ကျောက်ကြီး၊ ဇွန် ၂၂

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် ပေါက်ကုန်းကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦး ထိမှန်သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဇွန် ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၀ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်မှာ ကျောက်ကြီးအခြေစိုက် အမှတ် ၃၀၇ ခြေမြန်တပ်ရင်းကနေ တိုက်ပွဲမရှိဘဲ ပေါက်ကုန်းကျေးရွာထဲ ၁၂၀ မမ လက်နက်ကြီး တစ်လုံး ပစ်ခတ်ခဲ့ပါတယ်။

စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ပေါက်ကုန်းကျေးရွာနေ အသက် ၂၃ နှစ်အရွယ် နော်လားပွယ်စေး ထိမှန်သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဇွန် ၁၈ ရက်နေ့ကလည်း ကျောက်ကြီးမြို့နယ် လက်ကောက်ဝ၊ ကျောက်တန်း၊ ဒလဆိပ့်၊ ချိုအင်းနဲ့ရေတွင်း ကုန်း ကျေးရွာတို့ အမှတ် ၂၆၄ ခြေလျင်တပ်ရင်းကနေ လက်နက်ကြီး ၁၁ လုံးထက်မနည်း ပစ်ခတ်ခဲ့တာပါ။

စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုအတွင်း ရေတွင်းကုန်းကျေးရွာက ဒေသခံနေအိမ် သုံးလုံး ထိမှန်ပျက် စီးခဲ့တယ်လို့ KNU ဗဟိုရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

KNU ဗဟိုရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းကာလအတွင်း ကော်သူလေးအုပ်ချုပ်နယ်မြေအတွင်း စစ်ကောင် စီတပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူ တစ်သန်းကျော်အထိ ရှိလာတယ်လို့ ဇွန် ၂၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ- KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.