ကျောက်မဲ၊ ဇွန် ၂၇
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ ဦးသေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။
ဇွန် ၂၆ ရက်နေ့ နေ့လည်ပိုင်းကနေ ညနေပိုင်းအထိ စစ်ကောင်စီတပ်ဟာ ဂျက်ဖိုက်တာ တိုက်လေ ယာဉ်တွေနဲ့ ကျောက်မဲမြို့ပေါ်ရပ်ကွက်တွေမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောက်မဲမြို့ ရပ်ကွက် ၂ ၊ ၇ နဲ့ ရှု့ခင်းသာမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ ၄ ဦးသေဆုံးခဲ့သလို လေကြောင်းအပါအဝင် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ် သားပြည်သူ ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ဆိုပါတယ်။
၁၀၂၇ စစ်ဆင်ရေးအဆက်အဖြစ် ဇွန် ၂၅ ရက်နေ့ကစပြီး ရှမ်းမြောက်က နောင်ချို၊ ကျောက်မဲနဲ့ မိုးကုတ်မြို့ နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို့ကြား နှစ်ဖက်တိုက်ပွဲ ဖြစ် ပွားမှုကြောင့် ထောင်နဲ့ချီတဲ့ဒေသခံတွေ စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့ကလည်း ကျောက်မဲမြို့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို အောင်မြေသာယာဘုန်းတော်ကြီးကျောင်းနဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA