June 28, 2024

စစ်အာဏာသိမ်း (၁၂၄၄) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၃၄၁) ဦးအထိရှိလာ

မော်လမြိုင်၊ ဇွန် ၂၉ AAPP ရဲ့ ဇွန် ၂၈ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၂၄၄) ရက်အတွင်း ပြည်သူ (၅၃၄၁) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၉၃၆) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၂၈၂) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

မွန်ပြည်နယ်မှာ သန်းခေါင်စာရင်းကောက်ယူဖို့ စစ်ကောင်စီခြေလှမ်းစ

မော်လမြိုင် ၊ ဇွန် ၂၉ မဲစာရင်းမှားယွင်းမှုအကြောင်းပြချက်နဲ့ အာဏာသိမ်းထားတဲ့ စစ်ကောင်စီဟာ ရွေး‌ကောက်ပွဲကျင်း ပနိုင်ရေးအတွက် သူတို့စိုးမိုးထိန်းချုပ်ထားတဲ့ မွန်ပြည်နယ်မှာ သန်းခေါင်စာရင်း ကောက်ယူဖို့ လှုံ့ဆော်တာနဲ့ ကြိုတင်ပြင်ဆင်မှုတွေ စတင်လုပ်ဆောင်နေပါတယ်။ သန်းခေါင်စာရင်း ကောက်ယူဖို့အတွက် အခုလအတွင်း မြို့နယ်တချို့မှာ ဆိုင်းဘုတ်နဲ့ ပိုစတာတွေ စိုက်ထူခဲ့သလို ဇွန် ၂၇ ရက်နေ့မှာလည်း စစ်ကောင်စီခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း…

စစ်ကောင်စီဝန်ထမ်းတွေ လာရောက်ပူးပေါင်းကြဖို့ KNU တပ်မဟာ ၆ သတိပေး

ကျိုက်ဒုံ၊ ဇွန် ၂၉ ကရင်အမျိုးသားအစည်းအရုံး KNU ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေအတွင်းရှိ စစ်ကောင်စီလက် အောက်ခံ ဝန်ထမ်းတွေအားလုံးအနေနဲ့ နုတ်ထွက်ပြောင်းရွှေ့တာ ဒါမှမဟုတ် လာရောက်ပူး ပေါင်းကြဖို့ ဒူးပလာယာခရိုင် အမြဲတမ်းကော်မတီက ဇွန် ၂၈ ရက်စွဲနဲ့ အသိပေးချက် ထုတ်ပြန်ပါတယ်။ အခုလက်ရှိအချိန်မှာ KNU ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေအတွင်း အုပ်ချုပ်ရေးလုပ်ငန်းတွေ…

ပုလောမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦးသေဆုံး ၁၀ ဦး ဒဏ်ရာရ

ပုလော၊ ဇွန် ၂၉ တနင်္သာရီတိုင်း ပုလောမြို့နယ် ဘဲမဒီကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဇွန် ၂၇ ရက်နေ့ နေလည် ၁ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဘဲမဒီကျေးရွာကို ဂျက်ဖိုက်တာ တိုက်ခိုက်ရေးလေယာဉ်နှစ်စီးနဲ့ ဗုံး ၁၀ လုံးထက်မနည်း ကြဲချတိုက်ခိုက်သွားတာပါ။…

ရေးမှာ လက်နက်ကြီးကျလို့ ကလေးတစ်ဦးအပါအဝင် အရပ် သားနှစ်ဦး ဒဏ်ရာရ

ရေး၊ ဇွန် ၂၉ မွန်ပြည်နယ် ရေးမြို့နယ် နှစ်ကရင်ကျေးရွာထဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရေးမြို့နယ်အခြေစိုက် အမှတ် ၃၁၇ အမြောက်တပ်ဟာ ပြီးခဲ့တဲ့ ဇွန် ၂၇ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်မှာ တိုက်ပွဲမရှိဘဲ…

လက်ဘနွန်ကို ကျောက်ခေတ်ရောက်အောင် ပြန်ပို့ပစ်နိုင်တယ်လို့ အစ္စရေး ခြိမ်းခြောက်

ဂျေရုဆလင်၊ ဇွန် ၂၉ အိမ်နီးချင်း လက်ဘနွန်နဲ့ စစ်မဖြစ်လိုပေမယ့် အဲဒီနိုင်ငံကိုကျောက်ခေတ်ပြန်ရောက်သွားအောင် လုပ်ပစ်နိုင်တယ်လို့ အစ္စရေးက ခြိမ်းခြောက်လိုက်ပါတယ်။ အဲဒီလို ပဋိပက္ခတစ်ခု ဖြစ်ပွားရင် ကမ္ဘာပျက်သလို ဖြစ်နိုင်တယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားရေး အကြီးအကဲက သတိပေးထားချိန်မှာ အခုလိုမျိုး ခြိမ်းခြောက်မှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အီရန် ထောက်ပံ့ထားတဲ့ လက်ဘနွန်ရှိ ဟစ်ဇဘိုလာ အဖွဲ့ရဲ့ မဟာမိတ်…

