July 4, 2024

စစ်အာဏာသိမ်း (၁၂၅၀) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၃၅၁) ဦးအထိရှိလာ

မော်လမြိုင်၊ ဇူလိုင် ၅ AAPP ရဲ့ ဇူလိုင် ၄ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၅၀) ရက်အတွင်း ပြည်သူ (၅၃၅၁) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၉၈၄) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၂၈၆) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

အခွန်တိုးကောက်ဖို့ စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ်ညွှန်ကြား

မော်လမြိုင် ၊ ဇူလိုင် ၅ စစ်တပ်အာဏာသိမ်းမှုကြောင့် ပြည်သူတွေ ဆိုးဆိုးရွားရွား ကျပ်တည်းနေချိန်မှာ အခွန်တိုးကောက်ဖို့ စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ညွှန်ကြားလာပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်နေ့က မော်လမြိုင်မြို့ရှိ ပြည်နယ်အစိုးရရုံးမှာ ပြုလုပ်တဲ့ မွန်ပြည်နယ် အခွန် ကောက်ခံမှု အထောက်အကူပြုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ညွှန်ကြားခဲ့တာပါ။ စစ်ကောင်စီခန့် မွန်ပြည်နယ် ဝန်ကြီးချုပ်က ပြည်နယ်အတွင်းရှိ…

စစ်မှုထမ်းသင်တန်းဆင်းတွေကို ခွင့်မပေးဘဲ တိုက်ပွဲဖြစ်တဲ့ဒေသတွေဆီတန်းပို့

နေပြည်တော် ၊ ဇူလိုင် ၅ လွန်ခဲ့တဲ့ ရက်သတ္တပတ်အတွင်း သင်တန်းဆင်းခဲ့ကြတဲ့ စစ်မှုထမ်းအပတ်စဉ် ၁ က သင်တန်းသားတွေကို စစ်ကောင်စီက ခွင့်မပေးဘဲ တိုက်ပွဲဖြစ်တဲ့ ဒေသတွေနဲ့ တပ်အင်အားလိုအပ်တဲ့နေရာတွေမှာ တန်းပို့တာတွေ ရှိနေတယ်လို့ CDM တပ်အသိုင်းအဝိုင်းကနေ သိရပါတယ်။ စစ်ကောင်စီအသက်သွင်းခဲ့တဲ့ စစ်မှုထမ်းဥပဒေအရ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖွင့်လှစ်ခဲ့တဲ့ စစ် မှုထမ်းအပတ်စဉ် ၁ သင်တန်းကို ပြီးခဲ့တဲ့…

သရက်ချောင်းမှာ အိမ်စီးကားနဲ့လာတဲ့ ရဲနဲ့ပျူစောထီးတွေ ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံး

သရက်ချောင်း၊ ဇူလိုင် ၅ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်မှာ အိမ်စီးကားနဲ့လာတဲ့ ရဲနဲ့ပျူစောထီးအဖွဲ့ ကြားဖြတ်တိုက် ခိုက်ခံရတာကြောင့် ပျူစောထီး တစ်ဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေါင်းညီ နောင်စစ်ကြောင်းထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက် ညနေ ၄ နာရီအချိန်ခန့်မှာ ထားဝယ်မြို့ကနေ သရက်ချောင်းမြို့နယ်ဘက်ကို အင်အား ၁၀ ဝန်းကျင်နဲ့ အိမ်စီးကားနှစ်စီးနဲ့လာတဲ့…

မန္တလေးမှာ စစ်သားစုဆောင်းတာမရှိဘူးလို့ စစ်တပ်လိမ် လည်ဝါဒဖြန့်

အမှန်/အမှား +++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန် ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သ တင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့” မန္တလေးမှာ စစ်မှုထမ်းဖို့ စစ်ကောင်စီတပ်က လူသစ်စုဆောင်းနေတာကို စစ်တပ်လော်ဘီချန်နယ်တွေမှာ သတင်းအမှားဆိုပြီး ဖြန့်ချိနေတဲ့ အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်တပ်ထိန်းချုပ်ထားတဲ့…

စေတုတ္တရာမြို့နယ်မှာ အုပ်ချုပ်ရေးမှူးနဲ့ ပုဂ္ဂိုလ်ရေးအရ အဆင်မပြေသူတွေကို စစ်မှုထမ်းဖို့ ဦးစားပေးခေါ်ယူနေ

