပ်ချုပ်ရေးစတင်ဖို့ ပြင်ဆင်

ကျိုက်ဒုံ၊ ဇူလိုင် ၁၇ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီအုပ်ချုပ်ရေး ပျက်ပြယ်သွားတဲ့မြို့တွေကို စနစ်တကျထိန်း ချုပ်သွားဖို့နဲ့ KNU အုပ်ချုပ်ရေးယန္တရားစတင်ဖို့ ပြင်ဆင်မှုတွေ လုပ်ဆောင်နေတယ်လို့ ကရင်အ မျိုးသားအစည်းအရုံး KNU ပြောခွင့်ရ ပဒိုစောကလယ်စေးက သံလွင်တိုင်းမ်ကို ပြောပါတယ်။ KNU ဟာ အာဏာသိမ်းကာလအတွင်း ကရင်ပြည်နယ်အတွင်းရှိ ကျိုက်ဒုံမြို့၊ စုကလိမြို့၊ ဘုရားသုံးဆူမြို့နဲ့ ဖာပွန်မြို့တို့ကို သိမ်းပိုက်ရရှိထားပြီး အဲဒီထဲက မြို့တချို့မှာတော့…

ကျိုက်မရောထောင်မှာ နိုင်ငံရေးအကျဉ်းသားငါးဦး ရိုက်နှက်တိုက်ပိတ်ခံရ

ကျိုက်မရော၊ ဇူလိုင် ၁၇ မွန်ပြည်နယ် ကျိုက်မရောဗဟိုအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ငါးဦး ရိုက်နှက်တိုက်ပိတ်ခံထားရပြီး ထောင်တွင်းပုဒ်မတွေနဲ့ပါ အမှုရင်ဆိုင်နေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံက သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့ ညနေ တန်းပိတ်ချိန်မှာ ထောင်ဦးစီးမှူး ကျော်ဇင်အောင် ဦးဆောင်တဲ့ ဝန်းထမ်း ၂၀ လောက်ဟာ နိုင်ငံရေးအကျဉ်းသားတွေဖြစ်တဲ့ ကိုလွမ်းဝေအောင်၊ ကိုအောင်ဇော်မင်း၊…

ဒေါ်နယ်ထရန့်ရဲ့ လျှို့ဝှက်စာရွက်စာတမ်း အမှုကို တရားသူကြီး ပယ်ချ

မီယာမီ၊ ဇူလိုင် ၁၆ အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရန့်ဟာ ထိပ်တန်း လျှို့ဝှက်စာရွက်စာတမ်းတွေကို တလွဲ ကိုင်တွယ်ခဲ့တယ်လို့ စွဲချက်တင်ထားတဲ့ အမှုကို သူခန့်ထားခဲ့တဲ့ ဖလော်ရီဒါ တရားသူကြီး တစ်ဦးက ပယ်ချလိုက်ပါတယ်။ အဲဒီတရားသူကြီးက အထူးအကြံပေး ဂျက်စမစ်ကို ခန့်အပ်ထားတဲ့ ပုံစံဟာ သင့်တော်မှု မရှိဘူးလို့ ပြောပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ သမ္မတဟောင်း ထရန့်အတွက် ကြီးမားတဲ့ အောင်ပွဲ…

ထိုင်းသို့ နိုင်ငံပေါင်း ၉၃ နိုင်ငံမှ ဗီဇာမလိုဘဲ ဝင်ရောက်ခွင့် စတင် အသက်ဝင်

ဘန်ကောက်၊ ဇူလိုင် ၁၆ ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်ကနေ စတင်အသက်ဝင်တဲ့ မူဝါဒအသစ်အရ နယ်နိမိတ်ပေါင်း ၉၃ ခုက ဧည့်သည်တွေအနေနဲ့ ထိုင်းနိုင်ငံထဲကို ဗီဇာ မလိုဘဲ ဝင်ရောက်နိုင်ပြီ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံထဲသို့ ဗီဇာမလိုဘဲ ဝင်ရောက်နိုင်တဲ့ နိုင်ငံနဲ့ နယ်နိမိတ်ပေါင်း ၉၃ ခုရဲ့ အမည်တွေကို တော်ဝင်သတင်းစာမှာ ဇူလိုင် ၁၅ ရက်က…

တနင်္သာရီမှာ စစ်တပ်လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦးသေဆုံး

တနင်္သာရီ၊ ဇူလိုင် ၁၆ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် အိန္နားပြင်ကျေးရွာထဲ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက် နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဇူလိုင် ၁၅ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်မှာ မော်တုံးကျေးရွာအခြေစိုက် စစ်ကောင်စီ အမှတ် ၃၀၆ အမြောက်တပ်ရင်းက လက်နက်ကြီး ၅ လုံးထက်မနည်း…

သံဖြူဇရပ်တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုရှိ

သံဖြူဇရပ်၊ ဇူလိုင် ၁၆ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် စခန်းကြီးကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲ့ တောင်ညိုစစ် ကြောင်းထံကနေ သိရပါတယ်။ ဇူလိုင် ၁၅ ရက်နေ့ နေ့လည် ၁ နာရီအချိန်မှာ တပ်အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်က စစ်ကြောင်း ထိုးလာတာကြောင့် အချိန် မိနစ်…

ကျောက်မဲမှာ လက်နက်ကြီးကျလို့ အဘွားအိုတစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရ

ကျောက်မဲ၊ ဇူလိုင် ၁၆ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အဘွားအိုတစ်ဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဇူလိုင် ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အဲဒီနေ့ ညနေ ၃ နာရီအချိန်ခန့်မှာ ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီး အလုံး ၃၀ ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ TNLA…