May 2024

ကုလားဂုတ်ကျွန်းမှာ စက်လှေတွေ ဖြတ်သန်းသွားခွင့် စစ်ကောင်စီ ကန့်သတ်ထားဆဲ

ရေး ၊ မေ ၂၂ မွန်ပြည်နယ် ရေးမြို့နယ်အတွင်း ထိတွေ့တိုက်ပွဲတွေ ငြိမ်သက်နေပေမယ့် စစ်ကောင်စီကတော့ ကုလားဂုတ်ကျွန်းမှာ စက်လှေတွေကို ဖြတ်သန်းသွားလာခွင့် ဆက်လက်ကန့်သတ်ထားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ မေလဆန်းတုန်းက ကုလားဂုတ်ကျွန်းရှိ စစ်ကောင်စီတပ်စခန်းကို လက်နက်ကိုင်တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့ တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တာပါ။ အဲဒီတိုက်ပွဲဖြစ်ပွားပြီးနောက် ကုလားဂုတ်ကျွန်းပေါ်ရှိ စက်လှေတွေအားလုံးကို စစ်ကောင်စီတပ်က ပင်လယ်ထဲ ဖြတ်သန်းသွားလာခွင့် ကန့်သတ်လိုက်ပြီး…

ထားဝယ်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံး

ထားဝယ်၊ မေ ၂၂ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာရှိ စစ်ကောင်စီရဲ့ ဘုရားမဲစစ်ဆေးရေးဂိတ် ဝင် ရောက်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးခဲ့တယ်လို့ ဗထူးတပ်မတော်ထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ မေ ၁၉ ရက် နေ့လည် ၂ နာရီခွဲအချိန်ခန့်မှာ အင်အား ၃၀ ဝန်းကျင် တပ်စွဲထားတဲ့ ဘုရားမဲစစ်ဆေးရေးဂိတ်ကို ဗထူးတပ်မတော်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း…

ထိုင်း-မြန်မာနယ်စပ်က ဖူချိမူတပ်စခန်းကို KNLA/PDF သိမ်းပိုက်

ကြာအင်းဆိပ်ကြီး၊ မေ ၂၁ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ထိုင်း-မြန်မာနယ်စပ်အနီး နောက်ဆုံးကျန်ရှိတဲ့ စစ်ကောင်စီတပ်စခန်းဖြစ်တဲ့ ဖူချိမူတပ်စခန်းကို KNLA PDF ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ အများအပြား လက်နက်ချအညံ့ခံခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကနေ သိရပါတယ်။ စစ်ကောင်စီရဲ့ ဖူချိမူတပ်စခန်းကို KNLA တော်လှန်ရေးပူးပေါင်းတပ်တို့က လအတန်အကြာ ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ မေ ၁၉ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စခန်းကနေ စွန့်ခွာထွက်ပြေးသွားခဲ့အတွက်…

သုဝဏ္ဏဘူမိလေဆိပ်မှာ စင်ကာပူလေကြောင်းလိုင်းမှ လေယာဉ်တစ်စီးအရေးပေါ် ဆင်းသက်ခဲ့ရ၊ တစ်ဦးသေဆုံး ၃၀ ဒဏ်ရာရ

ဘန်ကောက် မေ ၂၁ လန်ဒန်မြို့ကနေ စင်ကာပူမြို့သို့ ပျံသန်းနေတဲ့ စင်ကာပူလေကြောင်းလိုင်းက လေယာဉ်တစ်စင်းဟာ လေထန်မှုကြောင့် ဒီနေ့ မေ ၂၁ ရက် မွန်းလွဲပိုင်းအချိန် သုဝဏ္ဏဘူမိလေဆိပ်မှာ အရေးပေါ် ဆင်းသက်ခဲ့ရတယ်လို့ သိရပါတယ်။ အဲဒီဖြစ်စဉ်မှာ ခရီးသည်တစ်ဦး သေဆုံးပြီးတော့ တခြားလူ ၃၀ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ “ဘိုးရင်း ၇၇၇- ၃၀၀ အီးအာလေယာဉ်ပေါ်မှာ လူတစ်ဦးသေဆုံးပြီး…

သထုံမှာလက်နက်ကြီးကျလို့ ကလေးတစ်ဦးအပါအဝင် အရပ်သားသုံးဦး ဒဏ်ရာရ

သထုံ ၊ မေ ၂၁ မွန်ပြည်နယ် သထုံမြို့နယ် ဝီယော်ကျေးရွာအုပ်စုထဲ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၄ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အရပ်သားသုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ မေ ၁၈ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်မှာ စစ်ကောင်စီရဲ့ သထုံအခြေစိုက် အမှတ် ၉…

