June 24, 2024

စစ်အာဏာသိမ်း (၁၂၄၀) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၃၁၅) ဦးအထိရှိလာ

မော်လမြိုင်၊ ဇွန် ၂၅ AAPP ရဲ့ ဇွန် ၂၄ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၄၀) ရက်အတွင်း ပြည်သူ (၅၃၁၅) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၉၀၈) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၂၈၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

မော်လမြိုင်မြို့မှာ VPN ကြောင့် လူငယ်လူရွယ်တွေ ငွေညှစ်ခံနေရ

မော်လမြိုင် ၊ ဇွန် ၂၅ စစ်ကောင်စီ ပိတ်ပင်ထားတဲ့ လူမှုကွန်ရက် Facebook အသုံးပြုနိုင်ဖို့ တစ်ဆင့်ခံသုံးရတဲ့ Virtual Private Network ခေါ် VPN ကြောင့် မွန်ပြည်နယ် မော်လမြိုင်မြို့ မှာ ငွေညှစ်ခံရတာတွေ ရှိနေတယ်လို့ မြို့ ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်‌ကောင်စီ ထိန်းချုပ်ထားတဲ့ မော်လမြိုင်မြို့အတွင်း လူစည်ကားရာ နေရာတွေ…

KNU အုပ်ချုပ်နယ်မြေမှာ စစ်ရှောင်ဒုက္ခသည် တစ်သန်းကျော်အထိရှိလာ

မော်လမြိုင်၊ ဇွန် ၂၅ ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်ရဲ့ အရပ်သားပြည်သူလူထုအပေါ် ရည်ရွယ် ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာတာကြောင့် စစ်ရှောင်ဒုက္ခသည် တစ်သန်းကျော်အထိ ရှိလာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ပြောခွင့်ရ ပဒိုစောကလယ်စေးက ပြောပါတယ်။ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားတဲ့အချိန်ကစပြီး ၂၀၂၄ ခုနှစ် မေလအထိ ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူလူထု စုစုပေါင်းတစ်သန်း…

ရွာထဲပြန်နေထိုင်ခွင့်ပေးဖို့ ချောင်းနှစ်ခွဒေသခံတွေ အကြိမ် ကြိမ်တောင်းဆိုပေမယ့် စစ်တပ်ရွာထဲပေးမဝင်

ကျိုက်မရော၊ ဇွန် ၂၅ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာမှာ ပြန်လည်နေထိုင်ခွင့်ပေးဖို့ အကြိမ်ကြိမ်သွားရောက် တင်ပြတောင်းဆိုထားပေမယ့် စစ်ကောင်စီတပ်က ရွာထဲပေးမဝင်ကြောင့် နေရပ်မပြန်ရသေးဘူးလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ချောင်းနှစ်ခွဒေသမှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၀ ရက်နေ့ကစလို့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင် အားစု ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲ ရက်ပေါင်း ၅၀ ကျော်ကြာ ဖြစ်ပွားခဲ့တဲ့အတွက် ဒေသ…

တနင်္သာရီ မာရမ်းရဲစခန်းကုန်းတိုက်ပွဲ နှစ်ဖက်ထိခိုက်သေဆုံးမှုရှိ

ကော့သောင်း၊ ဇွန် ၂၄ တနင်္သာရီတိုင်း ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ် မာရမ်းကျေးရွာရှိ စစ်ကောင်စီ ရဲစခန်းကုန်းတိုက်ပွဲမှာ နှစ်ဖက်ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၂၂ ရက် မနက် ၅ နာရီအချိန်ခန့်မှာ အင်အား ၂၀ ကျော်နဲ့ တပ်စွဲထားတဲ့ အဲဒီရဲစခန်းကုန်းကို ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာ…

တရုတ်ကို အလျှော့ပေးမှာ မဟုတ်ပေမယ့် စစ်ပွဲကို မိမိတို့ စတင်မှာ မဟုတ်ဘူးလို့ ဖိလစ်ပိုင် ပြော

