US President Joe Biden speaks at a Biden-Harris campaign debate watch party in Atlanta, Georgia, on June 27, 2024, after President Biden debated former US President and Republican Presidential candidate Donald Trump. (Photo by Mandel NGAN / AFP) (Photo by MANDEL NGAN/AFP via Getty Images)

ဝါရှင်တန်၊ ဇူလိုင် ၄

ပြီးခဲ့တဲ့ သီတင်းပတ်က သမ္မတဟောင်း ဒေါ်နယ်ထရန့်နဲ့ စကားစစ်ထိုးရာမှာ အဆင်မပြေဖြစ်ခဲ့ပြီးနောက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က သူ့ရဲ့ အနာဂတ် အခြေအနေကို ဆုံးဖြတ်ဖို့ လုပ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ သူ့ရဲ့ မဲဆွယ်ရေး အဖွဲ့ဝင်တွေနဲ့ အကြီးတန်း ဒီမိုကရက်ပါတီဝင်တွေ စိတ်အေးအေးဆေးဆေး ရှိနေအောင် ဇူလိုင် ၃ ရက်မှာ လုပ်ဆောင်ခဲ့ပါတယ်။

လာမယ့် နိုဝင်ဘာလ သမ္မတ ရွေးကောက်ပွဲအတွက် သမ္မတ ဘိုင်ဒန်ရဲ့ နေရာမှာ ဒုသမ္မတ ကာမယ်လာ ဟားရစ်နဲ့ အစားထိုးမယ် မထိုးဘူးဆိုတဲ့ ပြောဆိုမှုတွေ ပိုများလာနေချိန်မှာ သူတို့နှစ်ယောက် အိမ်ဖြူတော်မှာ တံခါးပိတ် နေ့လယ်စာစားပွဲ ကျင်းပခဲ့ပါတယ်။

သမ္မတ ဘိုင်ဒန်က သူ့အနေနဲ့ ဆက်လက် ယှဉ်ပြိုင်သွားမှာ ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောဆိုထားပြီး ဒုသမ္မတ ကာမယ်လာက သူ့ကို ထောက်ခံကြောင်း ပြောဆိုထားချိန်မှာ သူတို့နှစ်ယောက်က ဒီမိုကရက်တို့ရဲ့ မဲဆွယ်မှု အားကောင်းအောင် လုပ်ဆောင်ဖို့ ပူးပေါင်း တိုက်တွန်းထား ပါတယ်။

သူဟာ ဒီမိုကရက်ပါတီက ရွေးချယ်ထားသူ ဖြစ်ပြီး သူ့ကို ထုတ်ပယ်ဖို့ ဘယ်သူကမှ တွန်းအားပေးနေတာ မရှိတဲ့အကြောင်းနဲ့ ထွက်ခွာမှာ မဟုတ်ကြောင်း သမ္မတ ဘိုင်ဒန်က ပြောကြားခဲ့တယ်လို့ သတင်းရင်းမြစ်တစ်ခုက ဆိုပါတယ်။

နောက်အနည်းငယ်အကြာမှာ ပေးပို့ခဲ့တဲ့ ရန်ပုံငွေ ရှာဖွေရေး အီးမေးလ် တစ်စောင်မှာလည်း ဘိုင်ဒန်- ကာမယ်လာ မဲဆွယ်ရေး အဖွဲ့က အလားတူ ပြောဆိုထားပါတယ်။

မိမိအနေနဲ့ ဒီပြိုင်ပွဲ အဆုံးသတ်တဲ့အထိ ဆက်ရှိနေမှာ ဖြစ်တယ်လို့ ဘိုင်ဒန်က အဲဒီအီးမေးလ်မှာ ရေးသားထားပါတယ်။

သမ္မတဟောင်း ထရန့်နဲ့ စကားစစ်ထိုးချိန်က အသက် ၈၁ နှစ် အရွယ် ဘိုင်ဒန်ဟာ စကားပြော ပြတ်တောင်း ပြတ်တောင်း ဖြစ်သွားတာ၊ အသံ အားနည်းသွားတာ၊ နားလည်ဖို့ခက်တဲ့ အဖြေတွေ ပေးသွားတာတွေကြောင့် သူနဲ့ ပတ်သက်လို့ မေးခွန်းတွေ အများကြီး ထွက်ပေါ်လာခဲ့ပါတယ်။

ဒီမိုကရက်တို့ ကြားမှာလည်း သူ့အနေနဲ့ တာဝန်ထမ်းဆောင်ဖို့ ကြံခိုင်မှု ရှိမရှိ၊ ရွေးကောက်ပွဲ အနိုင်ရနိုင်စွမ်း ရှိ မရှိ ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။

ဒီအချိန်မှာ သဘောထား စစ်တမ်းတွေကလည်း ရွေးကောက်ပွဲမှာ သမ္မတဟောင်း ထရန့် အားသာနေကြောင်း ဖော်ပြထားတာကြောင့် လက်ရှိသမ္မတ ဘိုင်ဒန် အပေါ် ဖိအားတွေ ပိုများလာခဲ့ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.