ရခိုင်ပြည်နယ်တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာကို အမြန်ဆုံးပြောင်းရွှေ့ကြဖို့ AA သတိပေး

ဘူးသီးတောင်၊ မေ ၂၁ ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ တောင်ပိုင်းက မြို့နယ်တွေမှာ တိုက်ပွဲတွေ ပြင်းထန်လာနိုင်တာကြောင့် ဒေသခံပြည်သူတွေအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ လုံခြုံရေးအတွက် ဘေးလွတ်ရာကို အမြန်ဆုံး ပြောင်းရွှေ့ထားကြဖို့ ရက္ခိုင့်တပ်တော် AA က မေ ၂၀ ရက်နေ့မှာ သတိပေးထုတ်ပြန်ပါတယ်။ ရခိုင်ဒေသက ဘူးသီးတောင်၊ မောင်တောနဲ့ သံတွဲမြို့နယ်တွေမှာ စစ်ကောင်စီက လေကြောင်း၊ ရေ ကြောင်း၊…

မော်လမြိုင်-ရန်ကုန်ရထားလမ်းပေါ်က တံတားတစ်စင်းမိုင်းခွဲခံရ

သထုံ၊ မေ ၂၁ မွန်ပြည်နယ် သထုံမြို့နယ် မော်လမြိုင်-ရန်ကုန်ရထားလမ်းပေါ်က တံတားတစ်စင်းဟာ မနေ့ မေ ၂၀ ရက်နေ့ ည ၈ နာရီအချိန်ခန့်မှာ မိုင်းခွဲခံလိုက်ရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ သထုံမြို့နယ် ကလိကျွန်းရွာ နဲ့ ကျွန်းချောင်းရွာကြား ရထားလမ်း တံတားအမှတ် ၇၈ ကို လက်နက် ကိုင်အဖွဲ့ တစ်ခုက မိုင်းထောင်ဖောက်ခွဲခဲ့တဲ့အတွက်…

ကင်ဂျုံအန်ကို ချီးကျူးဂုဏ်ပြုထားတဲ့ ဝါဒဖြန့်ဗီဒီယို တောင်ကိုရီးယား တားမြစ်

ဆိုးလ်၊ မေ ၂၁ မြောက်ကိုရီးယားခေါင်ဆောင်း ကင်ဂျုံအန်ကို ချစ်ခင်တတ်တဲ့ ဖခင်ကြီးနဲ့ ကြီးမြတ်တဲ့ ခေါင်းဆောင်အဖြစ် ချီးကျူးအမွှန်းတင်ထားတဲ့ ဝါဒဖြန့်ဗီဒီယိုဖိုင်ကို တားမြစ်ကြောင်း တောင်ကိုရီးယား မီဒီယာစည်းကြပ်ရေးအဖွဲ့က မေ ၂၀ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ တောင်ကိုရီးယား အမျိုးသားလုံခြုံရေး အက်ဥပဒေအရ ကင်ဂျုံအန်ကို ချီးကျူးဂုဏ်ပြုထားတဲ့ အဲ့ဒီဗီဒီယိုကို တားမြစ်တာ ဖြစ်ပြီး မီဒီယာတွေအနေနဲ့လည်း ဖော်ပြခွင့်မရှိဘူးလို့ ဆိုပါတယ်။ ၁၉၅၀-၁၉၅၃…

ICC က ဖမ်းဆီးဖို့ ကြိုးပမ်းမှုကို အစ္စရေးဝန်ကြီးချုပ် ဒေါသတကြီး ပြစ်တင်ရှုတ်ချ

ဂျေရုစလင်၊ မေ ၂၁ ဂါဇာစစ်ပွဲမှာ စစ်ရာဇဝတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ နိုင်ငံတကာရာဇဝတ်မှုတရားရုံး ICC က ဟားမာ့စ် ခေါင်းဆောင်တွေနဲ့အတူ သူ့ကို ဖမ်းဆီးဖို့ ကြိုးပမ်းမှုအပေါ် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ဒေါသတကြီး ပြစ်တင် ရှုတ်ချလိုက်ပါတယ်။ ဒီမိုကရေစီစနစ် ကျင့်သုံးနေတဲ့ အစ္စရေးကို လူတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်သူတွေနဲ့ နှိုင်းယှဉ်လိုက်တာက စက်ဆုပ်စရာကောင်းတယ်လို့…

စစ်အာဏာသိမ်း (၁၂၀၅) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၁၀၇) ဦးအထိရှိလာ

မော်လမြိုင်၊ မေ၂၁ AAPP ရဲ့ မေ ၂၀ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၀၅) ရက်အတွင်း ပြည်သူ (၅၁၀၇ ) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၇၀၀) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၂၂၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…