စားဝတ်နေရေးအခက်အခဲကြောင့် ပြည်ပထွက်ခွာအလုပ်သွားလုပ်သူတွေ လူကုန်ကူးခံရမှု မြင့်တက်လာ
မော်လမြိုင် ၊ ဇွန် ၂၈ စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအပါအဝင် စားဝတ်နေရေးအခက်အခဲတွေကြောင့် ပြည်ပနိုင်ငံတွေထံ သွားရောက်အလုပ်လုပ်ကိုင်သူတွေ လူကုန်ကူးခံရမှု မြင့်တက်လာတယ်လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်နေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်တပ်အာဏာသိမ်းတဲ့ သုံးနှစ်ကျော်ကာလအတွင်း အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာတာ၊ ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်လာမှုနဲ့အတူ မိသားစုစားဝတ်နေရေး အခက်အခဲတွေကြောင့် ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်မှု မြင့်တက်လာတာပါ။ တဖက်မှာတော့ စစ်ကောင်စီ…