တရုတ်ကွန်မြူနစ်ပါတီက ကာကွယ်ရေးဝန်ကြီးဟောင်း နှစ်ဦးကို အကျင့်ပျက်ခြစားမှုနဲ့ ထုတ်ပယ်

ဘေဂျင်း၊ဇွန် ၂၈ တရုတ်နိုင်ငံကို အုပ်ချုပ်နေတဲ့ ကွန်မြူနစ်ပါတီက ကာကွယ်ရေးဝန်ကြီးဟောင်း နှစ်ဦးဖြစ်တဲ့ လီရှန်ဖူနဲ့ သူ့အရင် ကာကွယ်ရေးဝန်ကြီး ဝေဖမ်ဂီတို့ကို စည်းကမ်းပြင်းပြင်းထန်ထန် ချိုးဖောက်မှုနဲ့ ဇွန် ၂၇ ရက်မှာ ထုတ်ပယ်လိုက်ကြောင်း ဆင်ဟွာသတင်းက ဖော်ပြပါတယ်။ စည်းကမ်း ချိုးဖောက်တယ်ဆိုတဲ့ ကွန်မြူနစ်ပါတီရဲ့ အသုံးအနှုန်းဟာ အကျင့်ပျက် ခြစားမှုကို ရည်ညွှန်းတာလည်း ဖြစ်ပါတယ်။ ကာကွယ်ရေးဝန်ကြီးဟောင်း လီဟာ လာဘ်ငွေ…

ပလမြို့မှာ စစ်တပ်လက်နက်ကြီးကြောင့် အမျိုးသမီး တစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရ

ပလ၊ ဇွန် ၂၈ တနင်္သာရီတိုင်း ပုလောမြို့နယ် ပလမြို့ ဈေးထိပ်အနီး စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီး တစ်ဦး သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ ဇွန် ၂၈ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်မှာ ပလမြို့ရဲစခန်းကနေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ပလမြို့ဈေးထိပ်အနီး ကျရောက်ပေါက်ကွဲခဲ့တာ…

နောင်ချိုမြို့ ခမရ ၁၁၅ တပ်ရင်း သိမ်းပိုက်စဉ် ရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေ TNLA ထုတ်ပြန်

နောင်ချို၊ ဇွန် ၂၈ ရှမ်းပြည်နယ် နောင်ချို့မြို့အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၁၁၅ ခြေမြန်တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်စဉ် လက်နက်မျိုးစုံ ၃၈၀ ကျော် သိမ်းဆည်းရမိခဲ့တယ်လို့ TNLA သတင်းနဲ့ပြန်ကြားရေးဌာနက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။ အမှတ် ၁၁၅ ခြေမြန်တပ်ရင်းကို ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်နေ့မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ မန္တလေး MDY-PDF…

ထိုင်းအစိုးရရဲ့ ပန်းရောင်ကတ်ထုတ်ပေးမယ်ဆိုတဲ့ကိစ္စ ဘယ်လိုအခြေအနေရှိလဲ။

“ပန်းရောင်ကတ်လုပ်ပေးမယ်ဆိုလို့ ဝင်လာတာတွေ လက်ရှိမှာ ထပ်ပြီး တိုးပွားလာနိုင်သလို မူလအစကလည်း ပြည်တွင်းမှာ မငြိမ်သက်မှုတွေ စစ်ဘေးစစ်ဒဏ်တွေ၊ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် ဝင်လာမစဲ တသဲသဲဆိုသလို ဖြစ်နေတယ်” ဦးအောင်ကျော် (LRF ပြောခွင့်ရသူ) မကြာသေးခင်ပဲ ထိုင်းအစိုးရက အလုပ်လုပ်ကိုင်ခွင့်လက်မှတ် ဒေသအခေါ် ဘတ်လို့ခေါ်တဲ့ ပန်းရောင်ကတ်ကို မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံတချို့က ရွှေ့ပြောင်းလုပ်သားတွေအတွက် ပြုလုပ်ပေးမယ်လို့ ကြေညာထားပါတယ်။ ဘယ်နေ့ဘယ်ရက်ကစလို့ စာရင်းတင်သွင်း…