ဘေဂျင်း၊ ဇွန် ၂၂

ထိုင်ဝမ် လွတ်လပ်ရေး ခွဲထွက်ရေးသမားတွေအနေနဲ့ ပြင်းထန်တဲ့ အမှုတွေ ကျူးလွန်ရင် သေဒဏ်ပေးမယ်လို့ တရုတ်က ဇွန် ၂၁ ရက်မှာ ခြိမ်းခြောက်လိုက်ပါတယ်။

ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်အပေါ် တရုတ်တရားရုံးတွေ အနေနဲ့ တရားစီရင်ပိုင်ခွင့် မရှိပေမယ့် ဘေဂျင်းအစိုးရက ဖိအား ပိုပေးလိုက်တာလည်း ဖြစ်ပါတယ်။

ထိုင်ဝမ်ကို သူတို့ပိုင်ဆိုင်တဲ့ နယ်မြေတစ်ခုအဖြစ် ရှုမြင်ထားတဲ့ တရုတ်က ထိုင်ဝမ်သမ္မတ လိုင်ချင်းတီကို သဘောမကျကြောင်း လူသိရှင်ကြား ပြောဆိုထားပြီး သမ္မတ လိုင်ဟာ အန္တရာယ်ရှိတဲ့ ခွဲထွက်ရေးသမား တစ်ယောက်ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

A Taiwanese sailor aboard a Taiwan Navy vessel looks towards a Chinese warship while navigating on waters off Taiwan’s western coast, in this handout image released May 23, 2024. Taiwan Defence Ministry/Handout via REUTERS ATTENTION EDITORS – THIS IMAGE WAS PROVIDED BY A THIRD PARTY. NO RESALES. NO ARCHIVES.

ပြီးခဲ့တဲ့လမှာ လိုင်ချင်းတီ ကျမ်းသစ္စာကျိန်ဆိုပြီးနောက် တရုတ်က ထိုင်ဝမ်အနီးမှာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ သမ္မတ လိုင်ချင်းတီ ရွေးကောက်ပွဲ အနိုင်ရပြီး နောက်ပိုင်း တရုတ်က စစ်ရေးလှုပ်ရှားမှုတွေ၊ ကုန်သွယ်ရေး ပိတ်ဆို့မှုတွေနဲ့ ကမ်းခြေစောင့်တပ်တွေရဲ့ ကင်းလှည့်မှုတွေ အပါအဝင် ထိုင်ဝမ်ကို ဖိအားတွေ ပိုပေးနေပါတယ်။

နိုင်ငံတော် အချုပ်အခြာ အာဏာ၊ စည်းလုံးမှုနဲ့ နယ်နိမိတ်ဆိုင်ရာ ဂုဏ်သိက္ခာတို့ကို ကာကွယ်ရေးတို့အတွက် နိုင်ငံပြိုကွဲအောင် လုပ်သူတွေ အစိုးရဆန့်ကျင်ရေး လှုံ့ဆော်သူတွေကို ဥပဒေနဲ့အညီ ပြင်းပြင်းထန်ထန် အပြစ်ပေးရမယ်လို့ တရုတ်တရားရုံးတွေ၊ အစိုးရ ရှေ့နေတွေ၊ နိုင်ငံတော် လုံခြုံရေးအဖွဲ့အစည်းတွေအတွက် ထုတ်ပြန်တဲ့ ညွှန်ကြားချက်အသစ်မှာ ဖော်ပြထားပါတယ်။

ဒီလမ်းညွှန်မှုတွေကို ပြဌာန်းထားပြီးဖြစ်တဲ့ဥပဒေနဲ့ အညီ ထုတ်ပြန်တာ ဖြစ်တယ်လို့ ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။
အဲဒီဥပဒေကြောင့် ထိုင်ဝမ်အနေနဲ့ ခွဲထွက်ရင် ဒါမှမဟုတ် ခွဲထွက်ဖို့ ကြိုးပမ်းရင် တရုတ်က စစ်ရေးအရ အရေးယူဖို့ ဥပဒေဆိုင်ရာ အကြောင်းပြချက်တွေရှိမှာ ဖြစ်ပါတယ်။

ထိုင်ဝမ်လွတ်လပ်ရေးရဖို့ ခွဲထွက်ရေး ကြိုးပမ်းသူတွေအတွက် ချမှတ်သွားမယ့် အမြင့်မားဆုံးပြစ်ဒဏ်ဟာ သေဒဏ်ဖြစ်တယ်လို့ တရုတ်ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာန အရာရှိဆွန်ပင်းက ပြောကြားခဲ့ပါတယ်။

တရုတ်ရဲ့ ညွှန်ကြားချက် ထုတ်ပြန်မှုနဲ့ ပတ်သက်လို့ ထိုင်ဝမ်အစိုးရက မတုံ့ပြန်သေးဘဲ ပါဝင်တဲ့အချက်အလက်တွေကို လေ့လာနေဆဲ ဖြစ်တယ်လို့ အရာရှိတစ်ယောက်က ပြောပါတယ်။

ဒီလမ်းညွှန်ချက်က ပြည်ပနိုင်ငံတွေနဲ့ အပြန်အလှန်ဆက်ဆံတာ၊ ပြည်မကြီးနဲ့ ပြန်လည် ပေါင်းစည်းလိုတဲ့ အဖွဲ့အစည်းတွေ၊ ပါတီတွေ၊ လူပုဂ္ဂိုလ်တွေကို ဖိနှိပ်တာတွေ မလုပ်ဖို့နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ ထိုင်ဝမ်ကို ဝင်ရောက်ခြင်း မပြုဖို့လည်း တားမြစ်ထားပါတယ်။

အခုလိုမျိုး အရေးယူမယ်လို့ ပြောဆိုထားပေမယ့် တရုတ်တရားရုံးတွေဟာ ထိုင်ဝမ်အပေါ် တရားစီရင် ပိုင်ခွင့်မရှိတာကြောင့် လက်တွေ့ ကျကျ အသုံးချနိုင်ခြေ နည်းနေတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.