July 6, 2024

တိုက်ပွဲတွေပြင်းထန်ချိန် ရွေးကောက်ပွဲဆိုင်ရာ ပြင်ဆင်မှုအကြောင်း စစ်ခေါင်းဆောင်ထပ်ပြောပြန်

နေပြည်တော်၊ ဇူလိုင် ၇ နိုင်ငံအနှံ့ ခုခံတော်လှန်စစ်ကြောင့် တိုက်ပွဲတွေပြင်းထန်နေချိန်မှာ စစ်ကောင်စီရဲ့ နိုင်ငံရေးထွက် ပေါက်အဖြစ် အသုံးချမယ့် အထွေထွေရွေးကောက်ပွဲကျင်းပနိုင်‌ရေး ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းတွေကို စစ်ခေါင်းဆောင်က ထပ်ပြောလာပါတယ်။ ဇူလိုင် ၅ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့ ပြည်ထောင်စုအစိုးအရအဖွဲ့အစည်းအဝေးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲကျင်းပနိုင်ရေး လူဦးရေနဲ့ အိမ်အ ကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူပြီးမှသာ မဲစာရင်းပြုစုသွားမယ်လို့…

စလင်းမြို့နယ်ကို စစ်မှုထမ်းအပတ်စဉ် ၁ သင်တန်းဆင်းလို့ ယူဆရတဲ့ တပ်သားသစ်တွေ ထပ်တိုးရောက်ရှိလာဟုဆို

မကွေး၊ ဇူလိုင် ၆ မကွေးတိုင်း စလင်းမြို့နယ်ကို စစ်ကောင်စီရဲ့ အပတ်စဉ် ၁ သင်တန်းဆင်း လို့ယူဆရတဲ့ တပ်သားသစ်တွေထပ်တိုးနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ ဇူလိုင် ၅ ရက် ညပိုင်းမှာ စစ်ကား ၃ စီးနဲ့အတူအင်အား ၇၀ ဝန်းကျင်ဟာလောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စလင်းမြို့နယ်ရဲစခန်းကို ရောက်ရှိလာပါတယ်။ “ဒါမျိုးအင်အားတိုးတာကိုခုမှတွေ့ဖူးတာပါ။ ဒီမှာရှိတဲ့တပ်တွေက အင်အားမရှိလို့တောင် ပျူတွေကိုသုံးနေရတာ။ ခုက…

ကျောက်ကြီးနဲ့မုန်းမြို့နယ်ထဲ စစ်တပ်လက်နက်ကြီးပစ်လို့ အရပ်သားပြည်သူ ၃ဦးသေဆုံး

ညောင်လေးပင်၊ ဇူလိုင် ၇ KNU ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေ၊ ကျောက်ကြီးနဲ့ မုန်းမြို့နယ်တွေထဲမှာ စစ်ကောင်စီတပ်က ပြည်သူလူထုအပေါ် ပစ်မှတ်ထားပြီး လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ၅ ရက်တာ အတွင်း အရပ်သားပြည်သူ ၃ ဦး သေဆုံးခဲ့ရပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်…

တနင်္သာရီ ရမ်းဖိုကျေးရွာအနီးက တိုက်ပွဲမှာ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ရဲ့ ဗိုလ်တစ်ဦးနဲ့ ရဲဘော်တစ်ဦးကျဆုံး

တနင်္သာရီ၊ ဇူလိုင် ၇ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ရမ်းဖိုကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲမှာ ဒေသအခြေပြု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LPDF) မှ ဗိုလ်တစ်ဦးနဲ့ ရဲဘော်တစ်ဦးကျဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေထံက သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၄ ရက် နေ့လည် ၂ နာရီခွဲအချိန်မှာ အင်အား ၈၀ ဝန်းကျင်ဖြင့် ရမ်းဖိုကျေးရွာဘက်ကို ထွက်လာတဲ့ စစ်ကောင်စီရဲ့…

ထိုင်း-လာအို ရထားဝန်ဆောင်မှု ဇူလိုင် ၁၉ ရက်နေ့ စတင်မယ်

ဘန်ကောက်၊ ဇူလိုင် ၆ ထိုင်းနိုင်ငံ ဘန်ကောက်မြို့နဲ့ လာအိုနိုင်ငံ ဗီယက်ကျန်းမြို့တို့ကို ဆက်သွယ်ထားတဲ့ နိုင်ငံတကာ ရထားဝန်ဆောင်မှု အသစ် တစ်ခုကို ဇူလိုင် ၁၉ ရက်မှာ စတင်မှာဖြစ်ကြောင်း ထိုင်းအစိုးရ ရထားဌာနက ဇူလိုင် ၃ ရက်မှာ ကြေညာပါတယ်။ ထိုင်းအစိုးရရဲ့ ရထားဌာနက ဒီဝန်ဆောင်မှု အသစ်အတွက် ဘန်ကောက်-နောင်ခိုင်လမ်းကြောင်းကို တိုးချဲ့သွားမှာ ဖြစ်ပါတယ်။ အဲဒီရထားလမ်းပိုင်းပေါ်က…

