ကွာလာလမ်ပူ၊ ဇွန် ၂၀

မလေးရှားနိုင်ငံရဲ့ ဒေါ်လာ ၁၀ ဘီလီယံ တန်ဖိုးရှိ အရှေ့ ကမ်းရိုးတန်း ရထားလမ်း အပိုင်းကို လာအိုနဲ့ ထိုင်းမှာရှိတဲ့ တရုတ် ကျောထောက်နောက်ခံ ပြုပေးထားတဲ့ ရထားလမ်း အပိုင်းတွေနဲ့ ချိတ်ဆက်ရေး လေ့လာလိုကြောင်း တရုတ်က ပြောကြားထားပါတယ်။

ဒါဟာ အရှေ့တောင်အာရှမှာ လမ်းကြောင်းတစ်ခု ရပ်ဝန်းတစ်ခု အစီအစဉ်ကို ဘေဂျင်းအစိုးရက တိုးချဲ့ဖို့ ပြင်ဆင်လာတာလည်း ဖြစ်နိုင်ပါတယ်။

မလေးရှားနိုင်ငံသို့ သုံးရက်တာ ခရီးရောက်ရှိနေတဲ့ ဝန်ကြီးချုပ် လီကီကျန်းက တရုတ်နိုင်ငံ ကူမင်းကနေ စင်ကာပူနိုင်ငံအထိ အဓိကရထားလမ်းကြောင်းတစ်ခု အဆိုပြုသွားမယ်လို့ ဇွန် ၁၉ ရက်နေ့က ပြောကြားခဲ့ပါတယ်။

ဒီလို ရထားလမ်း ဖောက်လုပ်မှုကြောင့် နိုင်ငံတကာ ရေလမ်းကုန်းလမ်း ကုန်သွယ်မှုတွေကို အားပေးရာ ရောက်မှာဖြစ်ပြီး အာဆီယံ အသိုင်းအဝိုင်းနဲ့ ဆက်သွယ်မှုပိုအားကောင်းလာမှာ ဖြစ်တယ်လို့ ဝန်ကြီးချူပ် လီကီကျန်းကပြောပါတယ်။

အာရှပစိဖိတ်ဒေသမှာ သြဇာပိုမိုလွှမ်းမိုးနိုင်ရေး ရင်နှီးမြှုပ်နှံမှု ပိုမို လုပ်ဆောင်ရေး နယူးဇီလန်နဲ့ သြစတြေးလျသို့ဆီ သွားရောက်ခဲ့ပြီးနောက် ဝန်ကြီးချုပ်လီကီကျန်းက မလေးရှားသို့ ရောက်ရှိလာတာ ဖြစ်ပါတယ်။

နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး တည်ထောင်မှု နှစ် ၅၀ ပြည့် အထိမ်းအမှတ်အဖြစ် ကွာလာလမ်ပူမြို့သို့ ဇွန် ၁၈ ရက်နေ့မှာ စတင် ရောက်ရှိပြီးနောက် ဝန်ကြီးချုပ် လီကီကျန်းဟာ ပူထရာဂျာယာမြို့မှာ မလေးရှားဝန်ကြီးချုပ် အန်ဝါ အေဗရာဟင်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

နှစ်နိုင်ငံခေါင်းဆောင် နှစ်ယောက်ဟာ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး၊ စိုက်ပျိုးရေး၊ ထုတ်လုပ်ရေးနဲ့ အခြေခံ အဆောက်အအုံ ဆောက်လုပ်ရေးတို့ အပါအဝင် သဘောတူညီမှု တော်တော်များများကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

တရုတ်က စစ်ဆေးမှုတွေ အားလုံးလုပ်ပြီးနောက်မှာ မလေးရှားဆီက ဒူးရင်းသီးတွေဝယ်ယူဖို့လည်း သဘောတူညီခဲ့ပါတယ်။

မလေးရှားဟာ ကမ္ဘာမှာ ဒူးရင်းသီးအများဆုံး ထုတ်လုပ်တဲ့နိုင်ငံတွေထဲကတစ်နိုင်ငံဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာ တရုတ်နိုင်ငံသို့ သစ်သီးတင်ပို့မှု တန်ဖိုးက ဒေါ်လာ ၂၅၃ သန်း ရှိခဲ့ပါတယ်။

အမေရိကန်နဲ့ တရုတ်ကြား ပထဝီနိုင်ငံရေး အားပြိုင်မှုမှာ မလေးရှားက ဆက်လက် ကြားနေသွားမယ်လို့ ဝန်ကြီးချုပ် အန်ဝါက ပြောကြားထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.