June 2024

ဂျိုင်းမြစ်ဝှမ်းက နေရပ်ပြန်စစ်ရှောင်တွေ သောကဝေနေရဆဲ

ကျိုက်မရော ၊ ဇွန် ၁၆ တိုက်ပွဲကြောင့် ဘေးလွတ်ရာတိမ်းရှောင်ခဲ့ရတဲ့ မွန်နဲ့ကရင်အစပ် ဂျိုင်းမြစ်ဝှမ်းက ဒေသခံပြည်သူတချို့ နေရပ် ပြန်လာကြပေမယ့် စစ်လက်နက်အကြွင်းကျန် အန္တရာယ်နဲ့ နေအိမ်မီးလောင်ပျက်စီးမှုကြောင့် နေထိုင်ရေးအတွက် အခက်အခဲဖြစ်နေကြရပါတယ်။ ဂျိုင်းမြစ်ဝှမ်းဒေသက ကော့ဘိန်းအပါအဝင် ဓမ္မသ၊သံကလောင်နဲ့တရနာ စတဲ့ကျေးရွာတွေမှာ ဧပြီ လကုန်ပိုင်းကတည်းက နှစ်ဖက်ပစ်ခတ်သံတွေ တိတ်ဆိတ်သွားခဲ့ပြီး စစ်ကောင်စီဘက်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီကျေးရွာတွေအတွင်း မပေါက်ကွဲသေးတဲ့ စစ်လက်နက်အကြွင်းကျန်ပစ္စည်းတွေကတော့…

စလင်းမြို့နယ်က လမ်းပိုင်းနှစ်ခု ဖြတ်သန်းသွားလာခွင့်ကို ကန့်သတ်ထား

မကွေး၊ ဇွန် ၁၅ မကွေးတိုင်းအတွင်းက ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက စလင်းမြို့နယ်က လမ်းပိုင်းနှစ်ခု ဖြတ်သန်းသွားလာခွင့်ကို ဇွန် ၁၄ ရက်နေ့ကစလို့ ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။ စလင်းမြို့နယ်က ပုသိမ်-မုံရွာလမ်းပိုင်းနဲ့ ကံပြား-စေရာလမ်းပိုင်းကို ပြည်သူတွေအနေနဲ့ ဖြတ်သန်းသွားလာခြင်းမပြုကြဖို့ မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းက အသိပေးထုတ်ပြန်ထားတာပါ။ “ကျွန်တော်တို့ အနေနဲ့ ကတ္တရာလမ်းပိုင်းမှာ အလုပ်လုပ်စရာရှိတဲ့အတွက်ဒီလိုကန့်သတ်ထားတာပါ။ စကစတွေကလည်း ဒီလမ်းပိုင်းကိုအသုံးပြုနေတာဖြစ်တဲ့အတွက် ပြည်သူတွေနဲ့ရောပါလာပါတယ်။…

ပရီမီယံဒီဇယ်ဈေး ခုန်တက်

မော်လမြိုင် ၊ ဇွန် ၁၆ ပရီမီယံဒီဇယ်တင်သွင်းသူတွေကို စစ်ကောင်စီဘက်က ဒေါ်လာမရောင်းပေးတော့အတွက် ပရီမီယံဒီဇယ်ဈေးနှုန်းတွေ ချက်ချင်းခုန်တက်လာတယ်လို့ စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပရီမီယံဒီဇယ်ဈေးနှုန်းဟာ ပြီးခဲ့တဲ့ ဇွန် ၁၃ ရက်နေ့မှာ တစ်လီတာ ကျပ် ၂၄၀၀ ဝန်းကျင်သာ ရှိရာမှ ဇွန် ၁၄ ရက်နေ့က စတင်ပြီး တစ်လီတာကို ကျပ် ၂၈၀၀…

တနင်္သာရီက အောင်သာဝရတပ်စခန်းကို KNLA ပူးပေါင်းအဖွဲ့ သိမ်းပိုက်

တနင်္သာရီ၊ ဇွန် ၁၆ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်ရှိ စစ်ကောင်စီရဲ့ အောင်သာဝရတပ်စခန်းကို KNLA တော်လှန် ရေး အင်အားစုပူးပေါင်းအဖွဲ့တွေ ဇွန် ၁၄ ရက်နေ့မှာ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။ တနင်္သာရီမြစ်ကမ်းဘေးမှာရှိတဲ့ အောင်သာဝရတပ်စခန်းကို ဇွန် ၁၄ ရက်နေ့မှာ မနက်ပိုင်းမှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး နေ့လည် ၁၂ နာရီအချိန်ခန့်မှာ စခန်းတစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာပါ။ အောင်သာဝရတပ်စခန်းဟာ…

မောင်တောက စစ်ကောင်စီတပ်စခန်းလေးခုကို AA သိမ်းပိုက်

မောင်တော၊ ဇွန် ၁၅ ရခိုင်ပြည်နယ် မောင်တောမြို့ရှိ စစ်ကောင်စီ တပ်စခန်းလေးခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က ဇွန် ၁၄ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ မောင်တောမြို့ရှိ စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ နခခ (၄) တပ်ရင်းဌာနချုပ်နဲ့ အလယ်သံကျော်စခန်းတွေကို ဇွန် ၁၀ နေ့မှာ သိမ်းယူနိုင်ခဲ့ပြီး မောရဝတီဗျူဟာနဲ့ နခေါင်းတိုစခန်းတို့ကိုတော့ ဇွန် ၁၃ နေ့မှာ…

