June 2024

စစ်အာဏာသိမ်း (၁၂၃၃) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၂၈၅) ဦးအထိရှိလာ

မော်လမြိုင်၊ ဇွန် ၁၈ AAPP ရဲ့ ဇွန် ၁၇ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၃၃) ရက်အတွင်း ပြည်သူ (၅၂၈၅) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၈၇၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၂၇၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

၂၀၂၅ မှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ စစ်ခေါင်းဆောင်ကြွေးကြော်

မော်လမြိုင်၊ ဇွန် ၁၈ နိုင်ငံအနှံ့ ခုခံတော်လှန်စစ်တွေကြောင့် နယ်မြေဆုံးရှုံးမှုများလာတဲ့ စစ်အုပ်စုဦးဆောင်သူ စစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လာမယ့် ၂၀၂၅ ခုနှစ်မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေပြီလို့ ထုတ်ဖော်ပြောဆိုလာတာပါ။ မဲစာရင်းမှားယွင်းမှု အကြောင်းပြချက်နဲ့ ဒီမိုကရေစီအရပ်သားအစိုးရကို ဖြုတ်ချပြီး လက်နက်အားကိုးနဲ့ အာဏာသိမ်းယူထားတဲ့ စစ်ခေါင်းဆောင်ဟာ ရွေးကောက်ပွဲပြန်လည်ကျင်းပပေးမယ်လို့ အကြိမ်ကြိမ်ပြောဆိုခဲ့ပေမယ့် အခုအခါမှာတော့ ကျင်းပမယ့်ခုနှစ်ကို…

ရေးမြို့မှာ အဖမ်းဆီးအစစ်ဆေးကြမ်းနေ

ရေး၊ ဇွန် ၁၈ မွန်ပြည်နယ်မှာ တစ်ခုတည်း စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ရေးမြို့မှာ စစ်ကောင်စီဘက်က ဧည့်စာရင်းအကြောင်းပြချက်နဲ့ နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးစစ်ဆေးမှုတွေ ပိုများလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီပူးပေါင်းအဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဇွန် ၁၄ ရက်နေ့ကစပြီး ရေးမြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ သီရိနန္ဒာနဲ့ အဏ္ဏဝါရပ်ကွက်တို့မှာ ညတိုင်းနီးပါး ဧည့်စာရင်းဝင်စစ်နေပြီး မထင်ရင်မထင်သလို ဖမ်း ဆီးသွားတာတွေ ရှိနေပါတယ်။ ဒေသခံတွေရဲ့…

ထားဝယ်မောင်မယ်ရှောင်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦး သေဆုံး

ထားဝယ်၊ ဇွန် ၁၈ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာမှာ နှစ်ရက်ဆက်တိုက် ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၁၄ ရက်နေ့ မနက်အစောပိုင်းကစပြီး အင်အား ၁၀၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီတပ်ဟာ မောင်မယ်ရှောင်ကျေးရွာထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာတာ ဖြစ်ပါတယ်။ အဲဒီနောက် ကျေးရွာအတွင်းက…

ဘီးလင်းမှာ တက်ကြွလှုပ်ရှားသူ လင်မယားနှစ်ဦး ဖမ်းဆီးခံရ

ဘီးလင်း၊ ဇွန် ၁၇ မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဇုတ်သုတ်ကျေးရွာနေ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ လင်မယားနှစ်ဦးကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ ဇွန် ၁၆ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ ကျိုက်ထီးဆောင်းဘုရားအနီးနေ ဘတ်ဟိုးမောင်းတဲ့ တက်ကြွလှုပ်ရှားသူ အသက် ၅၀ အရွယ် ကိုလှမိုးနဲ့ ဇနီးဖြစ်သူတို့ကို စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားခဲ့တာပါ။…

ရုရှားတပ်တွေ ဆုတ်ခွာသွားတာနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပမယ်လို့ ယူကရိန်းသမ္မတ ပြော

အိုဘာဂျန်၊ ဇွန် ၁၇ ယူကရိန်း နယ်မြေအားလုံးကနေ ရုရှားတပ်တွေ ဆုတ်ခွာသွားမယ်ဆိုရင် နောက်တစ်နေ့မှာ မော်စကိုအစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ကျင်းပသွားမယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားလိုက်ပါတယ်။ ဒါပေမဲ့ ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပတဲ့ ငြိမ်းချမ်းရေးညီလာခံ ပိတ်ပွဲမှာ ပြောကြားရာမှာတော့ သမ္မတဇီလန်စကီးက ရုရှားသမ္မတ ဗလာဒီမာ ပူတင်အနေနဲ့ စစ်ပွဲကို အဆုံးသတ်မှာမဟုတ်ဘဲ စစ်ရေးအရဖြစ်ဖြစ် ဒါမှဟုတ်…

