May 2024

AA လူ့အခွင့်အရေးချိုးဖောက်ကြောင်း NUG စာထုတ်တယ်လို့ စစ်တပ်လော်ဘီတွေ သတင်းမှားဖြန့်

အမှန်/အမှား ++++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန် ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့” ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာလူမျိုးစုတွေအပေါ် ရက္ခိုင့်တပ်တော် AA က လူ့အခွင့်အရေးချိုးဖောက်မှု၊ ရာဇဝတ်မှုကျူး လွန်ခဲ့တယ်ဆိုပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနအမည်နဲ့ ထုတ်ပြန်စာ (အတု)ကို…

စစ်အာဏာသိမ်း (၁၂၀၉) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၁၄၃) ဦးအထိရှိလာ

မော်လမြိုင်၊ မေ၂၅ AAPP ရဲ့ မေ ၂၄ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၂၀၉) ရက်အတွင်း ပြည်သူ (၅၁၄၃ ) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၇၂၈) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၂၄၆) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

တနင်္သာရီတိုင်းမှာ စားနပ်ရိက္ခာသယ်ယူခွင့် စစ်ကောင်စီပိုမိုတင်းကျပ်

တနင်္သာရီ၊ မေ ၂၅ တိုက်ပွဲတွေ ပြင်းထန်လာတဲ့ တနင်္သာရီတိုင်းရဲ့ မြို့နယ်တချို့မှာ စစ်ကောင်စီက ဆန်အပါအဝင် စား နပ်ရိက္ခာနဲ့ ဆေးဝါးသယ်ယူခွင့် ပိုမိုတင်းကျပ်လာတယ်လို့ ဒေသခံတွေနဲ့ ဒေသတွင်းအဖွဲ့အစည်းတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မြို့နယ်ပေါင်း ၁၀ မြို့နယ်ရှိတဲ့ တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ ဧပြီလကစပြီး မြိတ်နဲ့ကော့သောင်းမြို့နယ်ကလွဲလို့ ကျန်တဲ့ ၈ မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တွေကြား နှစ်ဖက်တိုက်ပွဲ…

နယ်မြေဆုံးရှုံးမှုများလာတဲ့ စစ်ကောင်စီ ရွေးကောက်ပွဲအတွက် တရွေ့ပြီးတရွေ့ခြေလှမ်းနေ

နေပြည်တော် ၊ မေ ၂၅ အာဏာသိမ်းမှုအတွင်း တစ်နိုင်ငံလုံးနီးပါးအနှံ့ထိုးစစ်တွေကြောင့် စိုးမိုးနယ်မြေများစွာ လက်လွှတ်ထားရပေမယ့် စစ်ကောင်စီ ဝါဒဖြန့်ပြောဆိုလေ့ရှိတဲ့ အန္တိမရည်မှန်းချက်ဖြစ်တဲ့ ရွေးကောက်ပွဲအ တွက် လုပ်ငန်းစဉ်တွေကိုတော့ တရွေ့ပြီးတရွေ့ ခြေလှမ်းလာနေပါတယ်။ မေ ၂၃ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်နဲ့ လူဦးရေစာရင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ကော်မရှင်အနေနဲ့ မဲစာရင်းမှန်ကန်ရေးအတွက် အဆင့်ဆင့်ဆောင်ရွက်နေတယ်လို့ ပြောသွားခဲ့ပါတယ်။…

စစ်တပ်ရွာထဲပေးမဝင်လို့ ချောင်းနှစ်ခွဒေသခံတွေ ၇ လကြာတဲ့အထိ နေရပ်မပြန်နိုင်သေး

ကျိုက်မရော၊ မေ ၂၅ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွဒေသမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားတာ မရှိတော့ပေမယ့် စစ်ကောင်စီတပ်က ရွာထဲပေးမဝင်တာကြောင့် စစ်ရှောင်ပြည်သူတွေ ၇ လကြာတဲ့အထိ နေ ရပ်မပြန်နိုင်သေးဘူးလို့ ဒေသခံတွေထံကနေ သိရပါတယ်။ ကျေးရွာထဲ ပြန်လည်နေထိုင်ခွင့်ရဖို့ ချောင်းနှစ်ခွရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ထံ ကျေးရွာလူကြီးတွေ အကြိမ်ကြိမ်သွားရောက်တောင်းဆိုပေမယ့် စစ်ကောင်စီဘက်က လက်မခံတာကြောင့် လက်ရှိအချိန်ထိ နေရပ်မပြန်ရသေးပါဘူး။ ချောင်းနှစ်ခွဒေသကို ပြီးခဲ့တဲ့နှစ်…

