နောင်ချို၊ ဇွန် ၂၈
ရှမ်းပြည်နယ် နောင်ချို့မြို့အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၁၁၅ ခြေမြန်တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်စဉ် လက်နက်မျိုးစုံ ၃၈၀ ကျော် သိမ်းဆည်းရမိခဲ့တယ်လို့ TNLA သတင်းနဲ့ပြန်ကြားရေးဌာနက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

အမှတ် ၁၁၅ ခြေမြန်တပ်ရင်းကို ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်နေ့မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ မန္တလေး MDY-PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် အဲဒီနေ့မှာလည်း နောင်ချိုမြို့ ကံ့ကော်တပ်စခန်းနဲ့ အခြားတပ်စခန်းမှ လက်နက်မျိုးစုံ ၅၀ ကျော် သိမ်းဆည်းရမိခဲ့ပြီး လက်နက်ချအလင်းဝင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးနဲ့အတူ လက်နက်မျိုးစုံ ၅၀ ကျော်ပါ သိမ်းဆည်းရမိခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA