အမှန်/အမှား

+++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန် ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သ တင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့” မန္တလေးမှာ စစ်မှုထမ်းဖို့ စစ်ကောင်စီတပ်က လူသစ်စုဆောင်းနေတာကို စစ်တပ်လော်ဘီချန်နယ်တွေမှာ သတင်းအမှားဆိုပြီး ဖြန့်ချိနေတဲ့ အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်တပ်ထိန်းချုပ်ထားတဲ့ MRTV နဲ့ စစ်တပ်လော်ဘီတွေရဲ့ လူမှုကွန်ရက်နဲ့ တယ်လီဂရမ်တွေမှာ ဇူလိုင် ၂ ရက်နေ့က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ မန္တလေးမြို့ ဆင်ခြေဖုံးရပ်ကွက်တွေနဲ့ ပုသိမ်ကြီး၊ အမရပူရနဲ့ မတ္တရာစတဲ့ မြို့နယ်တွေရှိ ကျေးရွာတွေမှာ တစ်ရွာကို နှစ်ယောက်၊ သုံးယောက်နှုန်းနဲ့ အမျိုးသားတွေကို စစ်အုပ်စုက ပျူစောထီးအဖွဲ့လူသစ် စုဆောင်းခဲ့တာလို့ ဒေသခံတွေရဲ့ ထုတ်ဖော်ပြောပြချက်ကို MFP က ဖော်ပြထားပါတယ်။

ဒေသတွင်းသတင်းဌာန MFP မှာတော့ ပျူစောထီးအဖွဲ့ထဲ မဝင်ပါကလည်း စစ်သားသစ်စုဆောင်းခံရမှာဖြစ်ပြီး ပျူစောထီအဖွဲ့ထဲဝင်ရင် လစာရမယ်လို့ စစ်အုပ်စုက မက်လုံးပေး စည်းရုံးတာကြောင့် ကုန်းတန်းနဲ့ ကွေ့ကြီးကုန်းရွာ အပါအဝင် ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာတွေက အမျိုးသားတွေဟာ ပြည်သူ့စစ်အမည်ခံ ပျူစောထီးအဖွဲ့ထဲ အလုအယက် ဝင်ရောက်ကြတယ်လို့ ဒေသခံတွေက ပြောပြထားပါတယ်။

မြေလတ်သတင်းဌာနမှာတော့ စစ်ကောင်စီတပ်ဟာ မန္တလေးမြို့ပေါ်က ရပ်ကွက်တွေကို တစ်ရပ်ကွက်လျှင် လူ ၃၀ စစ်မှုထမ်းဖို့တောင်းနေတယ်လို့ မြို့ခံတွေကိုမေးမြန်းကာ ဖော်ပြထားပါတယ်။

အရင်က စစ်မှုထမ်းအပတ်စဉ်တစ်ခုလျှင် တစ်ရပ်ကွက်ကို လူငယ် ၂ ဦးတောင်းခံခဲ့ရာကနေ အခုအပတ်စဉ်အတွက် လူဦးရေ ၃၀ တောင်းခံခဲ့တာလို့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတွေကို မေးမြန်းကာ မြေလတ်သတင်းဌာနက ဖော်ပြထားပါတယ်။

MFP သတင်းဌာနမှာ ဖော်ပြထားတဲ့လင့်

https://www.facebook.com/story.php?story_fbid=525411353151323&id=100070473873342&mibextid=oFDknk&rdid=wKyz4kovleeZWE08

မြေလတ်သတင်းဌာနမှာ ဖော်ပြထားတဲ့ လင့်

https://www.facebook.com/story.php?story_fbid=931870935645838&id=100064688198788&rdid=klGQm75TNrycAlYg

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.