June 20, 2024

အရှေ့တောင်အာရှရှိ ရထားလမ်းပိုင်းတွေနဲ့ ချိတ်ဆက်ဖို့ တရုတ် စီစဉ်

ကွာလာလမ်ပူ၊ ဇွန် ၂၀ မလေးရှားနိုင်ငံရဲ့ ဒေါ်လာ ၁၀ ဘီလီယံ တန်ဖိုးရှိ အရှေ့ ကမ်းရိုးတန်း ရထားလမ်း အပိုင်းကို လာအိုနဲ့ ထိုင်းမှာရှိတဲ့ တရုတ် ကျောထောက်နောက်ခံ ပြုပေးထားတဲ့ ရထားလမ်း အပိုင်းတွေနဲ့ ချိတ်ဆက်ရေး လေ့လာလိုကြောင်း တရုတ်က ပြောကြားထားပါတယ်။ ဒါဟာ အရှေ့တောင်အာရှမှာ လမ်းကြောင်းတစ်ခု ရပ်ဝန်းတစ်ခု အစီအစဉ်ကို ဘေဂျင်းအစိုးရက တိုးချဲ့ဖို့…

စစ်အာဏာသိမ်း (၁၂၃၆) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၂၉၈) ဦးအထိရှိလာ

မော်လမြိုင်၊ ဇွန် ၂၁ AAPP ရဲ့ ဇွန် ၂၀ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၃၆) ရက်အတွင်း ပြည်သူ (၅၂၉၈) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၈၉၃) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၂၇၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

ကုန်ဈေးနှုန်းတည်ငြိမ်အောင် လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီပြောပြန်

နေပြည်တော် ၊ ဇွန် ၂၁ အာဏာသိမ်းကာလအတွင်း အခြေခံစားသောက်ကုန်တွေအပါအဝင် တခြားကုန်ပစ္စည်းတွေ ဈေး နှုန်းအဆမတန် မြင့်တက်လာမှုအပေါ် ကုန်ဈေးနှုန်းတည်ငြိမ်အောင် ဆက်တိုက်လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီရဲ့ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးက ပြောပါတယ်။ ဇွန် ၁၉ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ ပြည်ထောင်စု ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီ အစည်းအဝေးမှာ စစ်ကောင်စီခန့် ဒုတိယဝန်ကြီးချုပ်လည်းဖြစ်တဲ့ စီမံကိန်းနဲ့ဘဏ္ဍာရေး ပြည် ထောင်စုဝန်ကြီး ဦးဝင်းရှိန်က အခုလိုပြောဆိုခဲ့တာပါ။…

စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် ရေဖြူမှာ နေအိမ် ၅၀ ထက်မနည်း မီးလောင်ပျက်စီး

ရေဖြူ ၊ ဇွန် ၂၁ တနင်္သာရီတိုင်း ရေဖြူမြို့ နယ် မျောက်ချောရွာအနီးက တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လေ ကြောင်းဗုံးကြဲမှုကြောင့် အရပ်သားနေအိမ် ၅၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့ရတယ်လို့ မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ၇ နာရီလောက် ကြာမြင့်ခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အိမ်ခြေ…

စစ်ရှောင်ဒုက္ခသည်တွေကို အကာအကွယ်ပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းထံ KHRG တောင်းဆို

မော်လမြိုင်၊ ဇွန် ၂၁ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူတွေအားလုံးနဲ့ တညီ တညွတ်တည်းရပ်တည်ကြဖို့၊ တိကျပြီးထိရောက်မှုရှိတဲ့ အကာအကွယ်ပေးဖို့ အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းထံ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ ဇွန် ၂၀ ရက်နေ့ ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့အတွက် ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ပြည်တွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေ၊ ဒုက္ခသည်စခန်းမှာ ခိုလှုံနေကြသူတွေနဲ့…

စစ်ကြောင်းဝင်လာတဲ့ သရက်ချောင်းမှာ ဒေသခံနေအိမ်တွေ ဖောက်ထွင်းခံရ

သရက်ချောင်း၊ ဇွန် ၂၁ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ဆင်ကူးကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ဒေသခံနေအိမ်တွေကို ဖောက်ထွင်းပြီး တန်ဖိုးရှိပစ္စည်းတွေ ယူဆောင်နေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ တပ်အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဟာ ဇွန် ၂၀ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်မှာ လက်နက်ကြီးတွေပစ်ခတ်ပြီး စစ်ကြောင်းထိုးလာတဲ့အတွက် တော်လှန်ရေးအင်အားစုတို့ကြား နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီပစ်ခတ်မှုပြီးနောက်…