ဂန့်ဂေါမှာ PDF တွေနဲ့ ချိတ်ဆက်ပြီး ကျည်ရောင်းချလို့ စစ်ကောင်စီနဲ့ ဆက်စပ်သူတွေ ဖမ်းဆီးခံထားရ

မကွေး၊ ဇွန် ၁၇ မကွေးတိုင်း ဂန့်ဂေါမြို့နယ်ရှိ ဂန့်ဂေါ ခ.လ.ရ ၅၀ က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ချိတ်ဆက်ပြီး စစ်ကောင်စီနဲ့ ဆက်စပ်တဲ့ကျည်ရောင်းချသူ ၇ ဦးကိုဖမ်းဆီးစစ်ဆေးနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ ဇွန် ၁၂ ရက်နေ့က ကျည်ရောင်းချသူ စစ်သမီး ၂ ဦးကိစ္စ ပေါ်ပေါက်ခဲ့ပြီးနောက် ဇွန် ၁၇ ရက်နေ့အထိ စစ်သမီး…

တရားရုံး အမှုလေးမှုကြောင့် ထိုင်းမှာ နိုင်ငံရေးပြဿနာ ဖြစ်လာနိုင်

ဘန်ကောက်၊ ဇွန် ၁၇ ဝန်ကြီးချုပ်နဲ့ အဓိက အတိုက်အခံပါတီတို့ရဲ့ ကံကြမ္မာ မရေရာဖြစ်စေနိုင်တဲ့ ထိုင်းတရားရုံးတွေက အမှု လေးမှုကြောင့် နိုင်ငံရေးပြဿနာနဲ့ ရင်ဆိုင်ရနိုင်တဲ့ အန္တရာယ် ရှိနေပါတယ်။ ထိုင်းနိုင်ငံရေးမှာ သြဇာအကြီးမားဆုံးဖြစ်တဲ့ ဝန်ကြီးချုပ် ဆရီသာ သာဗီဆင်၊ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာ ဝါထရာ၊ လူကြိုက်များတဲ့ အတိုက်အခံ Move Forward ပါတီနဲ့ အထက်လွှတ်တော်…

လက်နက်ကိုင်တိုက်ပွဲနဲ့သာ နိုင်ငံရေးလမ်းဖောက်ရမယ်လို့ မွန်ပြည်သစ် AD ဒုခေါင်းဆောင်ပြော

ရေးချောင်းဖျား ၊ ဇွန် ၁၇ မိမိတို့နိုင်ငံရဲ့ နိုင်ငံရေးရေစီးကြောင်းဟာ စစ်ဘောင်ကျယ်ပြန့်လာနေတာကြောင့် လက်နက်ကိုင်တိုက်ပွဲနဲ့သာ နိုင်ငံရေးလမ်းဖောက်ရမယ်လို့ မွန်ပြည်သစ်ပါတီ NMSP AD ဒုခေါင်း‌ဆောင် (၁) နိုင်ဗညားလယ်က ပြောဆိုလိုက်ပါတယ်။ ဇွန် ၁၅ ရက်နေ့က လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပခဲ့တဲ့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP AD ရဲ့ အပတ်စဉ် ၂ အခြေခံစစ်ပညာသင်တန်းဆင်းပွဲမှာ သူက…

ရေးဘီလူးရဲ့ တော်လှန်ရေး လှုပ်ရှားမှု တွေ့ဆုံမေးမြန်းချက်

ကျနော်တို့ လိုနေတဲ့ အခက်အခဲကဘာလဲဆိုတော့ လက်နက်ခဲယမ်းပဲ။ ရဲဘော်တွေ အယောက်တိုင်း အယောက်တိုင်း အကုန်လုံးကို လက်နက်တပ်ဆင်ပေးချင်တယ် – ရေးဘီလူးအဖွဲ့ခေါင်းဆောင် မြန်မာနိုင်ငံက စစ်အာဏာရှင်စနစ်ကို တော်လှန်နေကြတဲ့သူတွေထဲမှာ အဓိကအားဖြင့် မွန်ပြည်နယ်အတွင်းမှာ လှုပ်ရှားနေတဲ့ ရေးဘီလူးအဖွဲ့ကို ပြည်သူတွေ သိရှိ သတိထားမိနေခဲ့တာကြာပါပြီ။ ရေးတခွင်မှာ အာဏာရှင်စနစ် အထူးသဖြင့် စစ်ကောင်စီကို တွန်းလှန်တဲ့နေရာမှာ ယနေ့အချိန်အထိ အင်တိုက်အားတိုက် လုပ်ဆောင်နေတာကိုလည်း မြင်တွေ့ရပါတယ်။…