လန်ဒန်၊ ဇူလိုင် ၅

ဗြိတိန်လွှတ်တော်ရွေးကောက်ပွဲမှာ လေဘာပါတီက မဲအပြတ်အသတ်နဲ့ အနိုင်ရပြီးနောက် ပါတီခေါင်းဆောင် ကီယာ စတာမာဟာ နိုင်ငံရဲ့ ဝန်ကြီးချုပ်အသစ် ဖြစ်လာတော့မှာ ဖြစ်ပါတယ်။

လက်ရှိဝန်ကြီးချုပ် ရစ်ရှီ ဆွန်နက်ရဲ့ ကွန်ဆာဗေးတစ်ပါတီကတော့ သမိုင်းဝင် ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်ရတော့မှာလည်း ဖြစ်ပါတယ်။

လွှတ်တော်တွင်း အမတ်နေရာ ၆၅၀ နေရာရှိတဲ့အထဲက ဗဟို-လက်ဝဲ လေဘာပါတီဟာ အမတ်နေရာ ၄၁၀ ရရှိမှာ ဖြစ်ပါတယ်။

ကွန်ဆက်ဗေးတစ်အစိုးရတွေက နိုင်ငံကို ၁၄ နှစ်ကြာ အုပ်ချုပ်ခဲ့ပြီးနောက် ဒီရလဒ်အရ လေဘာပါတီဟာ လွှတ်တော်တွင်း လူအများစု နေရာကို ပိုင်ဆိုင်နိုင်တော့မှာ ဖြစ်ပါတယ်။

ဗြိတိန်အနေနဲ့ ပြောင်းလဲဖို့ အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်း ဝန်ကြီးချုပ် ဖြစ်လာတော့မယ့် ကီယာ စတာမာက ကြေညာပါတယ်။

လန်ဒန်မြောက်ပိုင်းမှာ အမတ်နေရာ အနိုင်ရခဲ့ပြီးနောက် ကီယာ စတာမာက ရွေးကောက်ပွဲရလဒ်အရ ဗြိတိန်ပြည်သူတွေက ပြောင်းလဲမှု လိုချင်နေကြောင်း ဖော်ပြနေတယ်လို့ ပြောကြားထားပါတယ်။

Independent candidate Niko Omilana holds an “L” behind Britain’s Prime Minister and Conservative Party leader Rishi Sunak as he delivers a speech after retaining his seat as MP for Richmond and Northallerton in Northallerton, north of England, early on July 5, 2024. DARREN STAPLES/Pool via REUTERS

လက်ရှိ ဝန်ကြီးချုပ် ဆွန်နက်ရဲ့ ပါတီဟာ အမတ်နေရာ ၁၃၁ နေရာပဲ အနိုင်ရနိုင်ရနိုင်တာကြောင့် ပါတီရာဇဝင်မှာ အဆိုးရွားဆုံး ရှုံးနိမ့်မှု ဖြစ်လာမှာ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်က ဥရောပသမဂ္ဂကနေ ဗြိတိန်နိုင်ငံထွက်ခွာရေး မဲခွဲမှုနောက်ပိုင်း ဝန်ကြီးချုပ် ၅ ဦး အထိ အပြောင်းအလဲ ရှိခဲ့တဲ့ ပါတီတွင်း တိုက်ခိုက်မှုတွေ၊ နှစ်များစွာကြာ မတည်ငြိမ်မှုတွေအပြင် နေထိုင်စားသောက်ရေး ကုန်ကျစရိတ်ပြဿနာတို့ကြောင့် မဲပေးသူတွေက ကွန်ဆာဗေးတစ်ပါတီကို ဒဏ်ခတ်ခဲ့တာလို့ ဆိုနိုင်ပါတယ်။

ဗဟိုဝါဒီ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီက အမတ်နေရာ ၆၁ နေရာ ရရှိမှာ ဖြစ်ပြီး အီးယူက ဗြိတိန်ခွဲထွက်ရေး ဦးဆောင်ခဲ့တဲ့ နီဂဲလ် ဖာရစ်ချ်ရဲ့ လက်ယာယိမ်း လူပြိန်းကြိုက် ဗြိတိန်ပြုပြင်ပြောင်းလဲရေးပါတီကတော့ အမတ်နေရာ ၁၃ နေရာ ရရှိမှာ ဖြစ်ပြီး မျှော်လင့်ထားတာထက် အများကြီး ပိုများနေပါတယ်။

Ref:Agencies

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.