ကျိုက်မရောထောင်က နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော် ထောင်ပြောင်းခံရ

ကျိုက်မရော၊ ဇွန် ၁၅ မွန်ပြည်နယ် ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ ထောင်ဆူပူမှုဖြစ်အောင် လုပ်ဆောင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အကျဉ်းသား ၁၀၀ ကျော် ထောင်ပြောင်းခံလိုက်ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံ ရေးအကျဉ်းသားများကွန်ရက် PPNM ထံကနေ သိရပါတယ်။ ဒီနေ့ ဇွန် ၁၅ ရက်နေ့ မနက် ၂ နာရီအချိန်ခန့်မှာ ကျိုက်မရောထောင်ရှိ နိုင်ငံရေးအကျဉ်းသားတွေအ ပါအဝင် အကျဉ်သား ၁၀၀…

အီရန်ရဲ့ နျူကလီးယားလက်နက် ထုတ်လုပ်ဖို့ ကြိုးပမ်းမှု ဂျီ-၇ သတိပေး

ဘာရီ၊ ဇွန် ၁၅ အီရန်အနေနဲ့ နျူကလီးယားလက်နက် ထုတ်လုပ်ရေးအတွက် ယူရေနီယံ သန့်စင်မှုတွေကို တိုးမြှင့်မလုပ်ဆောင်ဖို့ ဂျီ-၇ အဖွဲ့ ခေါင်းဆောင်တွေက သတိပေးလိုက်ပြီး ရုရှားကို တီဟီရန်အစိုးရက ပဲ့ထိန်း ဒုံးကျည်တွေ ထောက်ပံ့မယ်ဆိုရင် အရေးယူမှု အစီအစဉ် အသစ်တွေ ချမှတ်ဆောင်ရွက်သွားမယ်လို့ ဇွန် ၁၄ ရက်နေ့မှာ သတိပေးပြောကြားလိုက်ပါတယ်။ အီရန်အနေနဲ့ နျူကလီးယား ထုတ်လုပ်ရေးအတွက် အရှိန်မြှင့်…

မြန်မာဟာ ကမ္ဘာမှာ အကြမ်းဖက်မှုအများဆုံးနိုင်ငံ ဖြစ်တယ်လို့ ACLED ထုတ်ပြန်

ဝင်ကင်ဆင်၊ ဇွန် ၁၅ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ အကြမ်းဖက်မှုအများဆုံးနိုင်ငံ ဖြစ်တယ်လို့ လက်နက်ကိုင် ပဋိပက္ခ၊ တည်နေရာနဲ့ အခင်းအကျင်း ဆိုင်ရာ အချက်အလက်အဖွဲ့ ACLED ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အာဏာသိမ်းပြီး နောက်ပိုင်း ရာနဲ့ချီတဲ့ လက်နက်ကိုင် အဖွဲ့ငယ်လေးတွေက စစ်ကောင်စီကို တိုက်ခိုက်နေကြတာကြောင့် မြန်မာနိုင်ငံဟာ ကွဲပြဲမှု အများဆုံးနိုင်ငံ နေရာမှာ ထပ်ပြီးရှိနေတယ်လို့ အဲဒီအစီရင်ခံစာမှာ…

စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ဖို့ကြိုးစားနေတဲ့ ရေး-ထားဝယ်လမ်းပိုင်းအခြေအနေ ဆက်သွယ်မေးမြန်းချက်

တိုက်ပွဲကြားမှာတော့ မိုးတွင်းဆိုရင် ခက်ခဲတယ်ဆိုပေမယ့်လည်း ကျနော်တို့ ရန်သူကိုဘယ်တော့မှအချိန်မပေးဘူး။ ကျနော်တို့ဘက်ကနေလည်း ဘယ်တော့မှ နောက်ဆုတ်သွားမှာမဟုတ်ဘူး – ဒေါနစစ်ကြောင်းမှူး စောဒါးကို လက်ရှိ ဒေါနစစ်ကြောင်းအပါအဝင် တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုတို့ ထိန်းချုပ်ထားတဲ့ ရေး-ထားဝယ်လမ်းပိုင်းကို စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်ထိန်းချုပ်ဖို့ ကြိုးစားလာပါတယ်။ အခုလိုမိုးတွင်းကာလမျိုးမှာ စစ်ကောင်စီက အဲဒီလမ်းပိုင်းကို ဘယ်လိုမျိုး ထိန်းချုပ်ဖို့ကြိုးစားနေတာလဲ။ အဲဒီလိုစစ်ကောင်စီရဲ့ စစ်ရေးဖော်ဆောင်မှုကို ဒေါနစစ်ကြောင်းအပါအဝင် ပူးပေါင်းတပ်တွေဘက်က ဘယ်လိုတုံ့ပြန်ဆောင်ရွက်ဖို့ ရှိမလဲ။…

စစ်အာဏာသိမ်း (၁၂၃၀) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၂၈၀) ဦးအထိရှိလာ

မော်လမြိုင်၊ ဇွန် ၁၅ AAPP ရဲ့ ဇွန် ၁၄ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၃၀) ရက်အတွင်း ပြည်သူ (၅၂၈၀) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၈၆၅) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၂၆၈) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…