June 2024

မြန်မာနိုင်ငံက အကျဉ်းထောင်တွေထဲမှာ ဘာတွေဖြစ်နေလဲ

“လက်နက်ပုဒ်မနဲ့ ရောက်လာတဲ့သူတွေဟာ ငါတို့ရဲ့ ရန်သူတွေပဲ ဆိုတဲ့ တွေးခေါ်ယူဆချက်တွေနဲ့ အကျဉ်းဦးစီးဌာနဝန်ထမ်းတွေဟာ ဒီလိုမျိုး လူမဆန်တဲ့ လုပ်ရပ်တွေ၊ သတ်ဖြတ်မှုတွေကို ဥပဒေမဲ့ ချိုးဖောက်မှုတွေ ညှင်းပန်းနှိပ်စက်မှုတွေ ဖိနှိပ်မှုတွေ လုပ်နေတယ်လို့ ပြောလို့ရပါတယ်” ကိုသိုက်ထွန်းဦး (PPNM) နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အဆိုအရ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုဖြစ်စဉ်နဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံခဲ့ရသူတွေဟာ အခုလတ်တလောအထိ ၂…

စစ်အာဏာသိမ်း (၁၂၄၁) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၃၃၆) ဦးအထိရှိလာ

မော်လမြိုင်၊ ဇွန် ၂၆ AAPP ရဲ့ ဇွန် ၂၅ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၄၁) ရက်အတွင်း ပြည်သူ (၅၃၃၆) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၉၁၂) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၂၈၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

မွန်နဲ့ကရင်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုမရှိဘူးလို့ စစ်ကောင်စီဝန်ခံ

မော်လမြိုင်၊ ဇွန် ၂၆ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်မှာ စစ်ကောင်စီလက်ထက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှု မရှိသလောက် နည်းပါးနေတယ်လို့ စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက တရုတ်သံအမတ်ချန်းဟိုင်နဲ့ တွေ့ဆုံစဉ် ဝန်ခံပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၂၄ ရက်နေ့က စစ်ကောင်စီခန့် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းဟာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ချန်းဟိုင်ကို မော်လမြိုင်မြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ လက်ခံတွေ့ဆုံခဲ့တာပါ။ အဲဒီတွေ့ဆုံမှုမှာ…

ကော့သောင်းမှာ တောင်မြေပြိုမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး

ကော့သောင်း၊ ဇွန် ၂၆ တနင်္သာရီတိုင်း ကော့သောင်းမြို့မှာ ဇွန်၂၅ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်က မိုးသည်းထန်စွာ ရွာ သွန်းပြီး တောင်မြေပြိုကျမှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကော့သောင်းမြို့ အေးမြကန်သာရပ်ကွက် မနော်ဟရီ ၆ လမ်းနေ ဒေါ်စန်းစန်းအေး နေအိမ်ပေါ် တောင်နံရံကနေ မြေပြိုကျမှုဖြစ်ပွားခဲ့တာပါ။ တောင်မြေပြိုမှုကြောင့်…

ဒိုက်ဦးထောင်မှာ ရိုက်နှက်တိုက်ပိတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသူတွေ ဆေးကုသခွင့်မရ

ပဲခူး၊ ဇွန် ၂၆ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ပဲခူးတိုင်း ဒိုက်ဦးအကျဉ်းထောင်ထံ ထောင်ပြောင်းခံရတဲ့ နိုင်ငံရေးအကျဉ်းသူတွေအပါအဝင် အခြားအကျဉ်းသူ ၃၀ ကျော်ဟာ ရိုက်နှက်တိုက်ပိတ်ခံရပြီးနောက် ဆေးဝါးကုသခွင့်မရဘူးလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီရေးအဖွဲ့တွေထံက သိရပါတယ်။ ဒိုက်ဦးအကျဉ်းထောင်တွင်း ထောင်အာဏာပိုင်တွေမှ နိုင်ငံရေးအကျဉ်းသူတွေအပေါ် ကျူးလွန်တဲ့ ဥပဒေမဲ့အကြမ်းဖက်လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသားများ ကူညီရေးအဖွဲ့ ရှစ်ဖွဲ့က ဇွန် ၂၅ ရက်နေ့မှာ သဘောထား…

ပခုက္ကူမြို့နယ်က ရှင်မကန် ပျူစောထီးရွာကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ သိမ်းပိုက်

