ကျိုက်ထို၊ ဇွန် ၂၂

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ခရွဲကျေးရွာထဲ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှု ကြောင့် သံဃာနှစ်ပါးနဲ့ အရပ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင် ပြောခွင့်ရ ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဇွန် ၂၁ ရက်နေ့ ညနေ ၃နာရီအချိန်ခန့်မှာ သိမ်ဇရပ်အခြေစိုက် အမှတ် ၃၁၀ အမြောက်တပ်ကနေ ခရွဲကျေး ရွာထဲ လက်နက်ကြီး နှစ်လုံး ပစ်ခတ်ခဲ့တဲ့အတွက် ကျေးရွာဘုန်းကြီးကျောင်းဝင်းနဲ့ ဘုန်းကြီးကျောင်းဘေးက နေအိမ်အနီး ကျရောက်ပေါက်ကွဲခဲ့တာပါ။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းထိုင်ဆရာတော် တစ်ပါး၊ သံဃာတစ်ပါး၊ အသက် ၇၅ နှစ်အရွယ် ဦးစံတင်နဲ့ ဒေါ်စန်းမြင့်တို့ ခြေထောက်နဲလက်တွေမှာ ကျည်စထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုအတွင်း ဘုန်းကြီးကျောင်းအတွင်းရှိ သာသနိကာအဆောက်အ ဦးတချို့နဲ့ နေအိမ်တစ်လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ကျိုက်ထိုမြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းကစလို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးထားတာကြောင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တို့ကြား နှစ်ဖက်စစ်ရေးတင်းမာနေတာပါ။

ပြီးခဲ့တဲ့ ဇွန် ၁၄ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ် အခိုင်ရွာနဲ့သုံးခွရွာကြားရှိ ကျောက်ဟတ်ကွင်းထဲ စစ် ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦး သေဆုံးခဲ့ပါသေးတယ်။

လဂွန်းအိမ်စာစဉ်က ကောက်ယူထားတဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ မေလအတွင်း မွန်ပြည်နယ်မှာ စစ် ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၁၃ ဦး သေဆုံးပြီး ၄၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါ တယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ- Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.