June 2024

စစ်အာဏာသိမ်း (၁၂၄၃) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၃၃၈) ဦးအထိရှိလာ

မော်လမြိုင်၊ ဇွန် ၂၇ AAPP ရဲ့ ဇွန် ၂၆ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၄၃) ရက်အတွင်း ပြည်သူ (၅၃၃၈) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၉၂၅) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၂၈၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

စစ်တပ်လက်နက်ကြီးကြောင့် KNU သထုံခရိုင် ဒေသခံတစ်သောင်းကျော် ထွက်ပြေးနေရ

သထုံ၊ ဇွန် ၂၈ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ သထုံခရိုင်အုပ်ချုပ်နယ်မြေမှာ စစ်ကောင်စီတပ်ရဲ့ နေ့စဉ်ရက်ဆက် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူလူထု တစ်သောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU သထုံခရိုင်တာဝန်ရှိသူတွေထံကနေ သိရပါတယ်။ KNU သထုံခရိုင်အုပ်ချုပ်နယ်မြေတွေဖြစ်တဲ့ ကျိုက်ထို၊ဘီးလင်း၊သထုံနဲ့ဘားအံမြို့နယ်တို့ကို ပြီးခဲ့တဲ့လကစပြီး စစ်ကောင်စီတပ်ကနေ နေ့စဉ်နဲ့အမျှ လက်နက်ကြီး ပစ်ခတ်မှုတွေ လုပ်ဆောင်နေပြီး အဲဒီထဲမှာ ကျိုက်ထိုမြို့…

စစ်တပ်ဖမ်းဆီးသွားတဲ့ ကျိုက်ထိုဒေသခံရှစ်ဦး သတင်းအစ အနမရဘဲ ပျောက်ဆုံးနေ

ကျိုက်ထို၊ ဇွန် ၂၈ မွန်ပြည်နယ် ကျိုက်ထိုမြို့ ကော့စနိုင်ရပ်ကွက်မှာ စစ်ကောင်စီတပ် ဖမ်းဆီးသွားတဲ့ လူမှုကူညီရေးအသင်းဝင် တွေအပါအဝင် ဒေသခံရှစ်ဦးဟာ နှစ်ပတ်ကျော်ကြာတဲ့အထိ သတင်းအစအနမရဘဲ ပျောက်ဆုံးနေတယ်လို့ မိသားစုနဲ့နီးစပ်သူတွေထံက သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇွန် ၁၃ ရက်နေ့နဲ့ ၁၄ ရက်နေ့တို့မှာ ကော့စနိုင်လူမှုကူညီရေးအသင်းဝင်လေးဦးနဲ့ သူတို့ရဲ့ မိတ်ဆွေအမျိုးသားလေးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ထောက်ပို့စွပ်စွဲချက်တွေနဲ့ နေအိမ်မှာ…

တနင်္သာရီ ကျွဲထိန်းကုန်းရွာကို စစ်တပ်လေယာဉ်နဲ့ဗုံးကြဲ

တနင်္သာရီ၊ ဇွန် ၂၈ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ကျွဲထိန်းကုန်းကျေးရွာကို ဇွန် ၂၇ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ လာရောက်ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မြိတ်မြို့ လေတပ်ကနေ တက်လာတဲ့ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာ တိုက်ခိုက်ရေးလေယာဉ်ဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ကျွဲထိန်းကုန်းကျေးရွာထဲကို ဗုံးငါးလုံးကြဲချပြီးနောက် စက်သေနတ်တွေနဲ့ပါ ပစ်ခတ်သွားခဲ့ပါတယ်။ စစ်ကောင်စီတပ်ရဲ့…

ရွာလုံးကျွတ်နီးပါး စစ်ဘေးရှောင်နေရတဲ့ ရေမျက်နီရွာမှာ ဆေးဝါးနဲ့ ရိက္ခာတွေ လိုအပ်နေ

မကွေး၊ ဇွန် ၂၇ မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ရေမျက်နီရွာက စစ်ရှောင်တွေ​အတွက် ဆေးဝါးနဲ့ ရိက္ခာတွေလိုအပ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ အဲဒီရွာမှာ စစ်ရှောင်ဦးရေ ၁၆၀၀ ဝန်းကျင်ရှိပြီး မိုးရာသီအတွင်းဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါတွေအတွက် ဆေးဝါးတွေအဓိကလိုအပ်နေတယ်လို့ဆိုပါတယ်။ “မိုးကာ၊ မိုးရာသီနဲ့ဆိုင်တဲ့ဆေးဝါး၊ စားရပ်ရိက္ခာတွေပေါ့။ မိုးစပြီဆိုတော့ ဖြစ်ကြတယ်ဗျ။ ရေမျက်နီရွာက စစ်ရှောင်နေရတာလည်း ခုနှစ်လကျော်ပြီဆိုတော့လိုအပ်ချက်တွေရှိလာတယ်” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။ ထီးလင်းမြို့နယ်မှာ…