အီရန် သမ္မတသစ်အဖြစ် ပြုပြင်ပြောင်းလဲရေးသမား မာဆောက် ပီဇက်ခီယန် ရွေးကောက်ခံရ

တီဟီရန်၊ ဇူလိုင် ၆ ပြုပြင်ပြောင်းလဲရေးဝါဒီဖြစ်တဲ့ မာဆောက် ပီဇက်ခီယန်ဟာ သဘောထားတင်းမာတဲ့ ကွန်ဆာဗေးတစ် ပြိုင်ဖက် ဆာအစ် ဂျာလီလီကို အနိုင်ရရှိပြီး အီရန်နိုင်ငံရဲ့ သမ္မတသစ် အဖြစ် ရွေးကောက်ခံခဲ့ရပါတယ်။ ဒေါက်တာ ပီဇက်ခီယန်ဟာ မဲပေါင်း သန်း ၃၀ ကျော် ရေတွက်ပြီးနောက် ၅၃ ဒဿမ ၃ ရာခိုင်နှုန်း အနိုင်ရရှိကြောင်း ဖော်ပြနေတာကြောင့် ရွေးကောက်ပွဲမှာ…

သထုံမှာ စစ်တပ်လက်နက်ကြီးပစ်လို့ ဒေသခံနေအိမ် ၆ လုံးနဲ့ သီလရှင်ကျောင်းပျက်စီး

သထုံ၊ ဇူလိုင်လ ၆ မွန်ပြည်နယ် သထုံမြို့နယ်၊ ထုံးဘိုကြီးကျေးရွာမှာ စစ်တပ်ပစ်တဲ့လက်နက်ကြီးထိလို့ ဒေသခံနေအိမ် ၆ လုံးနဲ့ သီလရှင်ကျောင်းပျက်စီးသွားတယ်လို့ ဇူလိုင်လ ၆ ရက်နေ့မှာ KNU ဗဟိုကသတင်းထုတ်ပြန်ပါတယ်။ ဇူလိုင်လ ၃ ရက်နေ့မှာ ဝင်းပကျေးရွာအခြေစိုက် ခမရ ၉ ကနေ လက်နက်ကြီး ၄ လုံးပစ်ခတ်ခဲ့ရာ ထုံးဘိုကြီးရွာထဲ တစ်လုံးကျပြီး နေအိမ်တွေကိုထိမှန်ခဲ့တယ်လိုဆိုပါတယ်။ လက်နက်ကြီးကျည်က…

သီပေါမှာ SSPP/SSA ရဲ့ တိုက်ခိုက်မှုကြောင့် TNLA မြို့နယ်မှူးသေဆုံး

သီပေါ၊ ဇူလိုင် ၆ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်မှာ SSPP/SSA ရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် TNLA ရဲ့မြို့နယ်မှူးသေဆုံးခဲ့ပြီး ရဲဘော် ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ TNLA က ဇူလိုင် ၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ၁၀၂၇ စစ်ဆင်ရေးအပိုင်းနှစ်အတွင်း ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းတွေကို သယ်ယူပို့ဆောင်ချိန် သီပေါမြို့နယ် ကြံခင်းကျေးရွာအနီးမှာ SSPP/SSA (ရှမ်းပြည်တပ်မတော်)…

မိုးကုတ်က ဘဏ်တွေကို စစ်ကောင်စီတပ် ဖောက်ထွင်းသွား

မိုးကုတ်၊ ဇူလိုင် ၆ မန္တလေးတိုင်း မိုးကုတ်မြို့နယ်မှာ စစ်ကောင်စီတပ်မှ KBZ ဘဏ်နဲ့ CB ဘဏ်တွေကို ဖောက်ထွင်းပြီး ငွေသားနဲ့ ကျောက်မျက်ရတနာ စုစုပေါင်းတန်ဖိုး ကျပ်သိန်းပေါင်း နှစ်သောင်းဝန်ကျင်ကို ယူဆောင်သွားတယ်လို့ TNLA က ဇူလိုင် ၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့က တအာင်းတပ်မတော် TNLA၊ မိုးကုတ်ဗျူဟာ၊…