မနီလာ၊ ဇွန် ၂၄ အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်မှာ တရုတ်တပ်ဖွဲ့တွေရဲ့ လက်ချက်ကြောင့် ဖိလစ်ပိုင် ရေတပ်အမှုထမ်း တစ်ယောက် ထိခိုက် ဒဏ်ရာရကာ ရေတပ်သင်္ဘော နှစ်စီး ထိခိုက် ပျက်ဆီးခဲ့ပြီးနောက် ဖိလစ်ပိုင်သမ္မတက မိမိတို့အနေနဲ့ ဘယ်နိုင်ငံခြား အင်အားကြီးနိုင်ငံကိုမှ အလျှော့ပေးမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့လည်း ဖိလစ်ပိုင်အနေနဲ့ စစ်ပွဲကိုစတင်မှာ မဟုတ်ကြောင်း သမ္မတ ဖာဒီနန် မားကို့စ်…

အီးယူက ဂျပန်၊ တောင်ကိုရီးယားတို့နဲ့အတူ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး ကြိုးပမ်းနေ

တိုကျို၊ ဇွန် ၂၄ ဥရောပသမဂ္ဂ(အီးယူ) က ဂျပန်၊ တောင်ကိုရီးယားတို့နဲ့ စစ်ဖက်ဆိုင်ရာ ပစ္စည်း ကိရိယာများ ပူးတွဲတီထွင်ရေး ရည်ရွယ်ပြီး လုံခြုံရေးနဲ့ ကာကွယ်ရေးလုပ်ငန်း နယ်ပယ်မှာ လက်တွဲ ဆောင်ရွက်ဖို့ ကြိုးပမ်းနေကြောင်း အီးယူကော်မရှင် အကြီးတန်းအရာရှိ တစ်ယောက်ကို ကိုးကားပြီး Nikkei သတင်းဌာနက ဇွန် ၂၃ ရက်နေ့မှာ ဖော်ပြပါတယ်။ ဒီကြိုးပမ်းမှုဟာ အာရှနိုင်ငံတွေနဲ့…

အမျိုးသမီးတွေ စစ်မှုထမ်းရမယ့် အခြေအနေ ဆက်သွယ်မေးမြန်းချက်

“လက်ရှိ စုဆောင်းခံရတဲ့ အမျိုးသားစစ်သား စစ်မှုထမ်းတွေလိုပါပဲ။ သူတို့ရဲ့ သွားလာခွင့်တွေ နေထိုင်ခွင့်တွေ အကုန်လုံး ကန့်သတ်ပိတ်ပင်မယ့် အနေအထားမျိုး ဖြစ်ပါတယ်” – CDM ဗိုလ်ကြီး ညီသုတ စစ်ကောင်စီအသက်သွင်းခဲ့တဲ့ စစ်မှုထမ်းဥပဒေအရ တချို့ဒေသတွေမှာ အမျိုးသမီးတွေကိုလည်း စစ်သင်တန်းတက်ဖို့ ခေါ်ယူစုဆောင်းဖို့ လုပ်ဆောင်နေပြီဆိုတဲ့ သတင်းတွေထွက်ပေါ်လာပါတယ်။ စစ်မှုထမ်းဥပဒေအရ သာမန်အနေနဲ့ အသက် ၁၈ ကနေ ၂၇ နှစ်အတွင်းနဲ့…

စုကလိစခန်းသိမ်းတိုက်ပွဲအတွင်း ဗိုလ်မှူးကြီးတစ်ဦးအပါအဝင် ၂၁ ဦး အရှင်ဖမ်းမိခဲ့တယ်လို့ KNU ထုတ်ပြန်

ကော့ကရိတ်၊ ဇွန် ၂၄ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် စုကလိမြို့အခြေစိုက် စစ်ကောင်စီတပ်စခန်းတစ်ခု သိမ်းပိုက်မှုမှာ ဗိုလ်မှူးကြီးတစ်ဦးအပါအဝင် ၂၁ ဦးကို စစ်သုံ့ပန်းအဖြစ် အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဇွန် ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အဲဒီတပ်စခန်းဟာ စုကလိမြို့အခြေစိုက် အမှတ် ၅၆၀ ခြေမြန်တပ်ရင်းက ဗိုလ်မှူးကြီး ဝဏ္ဏတိုးနဲ့ ဒုဗိုလ်မှူးကြီး သူရိန်ဦး ဦးဆောင်တာ…