ကျိုက်ထို၊ ဇူလိုင် ၆

မွန်ပြည်နယ် ကျိုက်ထိုမြို့ တောင်သူစုရပ်ကွက် ကြက်တူရွေးလက်ဖက်ရည်ဆိုင်အနီးမှာ စစ်ကောင် စီတပ်က ဒေသခံအမျိုးသားတစ်ဦးကို PDF စွပ်စွဲချက်နဲ့ လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၄ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်က ဖက္ကလိပ်ကျေးရွာနေ ကိုမြတ်သူကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကြက်တူရွေးလက်ဖက် ရည်ဆိုင်အနီးမှာ အင်အားအလုံးအရင်းနဲ့ လာရောက်ဖမ်းဆီးသွားတာပါ။

ဒေသခံတွေရဲ့ ပြောပြချက်အရ ဖမ်းဆီးခံလိုက်ရတဲ့ ကိုမြတ်သူဟာ ဆိုင်ကယ်ပြင်တာနဲ့ ဆိုင်ကယ်ရောင်းဝယ်ရေး လုပ်ကိုင်သူသာဖြစ်ပြီး လာရောက်ဖမ်းဆီးစဉ် တပ်အင်အား ၂၅ ဦးထက်မနည်း အသုံးပြုသွားတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ ကိုမြတ်သူအား ဘယ်မှာဖမ်းဆီးထိန်းသိမ်းထားလဲဆိုတာ မသိရသေးသလို မိသားစုနဲ့လည်း လက်ရှိအချိန်အထိ အဆက်အသွယ်မရသေးပါဘူး။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇွန် ၁၃ ရက်နေ့ကလည်း ကျိုက်ထိုမြို့ ကော့စံနိုင်ရပ်ကွက် လူမှုကူညီရေးအသင်းဝင်လေးဦးကို PDF ထောက်ပို့စွပ်ချက်နဲ့ ဖမ်းဆီးပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင် ရာ ဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်အရေးယူထားပါတယ်။

တော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့ ကျိုက်ထိုမြို့နယ်မှာတော့ စစ်ကောင်စီတပ်ဟာ အာ ဏာသိမ်းကာလအတွင်း ဒေသခံပြည်သူတွေ အကြောင်းအမျိုးမျိုးပြဖမ်းဆီးပြီး ထောင်ချတာတွေ လုပ်ဆောင်နေတာပါ။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ကျိုက်ထိုမြို့နယ်အတွင်းရှိ အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေး ရွာတွေထဲကိုလည်း PDF တွေ လာရောက်တာရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နေ့တိုင်းနီးပါး လက်နက်ကြီး ပစ်ခတ်မှုတွေ ကျူးလွန်နေပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ဇူလိုင် ၄ ရက်နေ့ထုတ် အစီ ရင်ခံစာရ အာဏာသိမ်းကာလအတွင်း နိုင်ငံတဝန်းမှာ လူပေါင်း ၂၆၀၀၀ ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲမှာ ၂၀၀၀၀ ကျော် ဆက်လက်ထိန်းသိမ်းခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.