ပခုက္ကူ၊ ဇွန် ၂၅ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဖလံအိုအုပ်စုထဲက ရှင်မကန် ပျူစောထီးကျေးရွာကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဇွန် ၂၅ ရက်မှာသိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။ ရှင်မကန် ကျေးရွာအခြေစိုက် အဲဒီပျူစောထီးစခန်းကို ဒီနေ့ နံနက် ၅ နာရီ ၂၀ မိနစ်အချိန်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲကြာမြင့်ချိန် မိနစ် ၅၀ နီးပါးရှိတယ်လို့ သိရပါတယ်။ “သွေးကြွေးတောင်းဖို့ ပြင်ဆင်တဲ့ပွဲပဲ…

မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သား ၂၆၀၀၀ ကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး

ဘန်ကောက်၊ ဇွန် ၂၅ အခုလ လဆန်းပိုင်းက ဘန်ကောက်မြို့နဲ့ အနီးအနား ပြည်နယ်တွေမှာ ၈ ရက်ကြာ ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း ရဲတပ်ဖွဲ့ဟာ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားက ရွှေ့ပြောင်း အလုပ်သမား ၂၆၀၀၀ ကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းအစိုးရက ပြောပါတယ်။ ရွှေ့ပြောင်းနေထိုင်သူတွေ အများကြီး ဝင်ရောက်လာမှုနဲ့ ပတ်သက်လို့ တိုင်ကြားချက်တွေ အများကြီး ရှိလာတာကြောင့်…

ပထမအသုတ် ခေါ်ယူထားတဲ့ စစ်မှုထမ်း ၅၀၀၀ အခုလကုန်မှာ တာဝန်ထမ်းဆောင်ရတော့မယ်

နေပြည်တော်၊ ဇွန် ၂၅ စစ်ကောင်စီက စစ်မှုထမ်းဥပဒေနဲ့ ပထမဆုံးအသုတ်အဖြစ် ခေါ်ယူထားသူ ၅၀၀၀ ကို အခုလကုန်မှာ တာဝန်စပေးတော့မယ်လို့ စစ်တပ်သတင်းရင်းမြစ်တွေက AFP သတင်းဌာနကို ဇွန် ၂၄ ရက်မှာ ပြောကြားခဲ့ပါတယ်။ အာဏာသိမ်းပြီး သုံးနှစ်အကြာမှာ စစ်သားအင်အား ပြတ်လပ်မှုနဲ့ ကြုံနေရတဲ့ စစ်တပ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့ပါတယ်။ အဲဒီဥပဒေအရ မြန်မာစစ်တပ်အနေနဲ့…

အာဏာသိမ်းသုံးနှစ်အတွင်း မြန်မာပြည်သူ ၇၅ ရာခိုင်နှုန်း ဆင်းရဲမွဲတေမှု အန္တရာယ်နဲ့ရင်ဆိုင်နေရ

မော်လမြိုင် ၊ ဇွန် ၂၅ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သုံးနှစ်တာအတွင်း နိုင်ငံ့လူဦးရေရဲ့ ၇၅ ရာခိုင်နှုန်း ဒါမှမဟုတ် ခန့်မှန်ခြေ လူဦးရေ ၄၂ သန်းဟာ ဆင်းရဲမွဲတေမှု အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ ကု လသမဂ္ဂဖွံ့ ဖြိုးမှုအစီအစဉ် UNDP က ထုတ်ပြန်ပါတယ်။ UNDP ရဲ့ ထုတ်ပြန်ချက်အရ သုံးနှစ်တာအတွင်း နိုင်ငံတွင်းရှိ လူလတ်တန်းစား…

မွန်ပြည်နယ် ချောင်းဆုံမှာ ကျောက်မီးသွေးစက်ရုံ တည် ဆောက်မယ်လို့ စစ်ကောင်စီပြော

ချောင်းဆုံ၊ ဇွန် ၂၅ မွန်ပြည်နယ် ချောင်းဆုံမြို့နယ်(ဘီးလူးကျွန်း)မှာ ကျောက်မီးသွေးစက်ရုံ တည်ဆောက်နိုင်ရေး ခွင့် ပြုချက်ရရှိထားပြီလို့ စစ်ကောင်စီခန့်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ပြောပါတယ်။ မနေ့ ဇွန် ၂၄ ရက်နေ့ မနက်ပိုင်းက မော်လမြိုင်မြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ချန်းဟိုင်နဲ့ တွေ့ဆုံစဉ် ထုတ်ဖော်ပြောဆိုခဲ့တာပါ။ အဲဒီတွေ့ဆုံမှုမှာ ဦးအောင်ကြည်သိန်းက ကျောက်မီးသွေးစက်ရုံ တည်ဆောက်နိုင်ဖို့ တရုတ်ကုမ္ပဏီနဲ့ ချိတ်ဆက်…