မြန်မာစစ်တပ်ကို ဘဏ္ဍာရေး ဝန်ဆောင်မှုပေးရာမှာ ထိုင်းဘဏ်တွေ ထိပ်ဆုံးက ပါဝင်နေ

ဘန်ကောက်၊ ဇွန် ၂၇ မြန်မာစစ်ကောင်စီအတွက် နိုင်ငံတကာ ဘဏ္ဍာရေး ဝန်ဆောင်မှုပေးရာမှာ ထိုင်းဘဏ်တွေဟာ အဓိကဝန်ဆောင်မှုပေးတဲ့ ဘဏ်တွေ ဖြစ်နေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် တွမ် အန်ဒရူးရဲ့ ဇွန် ၂၆ ရက်မှာထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒီလိုဝန်ဆောင်မှုတွေ ပေးနေတာကြောင့် စစ်ကောင်စီဟာ ဒီမိုကရေစီ လိုလားတဲ့ တော်လှန်ရေးတပ်တွေနဲ့ တိုင်ရင်းသားလက်နက်ကိုင်တပ်တွေကို ဆိုးရွားတဲ့တိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်ဖို့ လိုအပ်တဲ့…

ယူကရိန်းစစ်ပွဲဆီ မြောက်ကိုရီးယားစစ်သားတွေ စေလွှတ်ရင် အမြောက်စာ ဖြစ်သွားမယ်လို့ ပင်တဂွန် ခြိမ်းခြောက်

ဝါရှင်တန်၊ ဇွန် ၂၇ ယူကရိန်းစစ်ပွဲမှာ ရုရှားကို ကူညီဖို့ မြောက်ကိုရီးယားက စစ်သားတွေ စေလွှတ်ခဲ့မယ်ဆိုရင် အမြောက်စာ ဖြစ်သွားလိမ့်မယ်လို့ အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်က ခြိမ်းခြောက်လိုက်ပါတယ်။ ဇွန် ၂၅ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာမှာ ပင်တဂွန် ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ပက်ရိုက်ဒါကို သတင်းထောက် တစ်ယောက်က မြောက်ကိုရီးယား ဆောက်လုပ်ရေးနဲ့ အင်ဂျင်နီယာ လုပ်ငန်းတွေဟာ…

အရပ်သားတွေ ညှဉ်းပန်းနှိပ်စက်ခံရမှု ပိုဆိုးလာတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ပြော

မော်လမြိုင်၊ ဇွန် ၂၇ မြန်မာပြည်အရှေ့တောင်ပိုင်းဒေသမှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အ ရေးချိုးဖောက်မှုတွေ ပိုမိုဆိုးရွားလာပြီး အဲဒီထဲမှာ အရပ်သားတွေ ညှဉ်းပန်းနှိပ်စက်ခံရတဲ့ဖြစ်စဉ်တွေ ပိုမိုများပြားလာခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့KHRG က ပြောပါတယ်။ ဇွန် ၂၆ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ညှဉ်းပန်းနှိပ်စက်ခံရသူများကို ကူညီထောက် ပံ့ရေးနေ့မှာ KHRG က မြန်မာအရှေ့တောင်ပိုင်းဒေသမှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ ပတ်…

ကျောက်မဲမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ ဦးသေဆုံးပြီး ၁၅ ဦး ဒဏ်ရာရ

ကျောက်မဲ၊ ဇွန် ၂၇ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ ဦးသေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။ ဇွန် ၂၆ ရက်နေ့ နေ့လည်ပိုင်းကနေ ညနေပိုင်းအထိ စစ်ကောင်စီတပ်ဟာ ဂျက်ဖိုက်တာ တိုက်လေ ယာဉ်တွေနဲ့ ကျောက်မဲမြို့ပေါ်ရပ်ကွက်တွေမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့်…

နှစ်ရက်အတွင်း စစ်ကောင်စီတပ်စခန်း ၂၄ ခုကို TNLA ပူး ပေါင်းအဖွဲ့ သိမ်းပိုက်

ကျောက်မဲ၊ ဇွန် ၂၇ တအာင်းတပ်မတော် TNLA နဲ့ စစ်ကောင်စီတပ်တို့ကြား တစ်ကျော့ပြန် စတင်ခဲ့တဲ့ ရှမ်းမြောက်က တိုက်ပွဲတွေမှာ နှစ်ရက်အတွင်း စစ်ကောင်စီတပ်စခန်း ၂၄ ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။ ဇွန် ၂၅ ရက်နေ့ မနက်အစောပိုင်းကစပြီး ၁၀၂၇ စစ်ဆင်ရေး အဆက်အဖြစ် မိုးမိတ်၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုနဲ့…