ရေး၊ ဇွန် ၂၁

လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စစ်ရေးအခြေအနေတွေကို ရှင်းလင်းတင်ပြဖို့၊ ပြည်သူတွေရဲ့အသံနဲ့ အကြံပြုချက် ရယူဖို့အတွက် လူမှုအသင်းအဖွဲ့တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ AD က သတင်းထုတ်ပြန်ပါတယ်။

ဇွန် ၁၉ ရက်နေ့က မွန်ပြည်သစ်ပါတီ AD ရဲ့ နိုင်ငံရေး၊ စစ်ရေးဦးဆောင်အဖွဲ့က လွတ်မြောက်နယ်မြေတစ်နေရာမှာ လူမှုအသင်းအဖွဲ့တွေနဲ့ တွေ့ဆုံပွဲတစ်ရပ်ကို ကျင်းပခဲ့တာပါ။

တွေ့ဆုံပွဲကို လူမှုအသင်းအဖွဲ့အသီးသီးက ကိုယ်စားလှယ် ၁၈၀ ကျော်၊ မွန်ပြည်သစ်ပါတီ AD က နိုင်ငံရေး၊ စစ်ရေးဦးဆောင်အဖွဲ့နဲ့ ဒေသတာဝန်ခံတွေ တက်ရောက်ခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ ပါတီရဲ့ ဒုခေါင်းဆောင် (၁) နိုင်ဗညားလယ်က နိုင်ငံရေးနဲ့ မွန်ပြည်သစ်ပါတီ AD ရဲ့ လှုပ်ရှားမှုတွေကို ရှင်းလင်းတင်ပြခဲ့ပြီး ဒုစစ်ဦးစီးချုပ် စလွန်းထောက စစ်ရေးဆိုင်ရာကိစ္စရပ်တွေကို တင်ပြခဲ့ကြတာပါ။

တက်ရောက်လာသူတွေကတော့ သိရှိလိုတာတွေကို မေးမြန်းပြီး အကြံပြုချက်တွေ တင်ပြဆွေးနွေးခဲ့ကြတယ်လို့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP AD ကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – NMSP AD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.