KNU သထုံခရိုင်ထဲ စစ်ကောင်စီတပ် နေ့စဉ်ရက်ဆက် လေယာဉ်နဲ့ ကင်းထောက်နေ

သထုံ၊ မေ ၂၅ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ အုပ်ချုပ်နယ်မြေဖြစ်တဲ့ သထုံခရိုင်ထဲကို စစ်ကောင်စီတပ်ကနေ နေ့စဉ်ရက်ဆက် လေယာဉ်နဲ့ကင်းထောက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ KNU သထုံခရိုင်တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ နှစ်ဖက်စစ်ရေး ပြန်လည်တင်းမာနေတဲ့ KNU သထုံခရိုင်ထဲကို မေ ၂၁ ရက်နေ့စကပြီး စစ်ကောင်စီတပ်ကနေ တိုက်လေယာဉ်၊ ရဟတ်ယာဉ်အပါအဝင် ကင်းထောက်လေယာဉ်တွေနဲ့ နေ့စဉ်ရက် ဆက်…

ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ မြန်မာနိုင်ငံသားများ ပတ်စ်ပို့နဲ့ပတ်သက်တဲ့ကိစ္စတွေကို ချင်းမိုင်မြို့ ကောင်စစ်ဝန်ရုံးမှာသာ ဆောင်ရွက်ရန်ညွှန်ကြား

ဘန်ကောက် မေ ၂၄ ထိုင်းနိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ ချင်းမိုင်နဲ့ ချင်းမိုင်ခရိုင်တွေမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသား ကျောင်းသူ/ကျောင်းသားတွေ၊ အလုပ်လုပ်ကိုင်နေကြသူတွေအနေနဲ့ နိုင်ငံကူးလက်မှတ်(ပတ်စ်ပို့)နဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေကို မေ ၂၇ ရက်ကစလို့ ဘန်ကောက်မြို့မှာရှိတဲ့ မြန်မာသံရုံးကလုပ်ဆောင်ပေးမှာမဟုတ်တော့ဘဲ ချင်းမိုင်မြို့က ကောင်စစ်ဝန်ရုံးမှာသာ ဆောင်ရွက်နိုင်တဲ့အကြောင်း မြန်မာသံရုံးက ကြေညာထားပါတယ်။ ထိုင်းနိုင်ငံက အဲဒီခရိုင်နှစ်ခုမှာ အာဏာသိမ်းပြီးကာလနဲ့ စစ်မှုထမ်းဥပဒေကြေညာပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံသားတွေ လာရောက်နေထိုင်မှု တစတစ…

မြန်မာ့ပြဿနာဖြေရှင်းဖို့ မရပ်မနား ကြိုးပမ်းနေတယ်လို့ ထိုင်းဝန်ကြီးချုပ် ပြော

တိုကျို ၊ မေ ၂၄ စစ်ကောင်စီနဲ့ တော်လှန်ရေးအုပ်စုတွေကြား တိုက်ခိုက်နေကြတဲ့ အိမ်နီးချင်း မြန်မာနိုင်ငံမှာ ပဋိပက္ခတွေအဆုံးသတ်ရေး ထိုင်းအစိုးရအနေနဲ့ မရပ်မနား ကြိုးပမ်းနေကြောင်း ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်က ပြောကြားပါတယ်။ ထိုင်းအစိုးရအနေနဲ့ လက်ရှိအာဆီယံဥက္ကဌ လာအို၊ အခြားအဖွဲ့ဝင်နိုင်ငံတွေနဲ့အတူ မြန်မာ့ပြဿနာ ဖြေရှင်းရေး ကြိုးပမ်းနေတယ်လို့ သာဗီဆင်က တိုကျိုမြို့မှာ မေ ၂၄ ရက်နေ့က ပြုလုပ်တဲ့…

အမေရိကန်ရဲ့ ဂြိုဟ်တုလမ်းကြောင်းမှာ ရုရှားက ဂြိုဟ်တုဖျက်လက်နက် လွှတ်တင်ထား

ဝါရှင်တန်၊ မေ ၂၄ ရုရှားက အမေရိကန်အစိုးရပိုင် ဂြိုဟ်တုတစ်လုံးရဲ့ လမ်းကြောင်းမှာ ဂြိုဟ်တုဖျက် လက်နက်ဖြစ်ဖွယ်ရှိတဲ့ အရာတစ်ခုကို လွှတ်တင်ထားတယ်လို့ အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်က ပြောကြားခဲ့ပါတယ်။ ရုရှားက အခြားဂြိုဟ်တုတွေကို တိုက်ခိုက်နိုင်တယ်လို့ ယူဆရတဲ့ အာကာသတိုက်ခိုက်ရေး လက်နက်ဖြစ်ဖွယ်ရှိတဲ့ ဂြိုဟ်တုတစ်လုံးကို ကမ္ဘာ့ဂြိုဟ်ပတ်လမ်း အနိမ့်ပိုင်းမှာ လွှတ်တင်ထားတယ်လို့ ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ လေတပ်ဗိုလ်မှူးချုပ် ပက်ရိုက်ဒါက မေ ၂၁…

စစ်အာဏာသိမ်း (၁၂၀၈) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၁၃၈) ဦးအထိရှိလာ

မော်လမြိုင်၊ မေ၂၄ AAPP ရဲ့ မေ ၂၃ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၀၈) ရက်အတွင်း ပြည်သူ (၅၁၃၈ ) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၇၂၃) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၂၄၄) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…