July 3, 2024

ထိုင်းနယ်စပ်နဲ့ ဘေးလွတ်ရာ တိမ်းရှောင်နေကြတဲ့ ရေဖြူဒေသခံအများစု နေရပ်မပြန်ရဲသေး

ရေဖြူ ၊ ဇူလိုင် ၄ တနင်္သာရီတိုင်း ရေဖြူမြို့ နယ်အတွင်း ပြီးခဲ့တဲ့ ဇွန်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ထိုင်းနယ်စပ်နဲ့ ဘေးလွတ်ရာ တိမ်းရှောင်နေကြတဲ့ ဒေသခံအများစုဟာ နေရပ်မပြန်လာရသေးဘူးလို့ မွန်ပြည်တော်လှန်ရေးတပ် MSRF ကနေ သိရပါတယ်။ လနဲ့ချီ စစ်ကောင်စီလက်လွှတ်ခဲ့ရတဲ့ ရေး-ထားဝယ် ပြည်ထောင်စုလမ်းမကြီးကို ပြန်လည်ထိန်း ချုပ်နိုင်ဖို့ ဇွန် ၇ ရက်နေ့ကစပြီး ရေဖြူမြို့နယ်မှာ…

တနင်္သာရီမှာ လေယာဉ်နဲ့ဗုံးကြဲခံရလို့ အရပ်သားသုံးဦးဒဏ်ရာရ

တနင်္သာရီ၊ ဇူလိုင် ၄ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်နဲ့ကျွန်းစုမြို့နယ်တို့မှာ ဇူလိုင် ၂ ရက်နေ့ တစ်ရက်တည်း စစ်ကောင်စီဘက်က ရဟတ်ယာဉ်နဲ့ဗုံးကြဲသွားတဲ့အတွက် အရပ်သားပြည်သူ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီနေ့ နေ့လည် ၁၂ နာရီအချိန်ခန့်မှာ မြိတ်လေတပ်စခန်းကနေ တက်လာတဲ့ ရဟတ်ယာဉ်နှစ်စီးဟာ တနင်္သာရီမြို့နယ် သာရဖုံကျေးရွာနဲ့ ကျွန်းစုမြို့နယ်ဝါရစ်ကျေးရွာတို့ကို ဗုံး ၁၀ လုံးထက်မနည်း…

ထားဝယ်အထူးစီးပွားရေးဇုန် တိုက်ပွဲမှာ PDF ရဲဘော်လေးဦးကျဆုံး

ရေဖြူ၊ ဇူလိုင် ၄ တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန် လဲရှောင်ကျေးရွာအနီး ဖြစ် ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း PDF ရဲဘော်လေးဦး ကျဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။ ထားဝယ်အထူးစီးပွားရေးဇုန်ဒေသထဲ တစ်ကျော့ပြန် စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေကြား ဇူလိုင် ၂ ရက်နေ့ မနက်ပိုင်းမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ အဲဒီတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရဲဘော် လေးဦး…

မြဝတီမြို့မှာ KTV က ပြန်လာတဲ့ နယ်ထိန်းရဲခေါင်းဆောင် ပစ်သတ်ခံရ

မြဝတီ၊ ဇူလိုင် ၃ ကရင်ပြည်နယ် မြဝတီမြို့ ရဲစခန်းအနီး မတန်းရမြို့ပတ်လမ်းဆုံမှာ ဇူလိုင် ၂ ရက်နေ့ မနက် ၂ နာရီအချိန်ခန့်က KTV ကနေ ပြန်လာတဲ့ နယ်ထိန်းရဲခေါင်းဆောင် တစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ မြို့ခံတွေထံကနေ သိရပါတယ်။ မြဝတီမြို့ အင်ပါယာ KTV ကနေ ကားနဲ့တစ်ဦးတည်းပြန်လာတဲ့ မြဝတီမြို့မရဲစခန်းက နယ်ထိန်းခေါင်းဆောင်…

