May 2024

မွန်ပြည်နယ်မှာ လူငယ် ၅၀ နီးပါး စစ်မှုထမ်းသင်တန်း ထပ်မံပို့ဆောင်ခံရ

မော်လမြိုင် ၊ မေ ၅ မွန်ပြည်နယ်မှာ စစ်ကောင်စီ အတင်းအဓမ္မ စစ်သားစုဆောင်းထားတဲ့ လူငယ် ၅၀ နီးပါးကို စစ်သင် တန်းပေးရာ သံဖြူဇရပ်တပ်နယ်သို့ ထပ်မံပို့ဆောင်လိုက်တယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူတွေထံက သိရပါတယ်။ မော်လမြိုင်မြို့ အရှေ့တောင်တိုင်း စစ်ဌာနချုပ်အနီးရှိ အမှတ် (၆) ပညာရေးကျောင်း (တပ်မတော်ကြည်း)မှာ စစ်သားစုဆောင်းထားတဲ့ အဲဒီလူငယ်တွေကို မေ ၃ ရက်နေ့က သံဖြူဇရပ်မြို့နယ်ရှိ…

အမေရိကန်၊ သြစတြေးလျ၊ ဂျပန်နဲ့ ဖိလစ်ပိုင်တို့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ ကတိပြု

ဟိုနိုလူလူ၊ မေ ၅ အမေရိကန်၊ သြစတြေးလျ၊ ဂျပန်နဲ့ ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီးတွေက ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းအောင် တိုးမြှင့်ဆောင်ရွက်ကြဖို့ ကတိပြုခဲ့ကြတယ်လို့ သိရပါတယ်။ ဒီလိုကတိပြုမှုကို တောင်တရုတ်ပင်လယ်မှာ တရုတ်ရဲ့လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ထွက်ပေါ် နေချိန် ဟာဝိုင်ယီမှာ မေ ၂ရက်က ဒုတိယမြောက် တွေ့ဆုံမှုအတွင်း လုပ်ဆောင်ခဲ့ကြတာပါ။ အရှေ့တောင်အာရှ နိုင်ငံအချို့နဲ့ ဘေဂျင်းကြား အငြင်းပွားနေတဲ့…

ကျိုက်မရောမှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်

ကျိုက်မရော၊ မေ ၅ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကော့ပနောနဲ့ကော့ဒွန်းကျေးရွာတို့ကို မေ ၄ ရက်နေ့ မနက် ၈ နာရီအချိန့်မှာ စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ လေကြောင်းအသုံးပြု တိုက်ခိုက်သွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်က တက်လာတဲ့ စစ်ရဟတ်ယာဉ်တစ်စီးဟာ ကော့ပနောနဲ့ ကော့ဒွန်းကျေးရွာတို့မှာ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်လှုပ်ရှားနေတယ်ဆိုတဲ့ သတင်းအရ စစ်သေနတ်တွေနဲ့ လာရောက်တိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီရဲ့…

စစ်ကောင်စီအကျဉ်းထောင်တွေမှာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု ပိုမိုများပြားလာတယ်လို့ PPNM ပြော

မော်လမြိုင်၊ မေ ၄ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ အကျဉ်းထောင်တွေထဲမှာ လိင်စိတ်ခံယူမှု ကွဲပြားပြီး အကျဉ်းသားတွေဖြစ်တဲ့ LGBTQ+ တွေဟာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေကို လတိုင်းနီးပါး ရင်ဆိုင်ကြုံတွေ့ နေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံက သိရပါတယ်။ အကျဉ်းထောင်တွေမှာ မတရားဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ လိင်စိတ်ခံယူမှု ကွဲပြားသူ LGBTQ+ တွေ များစွာရှိနေပြီး အကျဉ်းထောင်အာဏာပိုင်တွေရဲ့…

ကုလားဂုတ်ကျွန်းတိုက်ပွဲ စစ်ကူလာတဲ့ စစ်ကောင်စီကားသုံးစီး မီးရှို့ဖျက်ဆီးခံရ

ရေး၊ မေ ၄ မွန်ပြည်နယ် ရေးမြို့နယ် ကုလားဂုတ်ကျွန်းတိုက်ပွဲအတွင်း စစ်ကူလာတဲ့ စစ်ကောင်စီကားသုံးစီးကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ဒေသခံတွေရဲ့ ပြောပြ ချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ မေ ၂ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်က ကုလားဂုတ်ကျွန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီရေ တပ်စခန်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ရာကနေ မေ ၃ ရက်နေ့…

မုပ္ပလင်ဂိတ်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံး

ကျိုက်ထို၊ မေ ၄ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မုပ္ပလင်လမ်းဆုံ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF က မေ ၅ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ မုပ္ပလင်ဂိတ်ကို ပြီးခဲ့တဲ့ မေ ၁ ရက်နေ့မှာ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA အပါအဝင် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက…

တောင်စွန်းစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် သေဆုံး၊ တပ်ရင်းမှူးအပါအဝင် ၁၃ ဦး ထွက်ပြေး

ကြာအင်းဆိပ်ကြီး၊ မေ ၃ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ တောင်စွန်းစစ်စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် သေဆုံးခဲ့ကာ တပ်ရင်းမှူးအပါ ၁၃ ဦး ထွက်ပြေးသွားခဲ့တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF က ဒီကနေ့ မေ ၃ ရက်နေ့မှာ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ ကြာအင်းဆိပ်ကြီးမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ ၂၈၄ အခြေစိုက်…

စစ်အာဏာသိမ်း (၁၁၈၈) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၉၆၂) ဦးအထိရှိလာ

မော်လမြိုင်၊ မေ ၄ AAPP ရဲ့ မေ ၃ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၁၈၈) ရက်အတွင်း ပြည်သူ (၄၉၆၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၆၂၀) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၂၁၅) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

အမျိုးသားတွေ ပြည်ပထွက်အလုပ်လုပ်ခွင့် ရပ်ဆိုင်းမှု ဘယ်လိုရိုက်ခတ်မှုရှိလာနိုင်မလဲ

မော်လမြိုင်၊ မေ ၄ စစ်မှုထမ်း အပတ်စဉ် ၂ အတွက် သင်တန်းသားစာရင်းကောက်ယူဖို့ ကြိုးပမ်းနေချိန်မှာပဲ ပြည်တွင်းမှာရှိတဲ့ အမျိုးသားတွေကို တရားဝင်ပြည်ပထွက် အလုပ်လုပ်ကိုင်ခွင့် ယာယီရပ်ဆိုင်းလိုက်တယ်လို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြောလာပါတယ်။ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းက ဧပြီလကုန်အထိ နားလည်မှုစာချွန်လွှာ MOU နဲ့ ပြည်ပထွက်အလုပ်လုပ်ခွင့် တင်ထားတဲ့ အမျိုးသားစာရင်းတွေ မပါပေမယ့် မေ ၁…

ရေးမြို့နယ် ကုလားကုတ်ကျွန်းရှိ စစ်ကောင်စီရေတပ်စခန်း စီးနင်းတိုက်ခိုက်ခံရ

ရေး၊ မေ ၄ မွန်ပြည်နယ် ရေးမြို့နယ် ကုလားဂုတ်ကျွန်းရှိ စစ်ကောင်စီရေတပ်စခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က လေယာဉ်နဲ့အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသ ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ အဲဒီရေတပ်စခန်းကို မေ ၂ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်မှာ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တဲ့အတွက် မေ ၃ ရက်နေ့ မနက်ပိုင်းအထိ…