မကွေး၊ ဇူလိုင် ၄ မကွေးတိုင်း စေတုတ္တရာမြို့နယ်မှာ အုပ်ချုပ်ရေးမှူးနဲ့ ပုဂ္ဂိုလ်ရေးအရအဆင်မပြေသူတွေကို စစ်မှုထမ်း ဒုတိယအကြိမ်အတွက် ဦးစားပေးခေါ်ယူနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကျေးရွာအုပ်စု တစ်စုကို (၁၀) ယောက်နှုန်းသတ်မှတ်ထားတာဖြစ်ပြီးတော့ ဇူလိုင် ပထမပတ်ကစလို့ ခေါ်ယူနေတာဖြစ်တယ်လို့ သိရပါတယ်။ “အုပ်ကြီးနဲ့ စာရေးတွေက သူတို့နဲ့အဆင်မပြေသူတွေကို အဓိကထားပြီးစာရင်းပေးတာ။ ပြီးတော့ အခြေခံလူတန်းစားတွေရဲ့ သားယောကျာ်းလေးတွေအဓိကပါဝင်ပါတယ်” လို့ ဒေသခံတစ်ဦးက…

ဖိအားတွေ များနေပေမယ့် ရွေးကောက်ပွဲကနေ နုတ်ထွက်မှာ မဟုတ်ဘူးလို့ သမ္မတ ဘိုင်ဒန် ပြော

ဝါရှင်တန်၊ ဇူလိုင် ၄ ပြီးခဲ့တဲ့ သီတင်းပတ်က သမ္မတဟောင်း ဒေါ်နယ်ထရန့်နဲ့ စကားစစ်ထိုးရာမှာ အဆင်မပြေဖြစ်ခဲ့ပြီးနောက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က သူ့ရဲ့ အနာဂတ် အခြေအနေကို ဆုံးဖြတ်ဖို့ လုပ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ သူ့ရဲ့ မဲဆွယ်ရေး အဖွဲ့ဝင်တွေနဲ့ အကြီးတန်း ဒီမိုကရက်ပါတီဝင်တွေ စိတ်အေးအေးဆေးဆေး ရှိနေအောင် ဇူလိုင် ၃ ရက်မှာ လုပ်ဆောင်ခဲ့ပါတယ်။ လာမယ့်…

ရာဇဝတ်မှု သံသယရှိသူတွေကို လွှဲအပ်ရေး မြန်မာနဲ့ထိုင်း သဘောတူ

ဘန်ကောက်၊ ဇူလိုင် ၄ ရာဇဝတ်မှု သံသယရှိသူတွေကို အပြန်အလှန် လွှဲအပ်ရေး မြန်မာနဲ့ ထိုင်း ရဲတပ်ဖွဲ့တို့ကြား သဘောတူညီမှု တစ်ရပ် လက်မှတ်ရေးထိုးခဲ့ကြောင်း ထိုင်းအကြီးတန်း အရာရှိ တစ်ယောက်က ပြောကြားပါတယ်။ နှစ်နိုင်ငံရဲတပ်ဖွဲ့ကြား သဘောတူညီမှုမှာ စစ်မှုထမ်းဥပဒေကို ရှောင်ရှားဖို့ ထိုင်းနိုင်ငံထဲ ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေ ဒါမှမဟုတ် ရာဇဝတ်မှု အသေးစား ကျူးလွန်သူတွေတော့ ပါဝင်မှာ မဟုတ်ဘူးလို့…

ရေဖြူမှာ စစ်ကောင်စီစစ်ကြောင်း ဖမ်းဆီးသွားတဲ့ ဒေသခံတစ်ဦး သတ်ဖြတ်ခံရ

ရေဖြူ၊ ဇူလိုင် ၄ တနင်္သာရီတိုင်း ရေဖြူမြို့နယ် ဇာဒီကျေးရွာအုပ်စုကနေ စစ်ကောင်စီစစ်ကြောင်း ဖမ်းဆီးသွားတဲ့ ဒေသခံရှစ်ဦးအနက် ဒေသခံတစ်ဦးရဲ့ ရုပ်အလောင်းကို သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်နေ့က တပ်အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ရေဖြူမြို့နယ်ထဲ စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် ဇာဒီရွာနဲ့ ခေါင်ပြန်ရွာက အမျိုးသားလေးဦးနဲ့…

စဉ့်ကူးမြို့နယ်က နွယ်ရုံရဲစခန်းအပါအဝင် စစ်စခန်းခြောက်ခုကို မန္တလေး PDF သိမ်းပိုက်

စဉ့်ကူး၊ ဇူလိုင် ၄ ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ အဖြစ် မန္တလေးတိုင်း စဉ့်ကူးမြို့နယ်က နွယ်ရုံရဲစခန်းအပါအဝင် စစ်စခန်းခြောက်ခုကို တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) စစ်ဦးစီးအဖွဲ့က ဇူလိုင် ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အဲဒီထဲမှာ ဒိုးနွယ်ရွာ တပ်စခန်း ၊ နမ့်ဟပ်ရွာတပ်စခန်း ၊ မာလဲဆည် ရှင်းလင်းဆောင်တပ်စခန်း ၊ ရွှေမာလဲစေတီ…