အထွေထွေအကျပ်အတည်းကြောင့် မသန်စွမ်းသူတွေ အ သက်ရှင်နေထိုင်ဖို့ ပိုမိုခက်ခဲလာ
မော်လမြိုင် ၊ ဇွန် ၁၁ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းကာလအတွင်း ကုန်ဈေးနှုန်းအဆမတန် မြင့်တက်လာမှုနဲ့အတူ အထွေထွေအကျပ်အတည်းတွေကြောင့် မသန်စွမ်းသူတွေ အသက်ရှင်နေထိုင်ဖို့ ပိုမိုခက်ခဲလာတယ်လို့ မသန်စွမ်းအရေး ကူညီဆောင်ရွက်နေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မသန်စွမ်းသူတွေဟာ စစ်တပ်အာဏာသိမ်းသုံးနှစ်ကျော်ကာလအတွင်း အလုပ်အကိုင် အခွင့်အ လမ်း ရှားပါးလာတာ၊ ကုန်ဈေးနှုန်းကြီးမြင့်လာတာ၊ စိတ်ပိုင်းနဲ့ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေအပြင် အိမ်တွင်းအကြမ်းဖက်မှု ဒဏ်တွေကိုပါ ခံစားနေရတာပါ။ ဒါ့အပြင် မိသားစုစားဝတ်နေရေး…