ဖိလစ်ပိုင်ဒုသမ္မတ ဆာရာဒူတာတေး အစိုးရအဖွဲ့ရာထူးတွေကနေ နုတ်ထွက်

မနီလာ၊ ဇွန် ၂၀ ဖိလစ်ပိုင် ဒုတိယသမ္မတဖြစ်သူ ဆာရာဒူတာတေးဟာ သူ့ရဲ့မဟာမိတ်တွေပြိုလဲနေချိန်မှာ သမ္မတမားကို့စ်ရဲ့ အစိုးရဝန်ကြီးများ ရာထူးတွေကနေ နုတ်ထွက်သွားခဲ့ပါတယ်။ ဒုသမ္မတ ဆာရာဒူတာတေးဟာ သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာရဲ့ အစိုးရအဖွဲ့နဲ့ အခြားအဓိကရာထူးတွေကနေ ဇွန် ၁၉ ရက်နေ့မှာ နုတ်ထွက်လိုက်တာဖြစ်ပါတယ်။ ဒူတာတေးနဲ့ မားကို့စ်တို့ မိသားစုနှစ်စုကြား တင်းမာနေတဲ့ ဆက်ဆံရေးဟာ မကြာသေးမီလတွေအတွင်းမှာ အကွဲအပြဲအဖြစ်သို့ ဦးတည်လာခဲ့ပြီးနောက် ဒီလိုနုတ်ထွက်မှုဖြစ်ပေါ်လာခဲ့တာပါ။…

မွန်ပြည်နယ်မှာ PDF ရဲဘော်သုံးဦး အလင်းဝင်တယ်လို့ စစ်ကောင်စီဝါဒဖြန့်

မော်လမြိုင်၊ ဇွန် ၂၀ မွန်ပြည်နယ်ရဲ့ သံဖြူဇရပ်နဲ့ကျိုက်ထိုမြို့နယ်တို့မှာ အခုရက်ပိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့ဝင် PDF ရဲဘော်သုံးဦး အလင်းဝင်လာတယ်လို့ စစ်ကောင်စီဘက်က ဝါဒဖြန့်ပါတယ်။ ဇွန် ၁၈ ရက်နေ့က သံဖြူဇရပ်အခြေစိုက် ဝဲကလိတပ်နယ်ထံ ပြစ်မှုကျုးလွန်ထားခြင်း မရှိတဲ့ PDF ရဲဘော်တစ်ဦး အလင်းဝင်လာတဲ့အတွက် မိဘအုပ်ထိန်းသူထံ ပြန်လည်လွှဲပြောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒ့ါအပြင် ဇွန် ၁၉ ရက်နေ့ကလည်း…

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် TNLA ရဲဘော် နှစ်ဦးနဲ့ အရပ်သားတစ်ဦး သေဆုံး

နောင်ချို၊ ဇွန် ၂၀ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နဲ့ မန္တလေးတိုင်း မိုးကုတ်မြို့နယ်တို့မှာ စစ်ကောင်စီတပ်ရဲ့ ဒရုန်းအပါအဝင် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် TNLA ရဲဘော် နှစ်ဦးနဲ့ အရပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။ ဇွန် ၁၉ ရက်နေ့ နေ့လည်ပိုင်းမှာ နောင်ချိုမြို့နယ်ရှိ တအာင်းတပ်မတော် TNLA တပ်စခန်းတစ်ခုကို စစ်ကောင်စီတပ်ကနေ ဒရုန်းနဲ့…

ရေဖြူတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃၀ ကျော် သေဆုံးတယ်လို့ ဒေါနစစ်ကြောင်းပြော

ရေဖြူ၊ ဇွန် ၂၀ တနင်္သာရီတိုင်း ရေဖြူမြို့နယ် မျောက်ချောကျေးရွာအနီးပတ်ဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၃၀ ကျော် သေဆုံးပြီး ဒဏ်ရာရသူအများအပြားရှိတယ်လို့ တော် လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီတိုက်ပွဲဟာ မနေ့ ဇွန် ၁၉ ရက်နေ့ မနက် ၇ နာရီအချိန်ခန့်ကနေ ညနေ ၄ နာရီအထိ အချိန်…