လားရှိုးမြို့မှာ လက်နက်ကြီးကျလို့ အရပ်သား ခုနှစ်ဦး သေဆုံး

လားရှိုး၊ ဇူလိုင် ၃ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ ဇူလိုင် ၃ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်က လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ ခုနှစ်ဦး သေဆုံးခဲ့တယ်လို့ မြို့ခံတွေထံကနေ သိရပါတယ်။ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားနေတဲ့ လားရှိုးမြို့ အမှတ် ၁ ရပ်ကွက်အနီးကို လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် နေအိမ်အတွင်းရှိနေတဲ့ မိသားစုဝင် ခြောက်ဦးလုံး…

ယူကရိန်းစစ်ပွဲအတွက် အမေရိကန်က ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံ ထပ်မံကူညီမယ်

ဝါရှင်တန်၊ ဇူလိုင် ၃ ယူကရိန်းအတွက် လုံခြုံရေးဆိုင်ရာ အကူအညီ ကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံ ထပ်မံပေးအပ်မယ့် အစီအစဉ်ကို မကြာခင် ကြေညာသွားမယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး အယ်လ်လွိုင်း အော်စတင်က ဇူလိုင် ၂ ရက်မှာ ပြောကြားလိုက်ပါတယ်။ အမေရိကန်က ထပ်မံပေးပို့မယ့် အကူအညီတွေမှာ သံချပ်ကာ ကားဖျက် လက်နက်တွေ၊ ကြားဖြတ်ပစ်ချရေး…

အိန္ဒိယက ဟိန္ဒူဘာသာရေးအခမ်းအနားမှာ လူအုပ်တက်နင်းပြီး လူ ၁၀၀ ကျော် သေဆုံး

ဟာသရက်စ်၊ ဇူလိုင် ၃ အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဘာသာရေး အခမ်းအနားတစ်ခုမှာ လူအုပ် တက်နင်းမိပြီး လူ ၁၁၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ရဲမှူး ဆလာဘက် မာသာက ပြောကြားခဲ့ပါတယ်။ ဥသာပရာဒက်ချ် ပြည်နယ် ဟာသရက်စ် ဒေသမှာ ကျင်းပတဲ့ ဟိန္ဒူ ဘာသာရေး အခမ်းအနားမှာ လူအုပ်တက်နင်းမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ သေဆုံးသူတွေထဲမှာ အမျိုးသမီးတွေနဲ့…

မတ္တရာမှာ စစ်ကူစစ်ကြောင်း ဖြတ်တောက်တိုက်ခိုက်ခံရပြီး စစ်သုံ့ပန်း ၁၆ ဦး ဖမ်းဆီးရမိ

မတ္တရာ၊ ဇူလိုင် ၃ မန္တလေးတိုင်း မတ္တရာမြို့နယ်ထံ စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်း ဖြတ်တောက်တိုက်ခိုက်ခံရပြီး စစ်သုံ့ပန်း ၁၆ ဦးနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဇူလိုင် ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ပြင်ဦးလွင်ခရိုင် ပကဖ နဲ့ မတ္တရာမြို့နယ် ပကဖ တိုက်နယ် (၃) တို့က…

ဂျိုင်းမြစ်ဝှမ်းက စစ်ဘေးသင့်ဒေသခံတွေ ယာယီနေထိုင်နိုင်ဖို့ ကျပ်သိန်းတစ်ထောင်ကျော် ထောက်ပံ့

ကျိုက်မရော ၊ ဇူလိုင် ၃ ဂျိုင်းမြစ်ဝှမ်းတိုက်ပွဲအတွင်း နေအိမ်မီးလောင်ပျက်စီးခဲ့ရတဲ့ ဒေသခံပြည်သူတွေ ယာယီနေအိမ်တွေ ပြန်လည်တည်ဆောက်ပြုပြင်နိုင်ဖို့ ကျပ်သိန်းတစ်ထောင်ကျော် ကူညီထောက်ပံ့ပေးခဲ့တယ်လို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ကနေ သိရပါတယ်။ အဲဒီထောက်ပံ့မှုဟာ ဇူလိုင် ၂ ရက်နေ့က ဒုတိယအကြိမ်အဖြစ် နေအိမ်မီးလောင်ခဲ့ရတဲ့ ကျိုက်မရောမြို့ နယ် ဓမ္မသကျေးရွာက နေအိမ် ၁၃၇ လုံးနဲ့ ကျွန်းကုန်းရွာက နေအိမ် ၈ လုံးတို့အတွက် တစ်အိမ်…